Friday 14 February 2014

နယ်လှည့် ပါးရိုက် မည့် ဦးသိန်းစိန် အစိုးရ ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ



ပြည်ထောင်စု ၀န်ကြီး အဆင့် ဆိုတာ ဟာ နိုင်ငံတနိုင်ငံ မှာ အစိုးရ အဖွဲ့ ရဲ့ အထူး သံတမန်တွေ လို့ ပြောလို့ ရပါတယ်။ ၀န်ကြီးတဦးရဲ့ ပြောဆိုချက်တွေ ဟာ အစိုးရ ရဲ့ ရပ်တည်ချက်၊ ပေါ်လစီ၊မူဝါဒ၊ အကောင်အထည်ဖော်မှု တွေ ကို မီးမောင်းထိုး ထင်ဟပ်စေတယ်။ ၀န်ကြီးတဦးရဲ့ လူထု ရှေ့မှောက်မှာ ပြောဆိုချက်တွေ ဟာ အစိုးရ အဖွဲ့ နဲ့ မသက်ဆိုင်ပါဘူးဆိုရင်တော့၊ ဒီ ၀န်ကြီးဟာ ဒီ အစိုးရ နဲ့ သက်ဆိုင်စရာ အကြောင်းမရှိတော့ပါ။ ဒါဟာ အစိုးရ တရပ်ရဲ့ ဘယ်လောက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိခြင်း ဆိုတဲ့ အတိုင်းအတာ ကို ဖော်ပြခြင်းပါပဲ။

လူ ထု နှင့် မီဒီယာ အပေါ် နယ်လှည့် ပါးရိုက်မယ်လို့ ပြောဆိုခဲ့ တဲ့ ဦးသိန်းစိန် အစိုးရ ရဲ့ အထူး သံတမန်ကြီး ၀န်ကြီးဦးအုန်းမြင့် ရဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်ချက်၊ ခံယူချက်တွေ အပေါ် မဆွေးနွေး လိုပေမဲ့ ၊ လူထု အပေါ် မမှန်ကန်တဲ့ ပြောဆိုချက် တွေ၊ မှားယွင်းတဲ့ အချက် အလက်တွေကို တော့ လူထု သိအောင် ပြန်လည်ဆွေးနွေး သင့်တယ်လို့ ယူဆတယ်။

ဥပမာ- ဒီနေ့ မြန်မာနိုင်ငံ ကြွေးမှီ တင်ရှိတဲ့  အာရှ၊ ဥရောပ နိုင်ငံတကာ အစိုးရ တော်တော် များများ နှင့် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေ ဟာ မြန်မာနိုင်ငံ အပေါ် ဒေါ်လာ ဘီလီယံနဲ့ ချီ ကြွေးမှီ လျော်ပေး နေတာ တွေ့ရတယ်။ ၀န်ကြီးဦးအုန်းမြင့် ရဲ့ နိုင်ငံတကာ အပေါ် ထင်မြင်ယူဆချက်၊ စွပ်စွဲချက်တွေ ဟာ ကြွေးမှီလျော်ပေးနေတဲ့ နိုင်ငံတကာ အစိုးရတွေနှင့် နိုင်ငံတကာ အဖွဲ့ အစည်းတွေ ကို စော်ကားတဲ့ လုပ်ရဲ့ ဖြစ်နေတယ်လို့ ပြောချင်တယ်။ လူထု အပေါ် မှားယွင်းတဲ့ အချက်အလက် တွေ ကို လိမ်လည် ပြောဆိုခဲ့တာသာ ဖြစ်တယ်။

ဝန်ကြီးဦးအုန်းမြင့် လို သံတမန်ဆက်ဆံရေး၊ လူထု ဆက်ဆံရေး အရည်အချင်း မပြည့်မှီတဲ့ ပြည်ထောင်စု အဆင့် ၀န်ကြီးများ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ မှာ ဒုနဲ့ ဒေးပါ။ သံတမန်ဆက်ဆံရေး၊ လူထု ဆက်ဆံရေး ညံ့ဖျင်းတဲ့ လူတွေ ဟာ ယနေ့ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ မှာ ပြည်ထောင်ဝန်ကြီး အဆင့် ရယူထားသူတွေဖြစ်နေတယ်။ နိုင်ငံတော် ရာထူးကြီးများ ခန့် အပ်ထားခြင်း ခံထားရသူတွေဖြစ်နေတယ်။

အာဏာရှင်တွေ အောက်မှာ ခေါက်ရိုးကျိုခဲ့ ရတဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေ ယနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကို လုပ်နေပါပြီလို့ ပြောနေပေမဲ့ ၊ ဆိုက်ကားသမား၊ တရားသူကြီးတက်လုပ်ခဲ့ တဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် နဲ့ ဘာကွာခြားမှု ရှိသေးလဲ ဆိုတာ သမ္မတ ဦးသိန်းစိန် အစိုးရ အပေါ် မေးခွန်း ထုတ်စရာဖြစ်နေသလို၊ မိမိ ဦးဆောင်နေသည့် ခေါက်ရိုးကျိုး အစိုးရ အဖွဲ့ဝင်တွေ ရဲ့ လုပ်ရပ်တွေ ကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ရင်၊ တိုင်းပြည် အတွက် ဒီမိုကရေစီရေး လမ်းကြောင်း ကို ပြောင်းလဲဖို့ က တော့ လူထု က သံသယ ရှိစွာ မေးခွန်းထုတ်စရာဖြစ်နေမှာ တော့ အမှန်ပါပဲ။

လူ ထု နှင့် မီဒီယာ အပေါ် နယ်လှည့် ပါးရိုက်မယ်လို့ ပြောဆိုခဲ့ တဲ့ ဦးသိန်းစိန် အစိုးရ ရဲ့ အထူး သံတမန်ကြီး ၀န်ကြီးဦးအုန်းမြင့် ရဲ့ ဖြစ်ရပ်အပေါ် အနာဂတ်မှာ နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်လာကြမည့် မျိုးဆက်သစ် လူငယ်တွေ နှင့် မြန်မာ ပြည်သူလူထု က ကော ဘယ်လို သင်ခန်းစာ ယူသင့် ပါသလဲ?၊ အမှား ကို သင်ခန်းစာယူဖို့ ပွင့်လင်းစွာ ဆွေးနွေးထားကြတယ်။

2 comments :

Anonymous said...

Ne Win is like this, all the successive burmese military generals are like this. Just a bunch of tugs.

Anonymous said...

ဒီလိုလူစားမျိုးကို ဘယ်​​တော့မှ မဲ မ​ ပေးမိ​ စေရဘူး လို့ မိမိကိုယ်​ကို ကတိ​ပေးပါတယ်​။