Sunday 6 October 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပက်သက်ပြီး သုံးသပ်ဆွေးနွေးချက်များ

 
Golden Moon ရုပ်မြင်သံကြား အစီအစဉ် ကို Comcast Channel 57 နှင့် Verizon Channel 27 ရုပ်မြင်သံကြားလိုင်းများကနေ အပတ်စဉ်ထုတ်လွှင့်နေပါတယ်။ 

ဒီ အပတ် အစီအစဉ် မှာ မြန်မာနိုင်ငံ အတွင်း တပ်မတော်အစိုးရ အလိုကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပက်သက်ပြီး သုံးသပ်ဆွေးနွေးတင်ပြထားပါတယ်။ ဒီနေ့ စကားဝိုင်းအစီအစဉ်မှာ တပ်မတော်အစိုးရ အလိုကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ မြန်မာနိုင်ငံ အသွင်းကူးပြောင်းရေး မှာ အဓိက အဟန့်အတားဖြစ်နေတာကြောင့်၊ နိုင်ငံရေး အင်းအားစုများ အားလုံးပါဝင်မှုရှိရန် နှင့် ပြည်သူ က ပြည်သူ့ကိုယ်စလှယ်များကို လွတ်လပ်စွာ ကိုယ်တိုင် တင်မြောက်ရွေးချယ်ပိုင် ခွင့်ရှိအောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ဖြည့်စွက်မှုတွေပြုလုပ် မလား၊ ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အသစ်ပြန်လည်ရေးဆွဲသင့်သလား ဆိုတာတွေ ကို လေ့လာ သုံးသပ်ဆွေးနွေးထားပါတယ်။ 

 “လူထု မပြောနဲ့၊ ကျနော်တို့တောင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို သေသေချာချာမသိဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြန်လည်လေ့လာနေရဆဲပါ။” လို့ ပြောဆိုခဲ့တဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦရွှေမန်း ဦးဆောင်တဲ့ ကြံဖွတ်ပါတီ မှ ပါတီအကြီးအကဲတွေရဲ့ အောက် မှာ နိုင်ငံရေး အင်းအားစုများ အားလုံးပါဝင်မှုရှိရန် နှင့် ပြည်သူ က လွတ်လပ်စွာ တင်မြောက်ရွေးချယ် ပိုင် ခွင့်ရှိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ် ပေါ်ပေါက်လာနိုင်ဖို့ ကတော့ ဖြစ်လားမှာ မဟုတ်ဘူးလို့ ဝေဖန်သုံသပ်တင်ပြဆွေးနွေးသွားခဲ့ကြတယ်။

 နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နှင့် ဒီမိုကရေစီ အသွင်းကူးပြောင်းရေး ကို တပ်မတော် အစိုးရ အလိုကျ တဖတ်သက် ဆက်လက်ပြုလုပ်နေမှာလား၊ ဒါမှမဟုတ် နိုင်ငံရေးအင်းအားစု အားလုံး ပါဝင် မည့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ၊နှင့် ဒီမိုကရေစီ အသွင်းကူးပြောင်းရေး ကို သွားမှာလားဆိုတာ ကတော့ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦရွှေမန်း အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်လို့  ဒီအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။

6 comments :

Anonymous said...

-နိုင်ငံတွင် အပြောင်းအလဲသည် ပြည်သူလူထုက အုံကြွပြီး ပြောင်းလဲမှု့ဖြစ်နိုင်သလို သွေးထွက်သံယိုမှု့မရှိဘဲ အုပ်စိုးသူလူတန်းစား ပြောင်းလဲမှု့ ရပ်၍ ပြောင်းလဲမှု့လဲရှိသည်။

ဥပမာ-တရုတ်,Vietnamကွန်မြူနစ် အစိုးရ၏ စီးပွါးရေးပြောင်းလဲမှု့၊ ဂျပန်ဘုရင် မေဂျီ၏ ပြုပြင်ပြောင်းလဲမှု့၊ ထိုင်းဘုရင် ချုလာလောင်ဂေါင်၏ ပြောင်းလဲမှု့၊ ဦးနေ၀င်း၏ မအောင်မြင်သော တပါတီမှ ပါတီစုံသို့ပြောင်းလဲမှု့၊ သက်ဦးဆံပိုင် ဘုရင်စနစ်မှ ဘုရင်ကိုယ်တိုင် စည်းမျဉ်းခံ ဘုရင်စနစ်သို့ပြောင်းလဲမှု့စသည်တို့ဖြစ်သည်။
သို့သော်လည်း ထိုသို့ အုပ်စိုးသူလူတန်းစားက ပြုလုပ်သောပြောင်းလဲမှု့သည် သွေးထွက်သံယို မရှိသော်လည်း သူတို့ရပ်တည်မှု့ရရှိရေး အတွက် အမြဲတမ်းထွက်ပေါက် တကွက်ထား ရှိလေသည်။

(vietnam and တရုတ်ပြည်ကြီးသည် ပြောင်းလဲမှု့ကြောင့် ချမ်းသာ လာသော်လည်း ကွန်မြူနစ် အစိုးရ ဆက်လက်ရပ် တည်နေခြင်း၊ ဂျပန်ဘုရင်မေဂျီကြောင့် အနောက်နိုင်ငံများနှင့် တန်းတူရင်ဘောင်တန်း လာနိုင်သော်လည်း ဘုရင်စနစ် ဆက်လက် ရှိနေခြင်း။) ရာနှုန်းပြည့်ပြောင်းလဲမှု့ မရှိစေကာမူ တိုင်းပြည်အတွက်မည်မျှအကျိုးရှိ၊ ကောင်းကျိုး၊ဆိုးကျိုးတို့ကို လေ့လာပြီး လောလောဆယ်လက်ခံသင့်လျှင် လက်ခံရမည်ဖြစ်ပါသည်။

-ထိုသို့မဟုတ်ဘဲ လုံးဝရာခိုင်နှုန်းပြည့်ပြောင်းလဲမှု့ကိုလိုလားလျှင် ပေးဆပ်ရင်းနှီးရမှု့ကြီးမားပြီး ဆုံးရှုံးမှု့လည်း ဖြစ်နိုင်ပြီး အုပ်စိုးသူလူတန်းစားကလည်း သူတို့ရပ်တည်မှု့ အတွက်ပြန်လည်ရင်ဆိုင်ပြီး ဖိနှိပ်သော အုပ်စိုးသူလူတန်းစား အဖြစ်သို့ ပြန်လည်ရောက်ရှိ သွားနိုင်သလို တိုင်းပြည်သည် လည်း ဒုံရင်း ဘက်သို့ ပြန်ဖြစ်သွားနိုင်ပါသည်။

ဥပမာ-Vietnam and တရုတ်ပြည်တွင် လုံးဝကွန်မြူနစ်အစိုးရကို ဖြုတ်ကျလိုခြင်း
Daw Su,Do u know what u r doing now?Its very danger for country.u r thinking just for president.

Anonymous said...

Even the NLD win at 2015,Saw Su cant be president because of the law but other NLD men will have chance to became president and second president.But Daw Su doesnt want them to be president.She wants to be president.She is selfish and power crazy.She must know that NLD is not for her.

Anonymous said...

British has no written constitution why would we need Garbage that nobody even bother to read it. Trash It!

Anonymous said...

အချို့က ပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တဲ့။ NLD ပါတီကြီးတာင် ဒေါ်စု မရှိတဲ့နောက်ပိုင်း ဆက်လက်ရှင်သန် ရပ်တည်နိုင်ပါ့မလား ဆိုပဲ။

တကယ်တော့ ဒီနေ့အခြေအနေတွေက ပြောင်းပြန်ဖြစ်ရပ်ကို ပြသနေတာဖြစ်တယ်။ NLD ကနေ ပဲ့ထွက်လာတဲ့ ဒေါက်တာသန်းညိမ်းတို NDF နဲ့ ဦးသိန်းညွန့်တို့ရဲ့ ပါတီသစ်တွေဟာ NLD ကိုယ်စားလှယ်တွေထက်တောင် လွှတ်တော်ထဲမှာ ပြောရဲဆိုရဲ ရှိလာကြတယ်၊ တကယ်တော့ အဲဒီပါတီက ခေါင်းဆောင်တွေဟာ အခုမှ နေ့ချင်းညချင်း အရည်အချင်းတွေ ရှိလာကြတာမဟုတ်ကြဘူး။ အရင် NLD အထင်ကရ ခေါင်းဆောင်တွေဘ၀ မှာကထည်းကလည်း အလားအလာရှိကြသူတွေပဲ။ ခက်တာက ဟိုမှာတုန်းက ဒေါ်စု အမိန့်ရမှ ခမျာများမှာ လုပ်ခွင့်ကိုင်ခွင့် ရကြတာမဟုတ်လား။
လက်ရှိ NLD မှာလည်း သူတို့လို လုပ်တတ်ကိုင်တတ်ကြသူတွေ ရှိမှာပါ။ လောင်းရိပ်မလွတ်လို့သာ ကုပ်နေကြရတာ။
ထူးဆန်းတာက အရင်က NLD လက်အောက်ခံ မဟုတ်သေးတဲ့ ဒေါက်တာမြတ်ဥာဏစိုး ဟာ လွှတ်တော်ထဲမှာ တော်တော်ကျယ်ကျယ် လောင်လောင် ပြောရဲတဲ့သူ။ ဦးသိန်းစိန်ရဲ့ ၀န်ကြီးစာရင်းကိုတောင် ကန့်ကွက်ရဲတာလေ။ အခုများတော့ ရင်ဘတ်မှာ ခွပ်ဒေါင်းတံဆိပ် ကပ်လိုက်ကထည်းက နှုတ်ဆိတ်သွားလိုက်တာ ရှိမှန်းတောင် မသိရတော့ဘူး။

ဆိုတော့ကာ နိုင်ငံရေးသမားတွေ အာစေးကပ်ပြီး ငြိမ်းကုပ်သွားရတာရဲ့ တရားခံအစစ်ဟာ ဒေါ်စုလောင်းရိပ်သာ ဖြစ်တယ်ဆိုတာ ပေါ်လွင်နေပြီ။

သူ့လောင်းရိပ်အောက်က လွတ်မြောက်ခွင့်ရလာတဲ့ သူတွေဟာ
၁။ အရာရာမှာ အစိုးရကို ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုတဲ့ အပေါစားအလွယ်တကူ အတိုက်အခံဝါဒကို စွန့်လွှတ်လာတယ်။
၂။ ပြည်သူလူထုအတွက် တကယ်အကျိုးရှိမယ်လို့ ထင်တဲ့ဟာတွေကို ကျရင်တော့ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ ရဲရဲဝံ့ဝံ့ တင်ပြလာတယ်။ သူတို့တင်ပြချက်ကြောင့် ပြည်သူတွေ အကျိုးခံစားခွင့် အတန်အသင့်လည်း ရလာကြတယ်။
၃။ သူတို့တင်ပြချက်တွေထဲမှာ လက်တွေ့မကျတာ မဖြစ်နိုင်တာတွေရှိလို့ ပြည်ထောင်စု အဖွဲ့ဝင်တွေက တရားနည်းလမ်းတကျ ပြန်ရှင်းပြရင်လည်း ကျေကျေနပ်နပ် မှတ်သားခံယူတယ်။ အလကား ရှက်ရမ်းရမ်းပြီး ပြည်သူလူထုရဲ့ သဘောထားကို နယ်တွေဆင်း ခံယူမယ်တို့ဘာတို့ ဆိုပြီး ကွန်မြူနစ်နည်းတွေနဲ့ အစိုးရကို အကြပ်ကိုင်တာမျိုးမလုပ်တဲ့ ဂုဏ်သရေရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်လာကြတယ်။

Anonymous said...

When Daw Su said second Pinglon,they shout second pinglon.Then,when she shut off her mouth,they silence.Now,she shout Constitution,they follow Constitution.I believe if her mouth shutoff,whey will shut their mouth too.Why?

Anonymous said...

A very good discussion. Not only Htay Oo, but also Thura Shwe Man said he did not know about Federal before he came back from the US. It is funny and shameful that a Parliament Speaker has no knowledge of political concept.