Monday 28 April 2008

မိသားစု ရဲ့ အနာဂတ်

ဟင့်အင်း...
ဟင့်အင်း....
အတင်းငြင်းဆန်
ရုန်းကန်သော်လည်း............။




မိသားစု ရဲ့ အနာဂတ်

ဟင့်အင်း...
ဟင့်အင်း....
အတင်းငြင်းဆန်
ရုန်းကန်သော်လည်း............။

အားမတန်မျှ
မာန်ချ လိုက်လျော
မိန်းမော ညှိုးလျ
ကြေမွ နာကျင်
ရေတိမ်တွင်နစ်
မချစ်သော်လည်း................။

လင်ဆိုးမယား
တဖားဖားနဲ့
သည်းခံခဲ့ရ
ကာလရှည်ကြာ
ခုအခါတော့
ကလျာနုသစ်
သမီးချစ်ပင်
ခြေတော်တင်ပြီ
မိခင်ကြည့်နေ
ဖြေသိမ့်လေမလား...။

ပထွေးဆိုးက
ခွေးမျိုးအစစ်
ဧကန်ဖြစ်ကြောင်း
လက်ခမောင်းခတ်
ခွေးဇာတ်ကိုခင်း
ယုတ်မာခြင်းအား
သားကြီး ၊ အကို
ညီထွေး ညို တို့
ခေါင်းကိုငုံ့ရင်း
သက်ပြင်းနဲ့သာ
ဥပေက္ခာပြု
နုနယ်အေးဆေး
နှမလေးအား
ပထွေးမယား
အဖြစ်ခံမလား...။

ပထွေးကိုသတ်
ခွေးဇာတ်ကိုဆုံး
ပျက်သုန်းသမျှ
ပြန်စတည်ဆောက်
ကျွန်သဘောက်ဘဝ
နောက်မကျခင်
ဆုံးစေချင်ပြီ
ညီကိုနောင်ရင်း
ဒို့ သွေးချင်းတို့............။

ရဲဘော်ငြိမ်း (မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု)

No comments :