Monday 25 August 2008

ထိုင်းဝန်ကြီးချုပ် ဆမတ် အာချောင်နေပြန်ပြီ။

ဘန်ကောက်-
သြဂုတ်လ- ၂၅

ထိုင်းဝန်ကြီးချုပ် ဆမတ်က ကုလသမဂအနေနဲ့  ဒီမိုကအရေး၊အခြေခံဥပဒေနဲ့  ရွေးကောက်ပွဲ
အကြောင်းတွေကိုပဲဆွေးနွေးသင့်တယ်လို့ တနင်္လာနေ့ ကတိုက်တွန်းလိုက်ပါတယ်။
သူအခုလိုထုတ်ဖေါ်ပြောတာကတော့ မအောင်မြင်ခဲ့တဲ့ ဂန်ဘာရီခရီးစဉ်နဲ့ ပတ်သက်နေပါတယ်။ ဆမတ်က အနောက်နိင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးပေါ်မှာ အာရုံစိုက်ထားမှုကိုသူက ဆန်ကျင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလက်ရှိဖြစ်ပေါ်နေတဲ့နိင်ငံရေး အာဂျင်တာထဲ က ဘေးဖယ်စဉ်းစားဖို့  တိုက်တွန်းထားပါတယ်။ သူက စက်တင်ဘာလမှာကျင်းပမဲ့  ကုလသမဂ္ဂ
ညီလာခံကိုသူတက်ဖို့ ရှိတယ်။ သူရဲ့ အကြံပြုချက်ကို ကုလသမဂ္ဂမှာ တင်ပြမယ်လို့ ဆိုပါတယ်။ ထိုင်းနိင်ငံကတော့လောလောဆယ်မှာ အာဆီယံဥက္ကဌတာဝန်ကိုယူထားပါတယ်။
သူကဆက်လက်ပြီး မြန်မာအစိုးရကို တိုက်တွန်းခြင်တာကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ
လေ့လာသူတွေ တက်ရောက်ဖို့  ပဲဖြစ်ပါတယ်။

ဆမတ်ရဲ့ အကြံပြုချက်တွေကိုကြည့် ရင်နအဖ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်သက်ဇိုးရှည်ရေးအတွက်
သက်သက်မျှဖြစ်ပါတယ်။
သူအရင် ၀န်ကြီးချုပ်ဟောင်းတပ်ဆင်ရဲ့ မြန်မာပြည်အပေါ်သဘောထားတွေနဲ့ သိပ်မထူးခြားလှပါဘူး။ မြန်မာပြည် မှာ မဆုံးနိင်တဲ့နိင်ငံရေးပြသာနာတက်နေလေ၊ထိုင်းတွေ အတွက်ကောင်းလေဆိုသလိုပါပဲ။
တပ်ဆင်အာဏာရစဉ်က သူရဲ့ မြန်မာပြည်အပေါ်သဘောထားကတော့
၁- စစ်အစိုးရကသာ မြန်မာနိင်ငံကိုထိမ်းသိမ်းထားနိင်တယ်။
၂- စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်ထိုင်းနိင်ငံအတွက်အကျိုးရှိမယ်။
၃- မြန်မာပြည်က ထိုင်းတွေလိုခြင်တာကတော့ ဈေးပေါတဲ့သံယဇတ၊ လုပ်အားနဲ့  ဈေးကွက်ဖြစ်ပါတယ်။
၎- မြန်မာပြည် ဒီမိုကရေစီပြန်လည် တည်ဆောက်ရေးဟာ ပြည်တွင်းရေးပြသာနာမျှသာဖြစ်တယ် ဆိုတဲ့ အမြင်တွေပဲဖြစ်ပါတယ်။
ဒီလိုမှားယွင်းတဲ့အမြင်တွေကြောင့်ပဲ ဒေသတွင်းမှာ ဖွင့်ဖြိုးတိုးတက်မှုနောက်နှေးရတယ်။ ထိုင်းစီးပွားရေးတိုးတက်သင့်သလောက်မတိုးတက်ပဲ နိင်ငံရေးမတည်ငြိမ်မှုကိုပါ ထိုင်းနိင်ငံအနေနဲ့ ခံစားလာရတယ်။ ဒါတွေဟာ ထိုင်းနိင်ငံရဲ့ မြန်မာပြည်အပေါ်မှာ မှားယွင်းတဲ့ ပေါ်လစီကြောင့်ဖြစ်တယ်။ လောလေဆယ်စေတနာအကျိုးပေးခံစားသွားရသူကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်တပ်ဆင်ပဲဖြစ်တယ်။ ဆမတ် လေးနစ်သက်တမ်းပြည့် အောင်မှ အုပ်ချုပ်နိင်ပါ့မလား။စောင့်ကြည့်ကြပါစို့ ။ တပ်ဆင်လည်း ကုလသမဂ္ဂ အစည်းဝေးအသွားမှာ ခရုအဆံကျွတ်
အာဏာလက်လွတ် ဖြစ်ရတယ်။ ၀ရမ်းပြေးဘ၀ကိုရောက်ရတယ်။ ဆမတ်ရေ စက်တင်ဘာမှာကုလသမဂ္ဂ ကိုသွားရင်လည်း သတိဝိရီယနဲ့ သာသွားပေတော့လို့ အကြံပေးလိုက်ပါရစေ။ ချုပ်ဒီး ပါစေ။




1 comment :

2007 JALS said...

Within 3 weeks after US President and the First Lady had visited in Thainland, Thai PM's brain returned to stupidity. Burmese activists and migrants should be aware of his deceit.