Friday 2 May 2014

ခေါင်းဆောင်မှု အနက်အဓိပ္ပါယ် အပေါ် ဆန်းစစ်ခြင်း




ခေါင်းဆောင်မှု နှင့် ပက်သက် ပြီး  Golden Moon  ရုပ်မြင် သံကြား အစီအစဉ် များ တွင် ယခင်က အလျင်သင့် သလို ဆွေးနွေးမှု များ ရှိခဲ့ဘူးပါသည်။  ယနေ့ခေတ် တွင် ခေါင်းဆောင်မှု အနက်အဓိပ္ပါယ်ဖွင့်ဆိုထားသည့် စာအုပ်ပေါင်း၊ ဟောပြောပို့ချချက်ပေါင်း၊ မှတ်တမ်းပေါင်း သိန်းနဲ့ ချီရှိပြီး၊  နယ်ပယ်အသီးသီး တွင်လူအများလေးစားကြသည့် ကမ္ဘာ့ ခေါင်းဆောင်များ ကိုလည်း မြင်ရ၊ ကြားရ၊ တွေ့ရှိနေရသည်။ ကျွန်ုပ်တို့၏ ဘ၀ အတွေ့အကြုံ နဲ့  လေ့လာဆည်းပူးခဲ့သည့် ခေါင်းဆောင်မှု အနက် အဓိပ္ပါယ် ကို  ယခု ဆွေးနွေးမေးမြန်းခန်း အပိုင်းများ တွင် ပွင့်လင်းစွာ ဆွေးနွေးထားကြသည်။

စုစည်းနေထိုင်ကြသည့်  လူ့အဖွဲ့အစည်း၊ လူ့ပတ်ဝန်ကျင် မှာ  ခေါင်းဆောင်များ  ကို ပုံသဏ္ဍန် အမျိုးမျိုး နှင့် နယ်ပယ်အသီးသီးမှာ တွေ့ရလေ့ရှိသည်။ သို့သော် ခေါင်းဆောင်ကောင်း တယောက်ဖြစ်ဖို့ က တော့ အတွေ့အကြုံရှိယုံ၊ အရည်အချင်းရှိယုံ၊ စွန့်လွှတ် အနှစ်နာခံမှု၊ ပေးဆပ်မှု ရှိယုံမျှဖြင့် မပြီး။  ခေါင်းဆောင်ကောင်း တဦးဖြစ်ရန် မြင့်မြတ်သည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ အမြော်အမြင်ကြီးမားမှု ပေါ်တို့တွင် မှုတည်ပေသည်။ တနည်းအားဖြင့် အောင်မြင်သော ခေါင်းဆောင်မှု သည် အမြော်အမြင် ရှိမှု မှ စတင်ပေသည်။ ( Leadership success always starts with vision.)

ခေါင်ဆောင်ကောင်းတယောက်သည် လူမှု အဖွဲ့အစည်းအသီးသီး၊  လူပုဂ္ဂိုလ် အသီးသီး၊ ပြိုင်ဖက်မဟာမိတ်များ နှင့် သော်လည်းကောင်း မာန်မာန၊ အာဂါတကင်းမဲ့ကာ မိတ်ဘက် ထိတွေ့ဆက်ဆံမှု ရှိရပေလိမ့်မည်။ ရိုးသားမှု၊ စံပြ ဖြစ်မှု ရှိရပေလိမ့်မယ်။ အောင်မြင်သော ခေါင်းဆောင်တို့၏ အရည်အချင်းကို  အောင်မြင်သည့် ရလာဒ်များ   ( Achievements /Results) ဖြင့်သာ တိုင်းတာလေ့ရှိသည်။
 

No comments :