Wednesday 30 January 2008

ရမ်ဘိုရုပ်ရှင် နဲ့ သန်းရွေ

ရမ်ဘိုရုပ်ရှင် အထူးအောင်မြင်မှုရလေလေ
သန်းရွေ နိဂုံးချုပ်ကနီးလေလေ
ကိုဇော်နိင်ဟာ ကနေဒါနိင်ငံဗြိတိသျ ကိုလံဘီယာမှာနေတဲ့  မြန်မာနိင်ငံသားတဦးဖြစ်ပါတယ်။ သူက ရန်ဘို ကားရုပ်ရှင်ကို ကြည့် နေရင်း မြန်မာ စစ်တပ်က ကျေးရွာတွေကို မီးရှို့ ၊ လူသတ်၊ အမျိုးသမီးတွေကို စော်ကား မုဒိန်းကျင့် နေတာတွေကိုရုပ်ရှင်ထဲမှာတွေ့ နေရတော့ မျက်ရည်တွေ တွေ တွေကျလာတယ်။ စိတ်ကိုမထိမ်းနိင်တော့ ပဲ ခြေထောက်နဲ့ သူ့ ရှေ့ ကထိုင်နေတဲ့ ကနေဒါလူမျိုး တဦး ကို ဆောင့်ကန်မိသတဲ့။ ဒီလူ က လည်း လှန့် ပြီး လက်ပြန်ရိုက်လာတာ ကိုဇော်နိင်မျက်လုံးဖူးယောင်သွားတယ်။

ကို ဇော်နိင်က " ဆော်ရီး ပါဗျား -ကျုပ်က မြန်မာပြည်ကလာတာပါ။ အခုဖြစ်နေတာတွေဟာ အမှန်တွေပါဗျာ။ ဒီ ကောင် တွေ လူတွေကို ကန်းကုန်အောင်မိုက်ရိုင်းလှတဲ့အတွက် စိတ်မထိန်းနိင်လို့ ဖြစ်သွားတာပါ။ "လို့ တောင်း ပန်လိုက်သတဲ့။ ကနေဒါလူမျိုးကလည်း အေးကွာ ငါ ကိုယ်ချင်းစာပါတယ်။ ငါတို့ လည်း ဒါတွေဖြစ်နေ တယ် ဆိုတာကိုသိပါတယ်။ ငါကိုယ်တိုင် ၀င်တိုက်ခြင်နေတဲ့ကောင်ပါကွာ လို့  လက်ဆွဲနှုတ်ဆက်ပြီး ပြန်တောင်းပန် သတဲ့။
ရမ်ဘိုကားဟာ အခုဆိုရင် တကမ္ဘာလုံးမှ ပြသနေပါပြီ။ သန်းရွေ စစ်အုပ်စုရဲ့ ကန်းကုန်အောင် ယုတ်မာရက်စက်မှု သူရဲဘော်ကြောင်မှုတွေက မြန်မာတပ်မတော်တခုလုံးဟာ ကမ္ဘာလူ အဖွဲ့ စည်းက လက်မ ခံနိင်တဲ့ စစ်တပ်တခုအဖြစ်ရပ်တည်သွားပါပြီ။ လူအဖွဲ့ စည်းက ဖယ်ကျဉ်ခံလိုက်ရတဲ့ တာလီဘန်တွေတပ်။ ခမာနီတပ် ။ အီရတ် တပ် ( National Guard ) တွေလို ဖြစ်သွားပါပြီ။ ခမာနီတွေဟာ Killing Field ဇာတ်ကား ကြောင့် ကမ္ဘာက ခမာနီခေါင်းဆောင် ပိုပေါ့ရဲ့ ရက်စက်ယုတ်မာမူတွေကို ပိုသိလာကြတယ်။ ဗြတိသျ ဘုရင် မကြီး က Killing Field ကြည့်ပြီးတော့ မျက်ရည်လည်ရွဲ နဲ့  " ဒီလောက်တောင်မှ ဖြစ်ရချည်းလား " လို့ ပြောရ တဲ့အထိဖြစ်တယ်။ သူရဲ့ သြဇာတွေဟာ ခမာနီ တွေကို နိင်ငံတကာဖိအားပေးမှုတွေရလာစေခဲ့တယ်။ ခမာနီ တွေကို ကမ္ဘာမြေကနေ မောင်းထုတ်နိင်အောင် ကုလသမဂရဲ့ အရေးယူဆောင်ရွက်မှုတွေဖြစ်လာအောင် လှုပ်ရှား ဆောင်ရွက်နိင်ခဲ့ပါတယ်။ ခုဆို ရမ်ဘိုကား ဟာ အမေရိကန်၊ တောင်အမေရိက၊ ဥရောပ၊ အရှေတောင် အာရှနိင်ငံတွေမှာ ပြန့် နှံသွားပါပြီ။ အောင်မြင်မှုက အကြီးအကျယ်ရနေချေပြီ။ သန်းရွေ နိဂုံးချုပ်က မဝေး တော့ချေပြီတကား။

ခမာနီခေါင်းဆောင် ပို ပေါ့

ဒီလိုအသေဆိုးနဲ့ သေမယ်လို့ သူမထင်ခဲ့ဘူ။



သူလည်းတပ်မတော် ကို သိပ်ချစ်ပေါ့။ တပ်မတော်ကောင်းကြောင်းပြောမှပြော ။




နောက်ဆုံးတော့ ဒီလို ဇတ်သိမ်းရတော့တာပဲ ။


သူ့ အလှည့်  မဝေးတော့ ပါ ဘူး ။ အလွန်ဆုံး ၂၀၀၈ ပဲ ။

No comments :