Sunday 4 January 2015

ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်က၊ ကမ္ဘာ့ဈေးအကြီးဆုံး ဗိုလ် ရှု ခံ အ ခမ်း အ နား- The most expensive military parade in the world's poorest country


ဗိုလ် ရှု ခံ အ ဆောက် အ ဦး တန် ဘိုး ( 6.4 ) ဘီလီယံ၊ အ ခမ်း အ နား ပွဲ ကုန်ကျစရိတ် ( 1 ) ဘီလီယံကျော် ကုန်ကျ ။ ချီတက်ရာမှာပါတဲ့ ပြည်သူတွေ ဝန်ထမ်းတွေရဲ့ ဝတ်စုံစရိတ်တွေ မပါသေး။ မနက်အခမ်းအနားတက်တဲ့သူတွေ ကို ကြို ပို့တဲ့ မော်တော်ယာဉ်တွေအတွက် ကုန်ကျတဲ့ ဆီဖိုးတွေ မပါသေးဘူး။

အာဏာရှင်ဆိုတာ ဘယ်တော့ မှ လူထု အကျိုးပြု စေတဲ့ ပညာရေး၊ ကျန်းမာရေး ၊ လမ်းတံတားတည်ဆောက်ရေး၊ အဖိုးနည်း အိမ်ယာတည်ဆောက်ရေး တို့ အတွက် ငွေကြေး မသုံးစွဲဘူး။ စိတ်မ၀င်စားဘူး။ သူတို့ အာဏာတည်မြဲရေး အတွက် ခြိမ်းချောက် ၊ အကြမ်းဖက် အင်အားပြမှု တွေ အပေါ်မှာ ပဲ သုံးစွဲတယ်။

 တောတွေ ၊တောင်တွေ ကို လက်နက်ပြ အကြမ်းဖက်ဖြိုမယ်။ လယ်တွေ ၊ မြေတွေ အဓ္ဓမ သိမ်းပြီး၊ ပြည်သူတွေ ကို ထောင်ချမယ်။

Army Parade တို့၊ ဗိုလ်ရှု့ခံပွဲတို့ ဆိုတာ အာဏာရှင်စနစ်ဆိုတဲ့ မသာကောင် ကို မိတ်ကပ် ၀ိုင်းဖို့ အောင်ပွဲခံ တဲ့ လုပ်ရပ်။ သေနေတဲ့ အလောင်းကောင် ကို မိတ်ကပ်ဝိုင်းဖို့ ပို့ကျိုးစားနေကြတာ။ ပြည်သူတွေ က လွတ်လပ်ရေး မရသေးဘူး ။ အာဏာရှင်တွေ လွတ်လပ်ရေး ကို အောင်ပွဲခံတဲ့ပွဲ။

အားနည်းတဲ့ သူကို အားများတဲ့ သူက၊ လက်နက်မရှိတဲ့ သူကို လက်နက်ရှိတဲ့ သူက အင်အားပြ ၊ ဟန်ရေးပြ ခြိမ်းချောက် အနိုင်ကျင့် တဲ့ လုပ်ရပ်။

ပြည်သူလူထု နဲ့ အတိုက်အခံ အဖွဲ့ အစည်းတွေ ကို လက်နက်ပြ ခြိမ်းချောက် အောင်ပွဲခံယူလိုချင်တာမှတပါး၊ အခြား ရည်ရွယ်ချက်မရှိ။

တိုင်းတပါးလာရင်တော့ ဖင်ပေးပြေးတဲ့ အဆင့် ဆိုတာ ကျဆုံးသွားတဲ့ ကမ္ဘာ့ အာဏာရှင်အဆက်ဆက်တွေ က သမိုင်း မှာ သာဓက ပြခဲ့ကြပြီးဖြစ်တယ်။

အရပ်စကားနဲ့ ပြောရရင်တော့ မုဆိုးမ ကို ဖင်ချွတ်ပြတဲ့ အဆင့်အတန်းလောက်နဲ့ စစ်မှန်တဲ့ ဒီမိုကရေ စနစ် တည်ဆောက်လို့ မရဘူး။

No comments :