Sunday 4 January 2015

Oil prices are plunging, but Burmese citizens are suffering in silence under crony militarism

ဦးပိုင် နှင့် ခရိုနီ လက်ဝါးကြီး အုပ်မှုကြောင့် ၊ ကမ္ဘာ့ ဓာတ်ဆီဈေး ကျသွားတဲ့ အကျိုးအမြတ် မြန်မာပြည်သူတွေ မခံစားရ။ ( Oil prices are plunging, but Burmese citizens are suffering in silence under crony militarism)

ဒီနေ့ ( ၁.၀၄. ၂၀၁၅) နယူးယောက် ရေနံဈေးကွက် မှာ ရေနံစိမ်း တပေပါ ၅၂.၃၃ ဒေါ်လာနဲ့ ၅ နှစ်အတွင်း အနိမ့်ဆုံး ဈေးပိတ်သွားခဲ့လို့၊ ဓာတ်ဆီ တဂါလံ ၁.၉၀ ဒေါ်လာ ကျဆင်းသွားခဲ့တယ်။ မြန်မာနိုင်ငံ ဈေးကွက် မှာ မနေ့ ( ၁.၀၂. ၂၀၁၅) က ဓာတ်ဆီ တဂါလံ ၃.၅ ဒေါ်လာ နဲ့ ရောင်းချနေတယ်။ ကမ္ဘာ့ရေနံဈေးကျ နေပေမဲ့၊ မြန်မာပြည်သူတွေကတော့ ကြီးမြင့်လှတဲ့ ကုန်းဈေးနှုန်းတွေ မှာ မျက်ဖြူဆိုက်နေလေရဲ့။
 *******************************************************
ဦးပိုင်နှင့် ခရိုနီတွေ ဓာတ်ဆီဈေး နှုန်း မကျ အောင်ထိမ်းချုပ်ပြီး အမြတ်ထုတ်နေ
Oil's Heading For $40 a barrel as being a firm prediction at all.(Forbes)

ကမ္ဘာ့ဈေးကွက် မှာ ရေနံ တစ်ပေပါ ကို ဒေါ်လာ ၄၀ ထိ ကျဆင်းလာနိုင်တယ်လို့ ရေနံဈေး စောင့်ကြည့်လေ့လာသူတွေ က ဟောကိန်းထုတ်ခဲ့ပြီးတဲ့ နောက် အမေရိကန်မှာ ဓာတ်ဆီ တဂါလံ ၂ ဒေါ်လာ နီးပါးထိကျဆင်းသွားခဲ့တယ်။ နေရာတိုင်းမှာ နာရီအလိုက် ဓာတ်ဆီဈေးကျဆင်းမှု ဟာ သိသိသာသာပြောင်းလဲလာနေတာက တော့ အမေရိကန်ပြည်သူတွေ အတွက် သတင်းကောင်းတခုပါ။

ဒါပေမဲ့ ဦးပိုင်နှင့် ခရိုနီတွေ ချုပ်ကိုင်ထားတဲ့ မြန်မာ့ရေနံဈေးကွက်မှာ ဒီနေ့
(၁၂.၁၄.၂၀၁၄) ဓာတ်ဆီ တဂါလံ ဟာ ၃ဒေါ်လာ ခွဲ ပေါက်ပြီး၊ ဓာတ်ဆီဈေး မကျအောင်ချုပ်ကိုင်ထားလို့ မြန်မာပြည်သူတွေ အတွက်တော့ အင်မတန် မှာ ၀မ်းနည်းစရာပါ။ ဓာတ်ဆီဈေး မကျလို့ မြန်မာပြည်မှာ ကုန်ဈေးနှုန်းကလည်း ကျဆင်းခြင်းမရှိသေးပါဘူး။


Please stand up and speak up for our citizens. It is their right to protest against crony militarism. Knowing their rights is the most powerful weapon.

No comments :