Wednesday 30 October 2013

Alternative Parliament အကြောင်းဆွေးနွေးပွဲ ၊ စိတ်ဝင်စားသူမည်သူမဆိုတက်ေ၇ာက်နိုင်ပါသည်။


Alternative Parliament


Alternative Parliament ဆိုတာဘာလဲ ။Alternative Parliament ဆိုတာနိင်ငံသားတွေနဲ့စုပေါင်းဖွဲ့ စည်းထားတဲ့အဖွဲ့ ကိုခေါ်တာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်
နိင်ငံသားများ အစည်းဝေး ကြီး (Citizens Assembly)တခု ဖြစ်ပါတယ်။

သူတို့  က ဘာလုပ်မှာလဲ ?
သူတို့ ကအစိုးရအနေနဲ့  ပေါ်လစီတွေကို
ထိထိရောက်ရောက်ချမှတ်နိင်အောင် ကူညီဖြေရှင်းပေးခြင်းဖြစ်တယ်။

ပါလီမန်တခုလိုပဲနိင်ငံသားတွေတက်ရောက်ဆွေးနွေးကြတယ်။
အဖြေရှာကြတယ်။ ပူးပေါင်းဆောင်ရွက်ကြတယ်။ ဒီမိုကရေစီစနစ်ကိုလေ့ကျင့်ကြတဲ့နေရာဖြစ်လာမယ်။

တနည်းအားဖြင့်ပြောရရင် ပေါ်လစီဆိုင်ရာတွေကိုအကြံပေးတယ်။
ဥပဒေအရနိင်ငံသားတွေကိုထိထိရောက်ရောက် ကာကွယ်မှုပေးနိင်အောင်စီမံကြတယ်။
ပါလီမန်လိုပဲနိင်ငံသားတွေတက်ရောက် ဆွေးနွေးကြတယ်။

ဒါဟာ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေကြားမှာလိုအပ်နေတဲ့ အရာတခုဖြစ်တယ်။ ပါလီမန်ပြင်ပလှုပ်ရှားမှုရဲ့ နိင်ငံရေးဆုံချက် ဖြစ် ပါ တယ်။

လူတိုင်းပါဝင်နိင်တယ်။
လူတိုင်းခေါင်းဆောင်ဖြစ်နိင်တယ်။
လူတိုင်းပါလီမန်အမတ်ဖြစ်နိင်တယ်။
လူတိုင်းသမတ၊ လူတိုင်း ၀န်ကြီး ဖြစ်နိင်ပါတယ်။
ဒီနေရာကအရည်အသွေးရှိ တဲ့ နိင်ငံရေးခေါင်းဆောင်တွေနဲ့  ပါလီမန်အမတ်တွေကိုမွေးထုတ်ပေးနဲ့ နေရာဖြစ်လာမယ်။


ဒီအကြောင်းကိုဆွေးနွေးမဲ့သူကတော့ ကိုမိုးသီးဇွန် ဖြစ်ပါတယ်။ ကိုမိုးသီးဇွန် ဆိုတာအထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။
သူဟာ ၈၈ မျိုးဆက်။
ဒီမိုကရေစီလှုပ်ရှားမှုကြီးထဲကပေါက်ပွားလာသူ။
သူဟာဗကသခေါင်းဆောင် ။ သူဟာလူဘောင်သစ်ပါတီကိုတည်ထောင်ခဲ့သူဖြစ်တယ်။
ကျောင်းသားတပ်မတော်ကိုဦးဆောင်ခဲ့သူ။

နှစ်ပေါင်း ၂၅ နစ်နီးပါး ပြည်ပမှာဒီမိုကရေစီရေးကြိုးပန်းဆောင်ရွက်ခဲ့သူတဦးဖြစ်ပါတယ်။
သူက Alternative Parliament အကြောင်းကိုဟောပြောမယ်။
သူကရန်ကုန်တက္ကသိုလ် (ရူပဗေဒအထူးပြုဘာသာရပ်) နဲ့ ကိုလံဘီယာတက္ကသိုလ် ( နယူးယောက်မြို့ )၊ နိင်ငံတကာဆက်ဆံရေးမဟာတန်းမှာလေ့လာဆည်းပူးခဲ့သူတဦးလည်းဖြစ်ပါတယ်။
စိတ်ပါဝင်စားသူတိုင်း လာရောက်နားထောင်နိင်ပါတယ်။

နေရာ - တော်ဝင်နှင်းဆီ

1 comment :

Anonymous said...

This is really deadly poison for the myanmar society. very sad indeed.