Monday 1 September 2014

ဒီကနေ့ ဒဂုံတက္ကသိုလ်ထဲမှာ ကျောင်းသားတွေလက်မခံ အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ဆန္ဒပြပွဲ အခြေအနေ

ကျောင်းက လုံခြုံ ရေးတွေကို
နံပတ်တုတ်တွေ အကုန်လုံးကို ထုတ်ပေးလိုက်ပါပြီ။

ခင်များတို့ပဲ ရိုက်ရဲမလား
ကျနော်တို့ပဲ ခေါင်းထိုးခံရဲမလား။

တခုသိထားဖို့က
ခင်များတို့ ရိုက်လိုက်တဲ့ 
တုတ်ချက်ဟာ စစ်အစိုးရကို ဖြုတ်ချဖို့အတွက်
တပ်လှန့်သံတွေ ဆိုတာပဲ ...
.............................................................
နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များမှ ပါချုပ်များ ဋ္ဌာနမှူးများ ၂ ရက်နေ့ တွင် ဒဂုံတက္ကသိုလ်သို့ လာရောက်ပြီး ဆန္ဒပြပွဲအား မဖြစ်အောင် တားမည်ဟုသိရ ကျောင်းသားဆရာကို ရန်တိုက်ပေးမည် (အုပ်ချုပ်သူတွေ)
...............................................

စက်တင်ဘာ ၁ ရက်နေ့ ည

မနက်ဖြန် ဆန္ဒပြပွဲပြုလုပ်မည့် dusu ရုံးခန်းရှေ့တွင် ကျောင်းအာဏာပိုင်များက ယခုည ကျောင်းသားမရှိချိန်တွင် ယာယီတဲများထိုးလျက်ရှိကြောင်း သိရှိရပါသည် ။

"ယာယီတဲတွေထိုးနေတာပါ။ လုံခြုံရေးအတွက်ပါ။ ပါမောက္ခချုပ်တာဝန်ပေးထားလို့ပါ။ ကျန်တာတော့ပြောလို့မရဘူး" နယ်မြေမှူး ဦးဝင်းသိန်းက ပြောကြားသွားခဲ့သည် ။

ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များ၏ ပါမောက္ခချုပ်များကိုလည်း ဒဂုံတက္ကသိုလ်သို့ ခေါ်ယူထားသည် ကျောင်းသားကဒ် စစ်ဆေးခြင်းကိုလည်း အထူးပြုလုပ်မည်ဖြစ်ပြီး လိုင်းကားဝင်ရောက်မူကိုလည်း ပိတ်ပင်ထားမည်ဟု သတင်းရရှိထားသည်။

သမဂ္ဂရုံးခန်းကို ၁ ရက်နေ့ ညကတည်းက ကျောင်းလုံခြုံရေးများက ဝင်ရောက်နေရာယူထားသည် ။
........................................

မကြာမီ အတည်ပြုတော့မည့် အမျိုးသားပညာရေးဥပဒေအား တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) များ၏ ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲကို DUSU မှ ဦးဆောင်ပြီး ၂.၉.၂၀၁၄ နေ့လယ် ၁၂ နာရီမှစတင်ကာ ဒဂုံတက္ကသိုလ်တွင် ပြုလုပ်မည်ဖြစ်ပါသည် ။

မြန်မာ့ပညာရေး၏ အချိုးအကွေ့တခုအတွက် တက္ကသိုလ်ကျောင်းသားများ ကျွန်ုပ်တို့နှင့် ပူးပေါင်းပေးကြပါရန် အသိပေးအပ်ပါသည် ။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (DUSU)

Paing Ye Thu's status.
.......................................................

အမျိုးသားပညာရေးဥပဒေဆိုတာ ဘာလဲ
ဘာကြောင့်ကန့်ကွက်ရတာလဲ
ဘယ်လိုတောင်းဆိုချက်တွေနဲ့ ကန့်ကွက်တာလဲ

- အမျိုးသားပညာရေးဥပဒေသည် ကျောင်းသား၊ ဆရာ၊ ပညာရှင်များ၏ သဘောဆန္ဒနှင့် ထပ်တူမကျသော ဥပဒေဖြစ်ပါသည်။
- အမျိုးသားပညာရေးဥပဒေတွင် ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍ မပါဝင်ပါ။
- အမျိုးသားပညာရေးဥပဒေတွင် ပညာရေးစနစ်တစ်ခုလုံးကို ဗဟိုချုပ်ကိုင်နိုင်အောင် စီမံထားပါသည်။
- အမျိုးသားပညာရေးဥပဒေ ပုဒ်မ (၄) အပိုဒ်ခွဲ (၃) တွင် ပညာရေးဝန်ထမ်းအားလုံး ကိုယ်ကျင့်တရားကောင်းမွန်က ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်နိုင်မှုနှင့် ကိုယ်ပိုင်တာဝန်ယူတတ်မှုတို့ ဖွံ့ဖြိုးလာမှုအပေါ် မူတည်၍ ဗဟိုချုပ်ကိုင်မှုလျှော့ချသည့်စနစ်ကို ကျင့်သုံးရေးဟူ၍ ဆရာ/ဆရာမများ၏ ဂုဏ်သိက္ခာကို ထိပါးထားပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့် ...

အမျိုးသားပညာရေးကော်မရှင် - ဖျက်သိမ်းပေး
အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ - အလိုမရှိ
ကျောင်းသားသမဂ္ဂလွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး - ဒို့အရေး
အစိုးရ၊ လွှတ်တော်နှင့် NNER တွေ့ဆုံညှိနှိုင်းရေး - ဒို့အရေး

ထိုသို့ တောင်းဆိုချက်များဖြင့် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည်။

Dagon University Students' Union
...............................................

No comments :