Sunday 24 February 2008

ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဂျပန်နိုင်ငံရှိ့ မြန်မာနိုင်ငံသားများ တွေ့ဆုံဆွေးနွေးပွဲ (2/24/2008)


၂၄ရက် ဖေဖေါ်ဝါရီလ၊ ၂၀၀၈ခုနှစ်
(၈၈) အရေးတော်ပုံအတွင်းမှာ ဦးဆောင်လှုပ်ရှားခဲ့ပြီး လက်ရှိ ပြည်ပနိုင်ငံ အသီးမှာ ရောက်ရှိနေကြတဲ့ ၈၈ ကျောင်း သား ခေါင်းဆောင်တချို့နဲ့ ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံ ဆွေးနွေးပွဲတခု ကို ဖေဖေါ်ဝါ ရီလ ၂၄ရက် နေ့က တိုကျို။ အိခဲဘုကုရို ကုမင်းစင်တာ မှာ ညနေ ၅နာရီခွဲမှ ည ၉နာရီခွဲ အထိ ကျင်းပပြု လုပ်သွားခဲ့ကြ ပါတယ်၊

အခမ်းအနားကို အခမ်းအနားမှူး ဦးကိုကိုအောင်(DFB)မှ ဖွင့်လှစ်ပေးခဲ့ပြီး သဘာပတိအဖြစ် ဦးကျော်ကျော်စိုး (မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်) မှ တာဝန်ယူ ဆောင်ရွက်ပေးသွားခဲ့ပါ တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံ၊ တိုက်ပွဲဝင်ခွပ်ဒေါင်းအလံ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ နှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားကြသော အာဇာနည်များကို အလေးပြုခြင်း များပြု လုပ်ခဲ့ပြီး အခမ်းအနားမှူးဖြစ်သူမှ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်၊ ကိုကိုလေး၊ ကိုမူးသာတို့နှင့် တက်ရောက်လာသူများနှင့် မိတ် ဆက်ပေး ခဲ့ပါ တယ်၊

အခမ်းအနားမှာ ဂျပန် မှ မြန်မာ့ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှား နေကြတဲ့ အဖွဲ့ အစည်းမှ တာဝန်ရှိသူတွေက မြန်မာပြည်အရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားခဲ့ကြသလို ၈၈ကျောင်း သား ခေါင်းဆောင်များ(ပြည်ပ)ဘက်မှလည်း ဆွေးနွေးစကားပြောကြားခဲ့ကြပါတယ်၊အဲဒီဆွေးနွေးပွဲမှာ ၈၈မျိုးဆက် ကျောင်းသားများ (ပြည်ပ)၏ နိုင်ငံရေး သဘောထား ထုတ်ပြန်ချက်၁/၂၀၀၈ ကိုဖြန့်ဝေပေးသွားခဲ့ကြပြီး လက်ရှိ အာဏာရှင် စစ်အစိုးရရဲ့ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို အတည်ပြု ဘို့အတွက် ၂၀၀၈ခုနှစ် မေလမှာ လူထုခံယူပွဲကျင်းပပြုလုပ်ပြီး ၂၀၁၀ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကြီးကိုကျင်းပပြုလုပ်ပြီး စစ်အစိုးရအသွင်မှ အရပ်သား အစိုးရ အဖြစ်သို့ ပြောင်းလဲမည့် ကြော်ငြာချက်ပေါ် ပြင်းထန်ထန်ကန့်ကွက်ထားသလို လူထုလှုပ်ရှားမှူကြီးဖြင့် တိုက်ပွဲဝင်သွား ကြဖို့လှုံ့ ဆော်ထားပါတယ်၊

အခမ်းအနားကို မြန်မာ့အရေး စိတ်ဝင်စားသူတွေ ၃၅၀ကျော်ခန့်  က တက်ရောက် ခဲ့ကြပြီး စစ်အစိုးရ ရဲ့ တစ်ဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းနှင့် အရပ်သားအဖြစ် အသွင်ကူးပြောင်းမယ့်ရွေး ကောက် ပွဲစီမံကိန်းကို ဂျပန်မှာရှိနေတဲ့အင်အားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက် တိုက်ပွဲဝင် သွားမယ် လို့ သိ ရှိရပါတယ်၊ ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ပ)မှ ဂျပန်ခရီးစဉ်ပြီးတဲ့ နောက်မှာ ကိုရိးယား၊ မလေး ရှား၊ စကာင်္ပူ၊ ထိုင်းနှင့်၊ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ ကိုပါ လှည့်လည် စည်းရုံး တပ်လှန့်နိုး ဆော်သွားမှာဖြစ်ပါတယ်၊

No comments :