Monday 19 January 2015

သူတို့ ချီတက်လာပြီ

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (မန္တလေး) စတင် ထွက်ခွာ။
၂၀-၁-၁၅ ။
အမျိုးသားပညာရေး ဥပဒေ ကို ကန့်ကွက်သပိတ်မှောက်ထားသော ကျောင်းသားများ၏ ရက်(၆၀)အလွန်တွင် အစိုးရမှ တစုံတရာ တုန့်ပြန်လာခြင်း မရှိသည့်အတွက် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတ်ီ မှ ကြေညာထားသည့်အတိုင်း ဒီမိုကရေစီပညာရေး တိုက်ပွဲ ကို ပြန်လည် ဆင်နွဲရန် ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်း ဖြင့် မန္တလေး - ရန်ကုန် ခရီးရှည် ချီတက် သပိတ်ကို စတင်လိုက်ပြီ ဖြစ်ပါသည်။
ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်းသည် မန္တလေး ၊ အိမ်တော်ရာ ဘုရားဝင်း (၁၄)ခန်းဇရပ်ကြီး တွင် စုရုံးလျက် ၂၀-၁-၁၅ နံနက် (၉)နာရီ တွင် စတင်ထွက်ခွာလာပြီ ဖြစ်ပါသည်။ ဤ ဒီမိုကရေစီပညာရေး သပိတ် စစ်ကြောင်းသည် မန္တလေး - ကျောက်ဆည် - မြင်းခြံ - ပခုက္ကူ - မကွေး - ပြည် - ရန်ကုန် ခရီးကို ချီတက်ကြမည် ဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ

No comments :