Wednesday 30 January 2008

အမေရိကန်က ဒေါ်စုကိုလွတ် ဖို့ တောင်းဆိုလိုက်ပြီ။

အေပီ - တိုရန့် ၊ကာလီဖိုးနီးယား
အိမ်ဖြူတော်က နအဖကို ဒေါ်အောင်ဆန်းစုကြည်နဲ့  အမြန်ဆုံးနဲ့ အဓိပ္ပါယ် ရှိတဲ့တွေ့ ဆုံဆွေးနွေးမှု လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ အိမ်ဖြုတော်ပြောရေးဆိုခွင့်ရှိတဲ့အရာရှိကပဲ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံွးတ်ပေးဖိုတောင်းဆိုတယ်။ဒေါ်စုဆီကအဆိုးဆုံးအတွက်ပြင်ဆင်ကြဆိုတဲ့သတင်းစကားကိုကြားရကတည်းက အိမ်ဖြူတော်ဟာ နအဖကို အတော်စိတ်ကုန်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  လက်ရှိအခြေအနေကို ကျေနပ်ပုံမရဘူးလို့ သုံးသပ်တယ်။ နအဖ ကတော့ ဘယ်လို ကမ်းလှမ်းမှု ကိုမှ ဂရုစိုက်မဲ့ ပုံမရှိဘူး လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ တိုနီဖာရက်တို TonyFratto ကပြောကြား သွားပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို နအဖ က ဘာမှာ အရေးမစိုက်ဘူး ကမ်းလှမ်းမှု မရှိဘူး ဆိုတာကို အမေရိကန်အစိုးရက သိနေပါပြီ လို့ သူက ဆက်ပြောပါတယ်။


No comments :