Monday 7 April 2014

မြန်မာ နိုင်ငံ မှာ သမ္မတ ကို ဘယ်လို ရွေးချယ် သင့်သလဲ?

၂၀၁၅ ရွေးကောက်ပွဲကြီး က စတော့မယ်။ နိုင်ငံကို ဦးဆောင်မည့် သူ က အထီးလား၊ အမ လား ပြည်သူ က ကွဲကွဲပြားပြားမသိရသေးဘူး။ တိုင်းဒေသ ၀န်ကြီးချုပ်တွေ၊ အာဏာပိုင်တွေ ဖြစ်လာမဲ့ သူတွေ ကလည်း၊ အရူးလား၊ တိရိစ္ဆန်လား ကွဲကွဲပြားပြား မသိရသေးတဲ့ ၂၀၀၈ စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံအောက် က မြန်မာပြည်သူတွေရဲ့ တကယ့် ဘ၀။ ဖွဲ့စည်းပုံ က လည်း သူတို့လက်ထဲမှာ၊ အုပ်ချုပ်ရေး အာဏာ ကလည်း သူတို့လက်ထဲမှာ ၊ လွှတ်တော်က လည်း သူတို့လက်ထဲမှာ၊ တရားစီရင်ရေး အာဏာ ကလည်း သူတို့လက်ထဲမှာ၊ ရွေးကောက်ပွဲ ကော်မရှင် ကလည်း သူတို့လက်ထဲမှာ၊ အာဏာရှင် လက်ကိုင်ဒုတ် လုပ်ချင်တဲ့ စစ်တပ် ကလည်း သူတို့လက်ထဲမှာ၊ စီးပွားရေး အာဏာ က လည်း သူတို့ လက်ထဲ မှာ၊ ငွေကြေးတွေ ကလည်း သူတို့လက်ထဲ မှာ။

1 comment :

Anonymous said...

၇န်ကုန် နာမည်ကြီး Capital Diamond Star Company မှ ၀န်ထမ်းများ Bonus အား ၂၅% အား ဖြတ်ယူကာ ဒီဇင်ဘာမှ ပေးမည်ဟု စာထုတ်သဖြင့် ၀န်ထမ်းများ မကျေနပ်ချက်များဖြစ်ပေါ်နေသည်။ ယင်း Company အား ဒေါက်တာ ဦးကိုကိုကြီးမှ ပိုင်ဆိုင်ပါသည်။ ကူညီပေးကြပါရန်