Monday 19 January 2015

တေဇ ဓါတ်ရောင်ခြည်သင့် ဟု ဆို


မိုးကုတ် အနီး တွင် ယူရေနီယံ တွေ့ရှိ ၊ စမ်းသပ်မှုကြောင့် မိမိ အပါအဝင် ဝန်ထမ်းအချို့ ဓာတ်ရောင်ခြည်သငိ့နေကြောင်း ဦးတေဇ ပြောကြား
______________________________________ရန်ကုန်၊ ဇန်နဝါရီ ၁၉
နျူကလီးယား ထုတ်လုပ်ရန် သတ္ထုကုန်ကြမ်းဖြစ်သော ယူရေနီယံဟု ယူဆသည့် ကျောက်အချို့ကို မိုးကုတ် မြို့နယ်တွင် တွေ့ ရှိထားပြီး အဆိုပါကျောက်များ ယူရေနီယံဟုတ် မဟုတ် စမ်းသပ်စစ်ဆေးမှုကြောင့် မိမိအပါအဝင် ဝန်ထမ်းများ အပါအဝင် ကိုယ်တိုင်ဓာတ်ရောင်ခြည် သင့်ဝေဒနာ ခံစားနေရကြောင်း ဦးတေဇက ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ အင်းလျားလမ်းရှိ နေအိမ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“နိုင်ငံတော်အတွက် သတင်းမီဒီယာတွေကနေတစ်ဆင့် အသိပေးရတာပါ။ ကျနော်ကိုယ်တိုင်လည်း (ဓာတ် ရောင်ခြည်သင့်မှုကြောင့်) ဘာဖြစ်မယ် မသိသေးဘူး” ဟု ၎င်းက ဆိုသည်။
ယူရေနီယံဟု သတ်မှတ်နိုင်သည်ဆိုသော ဦးတေဇ၏ တွေ့ရှိချက်မှန်ကန်ပါက မြန်မာနိုင်ငံအတွက် သတင်း ကောင်းဖြစ်ကြောင်း၊ ယင်းသတ္ထုကို ရောင်းချ၍ဖြစ်စေ စွမ်းအင်၊ စိုက်ပျိုးရေး၊ ဆေးပညာ နှင့် မျိုးရိုးဗီဇ ဆိုင်ရာ ကိစ္စရပ်များအထိ များစွာအသုံးပြူနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဟောင်း ဦးသောင်း လက်ထက်တွင် နျူကလီးယား သုတေသန အဖွဲ့ဝင်ဖြစ်ခဲ့သူ ပါရဂူတစ်ဦးက The Voice သို့ ပြောဆိုသည်။
ဓာတ်ပုံ၊ မိုးကျေ်လွင်

No comments :