Sunday 4 January 2015

ABSDF ခေါင်းဆောင် သံခဲ၊ မျိုးဝင်း တို့ ကို ညစာစားပွဲမှာတွေ့ရစဉ်။


၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလ မှာ အာဏာရှင်ဟောင်း ဦးနေ၀င်း နှင့် သမ္မတ ဦးမောင်မောင် က တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တွေကို တွေ့ဆုံဖို့ ၊ ညစာစားပွဲ တက်ဖို့ ကမ်းလှမ်းခဲ့တယ်။ တက္ကသိုလ်ကျောင်းသားခေါင်းဆောင် တွေ အားလုံး က အဖိနှိပ်ခံပြည်သူတွေ နဲ့ တသားတည်းရှိတယ်ဆိုတာ ပြသသည့်အနေဖြင့် ကမ်းလှမ်းချက်တွေ ကို ငြင်းပယ်ခဲ့တဲ့ သမိုင်းသာဓက ရှိခဲ့တယ်။

သံခဲ၊မျိုးဝင်း လုပ်ရပ်ဟာ  သေဆုံးသွားတဲ့ ABSDF ကျောင်းသားရဲဘော်တွေ ကို စော်ကားတာ။ သူတို့တွေရဲ့ ကိုယ်စား စိတ်ထိခိုက်မိတယ်။ ABSDF ခေါင်းဆောင်ဆိုသူတွေ သစ္စာဖောက်နေကြပြီ။ ABSDF မှာ  နေ့တိုင်း ဆိုခဲ့ရတဲ့ သစ္စာအဓိ ဋ္ဌာန် တွေ ကို မေ့ပျောက်သွားပြီ။ နိုင်ငံရေးဂုဏ် သိက္ခာ၊ နိုင်ငံရေး ရပ်တည်ချက်တွေ လုံးဝ မရှိတော့ဘူး။ အာဏာရှင်တွေရဲ့ ကျော့ကွင်းထဲမှာ သူတို့ ကိုယ် သူတို့ အရေးပါးနေတယ်လို့ ထင်နေကြတယ်။ သူတို့တွေကြောင့် ABSDF ရဲ့ သမိုင်း ၊ ABSDF ရဲဘော်တွေရဲ့ ဂုဏ် သိက္ခာ ကျဆင်းနေပြီ။

 သူတို့တွေ ဒီနေ့ -တောင်သူလယ်သမားတွေ ၊ အလုပ်သမားတွေ၊ ပြည်သူတွေ ရဲ့ အဖိနှိပ်ခံနေရမှု တွေ ကို မပြောတော့ ဘူး။ ကျောင်းသား အရေးတွေ ကို မပြောတော့ဘူး။ စစ်အာဏာရှင်တွေ မကောင်းကြောင်းမပြောရဲ တော့ဘူး။  အာဏာရှင်တွေ၊ စစ်ခရိုနီတွေနဲ့  နိုင်ငံရေး င်္သချိင်းကုန်း မှာ အတူတူ ညစာ စားနေကြပြီ။

 

No comments :