Sunday 24 August 2008

ပြေးဖို့ ကြံနေတဲ့ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း


ချစ်စွာသော Bloggers တို့  ကျော်ဆန်းဟာ နိင်ငံရေးခိုလှုံဖို့ ရောဘတ်တောလာနဲ့ တိုင်ပင်ခဲ့တယ်လို့  သတင်းကြားတယ်။ ရောဘတ်တေလာဆိုတာက နေ၀င်းလက်ထက်ကတည်းက စစ်တပ်ကို မျက်နာချို သွေးနေတဲ့ ဗြိတိသျလူမျိုး ပါမောက္ခာ ငကြောင်တဦးပါ။ သူကခပ်ခြောက်ခြောက်ဆိုတော့ စစ်ဗိုလ်တွေနဲ့  တရုံးရုံးနေရာတာ ကိုက Enjoy ဖြစ်နေတာ မဆန်းပါဘူး။ စစ်တပ်ကပြုပြင်ပြောင်းလဲရေးတွေလုပ်ပေးနေတယ်ဘယ်နဲ့ ညာနဲ့ ဆိုတာ အာသက်သက်ခြောင်နေတာသာဖြစ်ပါတယ်။ သူဟာ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဘာတခုမှာ စိတ်ဝင်စားလှတဲ့သူတယောက်မဟုတ်ပါဘူး။အခုသူရေးနေတဲ့စာအုပ်ကိုပဲကြည့်ပါ - နေ၀င်းနဲ့ မောင်မောင်တို့ ရဲ့ အထုပတိကိုရေးပါတယ်။ နောက်ချီးပုံကိုရွေချနေတဲ့ ပညာရှင်ကြီးမျှသာဖြစ်ပါတယ်။ ကျနော်က နောက်ချီးပုံ လို့ ပြောတာ လွန်တယ်လို့ မထင်ပါနဲ့  နေ၀င်းတပည့် တွေဖြစ်တဲ့ သန်းရွေတို့ မောင်အေးတို့ ကတောင်နေ၀င်းကို သမိုင်းကို မြေမြုပ်သဂြိုလ်နေပါပြီဆိုတာတောင်မှ သူကမရိပ်မိနိင်ဖြစ်နေပါတယ်။ ဒါလား မြန်မာ ရေးရာကျွမ်းကျင်သူ ပညာရှင်ကြီး လားလို့ မေးလိုက်ခြင်ပါတော့တယ်။ ဒါပေမဲ့  နေ၀င်းကလည်းသေ၊ခင်ညွန့် ကလည်း ထောင်နန်းစံရတော့ တပည့် ငတ်နေတဲ့ ရောဘတ်ကြီးဟာ ပြန်ကြားရေးဝန်ကြီးကျော်ဆန်းနဲ့  ဓတုံး နဲ့ ခရမ်းသီးပိန် တွေ့ ကြတော့တာပါပဲ။ ကျော်ဆန်းကလည်း တဖက်မှာ ဒေါ်စုကိုဆဲပြ၊ ဒီမိုကရေစီအင်အားစုတွေကို အပုတ်ချပြ ပြီး သန်းရွေ ကို ဖေါ်လံဖားလုပ်နေရပေမဲ့ အခြေအနေမကောင်းဘူးဆိုတာကိုတစတစသိလာပုံရတယ်။ ပြန်ကြားရေးဝန်ကြီးဆိုတော့ တခြား ဗိုလ်ချုပ်တွေထက်စာရင် သတင်းပုလင်းစုံတယ်မဟုတ်လား စစ်အစိုးရဆိုပေမဲ့ ဥရောပနိင်ငံတွေကိုလည်းသွားလို့ မရ၊ အမေရိကန်ဆိုတာခြေဦးတောင်မလှည့် ရဲ ဒီကြားထဲ ဆူဒန်ကသမတ အိုမာလဲဘာရှား- Omar al-Bashir ကနိင်ငံတကာတရားရုံးမှာ တရားစွဲခံထားရပြီ ။ Global Justice Center ကလည်း ဗိုလ်ချုပ်သန်းရွေနဲ့ နအဖ စစ်ခေါင်းဆောင်တွေကို တရားစွဲဖို့ ပြင်ဆင်နေတယ်။ အဆိုးဆုံးက သန်းရွေက တစတစ မန်ကျီးရွက် တွေလေတိုက်လေရင့်လေ ဆိုသလို နေစဉ်နဲ့ အမျှ ဇရာထောင်းလာတဲ့ပြသနာဖြစ်တယ်။ ရှေ့ ကလူတွေ ဖြစ်တဲ့ နေ၀င်း၊ စောမောင်၊ ခင်ညွန့် တို့  သမိုင်းကြောင်းမလှ ဇတ်သိမ်း မလှတာတွေကလည်းသူအဖို့ သွေးလေခြောက်ခြားစရာဖြစ်နေတယ်။ သန်းရွေသေရင်-။ မတွေးဝံစရာကောင်းတဲ့ ဘ၀ က တွေးလေသွေးပျက်စရာကောင်းလေပဲမဟုတ်လား။ သူအကြောက်ဆုံးက ဘယ်သူတွေလဲ လို့ မေးရင်တော့ တခြားမဟုတ်ရပါလား။ သူလိုယူနီဖေါင်းဝတ်ထားတဲ့ ဗိုလ်ချုပ်တွေ ထဲက အဏာရလာမဲ့သူပဲဖြစ်တယ်။ ကျူပင်ခုတ်ကျူငုတ်မကျန်ထားတဲ့ စစ်ဗိုလ်တွေရဲ့ ရာဇ၀င်မှာသူအတွက် အနာဂတ်မလှတော့ပါဘူး။ ဒါကြောင့်တဖက်က ဒေါ်စု၊ ကျောင်းသားခေါင်းဆောင်တွေ ကို ကာယကံဝဇီက မနောကံတွေနဲ့ ဒလဇတ်ပြစ်မှား၊ တဖက် မှာလည်းသန်းရွေကို အရှက်မရှိဖေါ်လံဖါးထားတဲ ဘကုန်းခြောက်လုံးတောင်မသိတဲ့ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းဟာ ခွေးငတ်ချီးပုံတွေ့ တော့တာပါပဲ။ ချီပုံကတော့ရောဘတ်တေလာပါ။ သူကရောဘတ်တေလာကို ယူကေမှာ ( အင်္ဂလန်မှာ ) နိုင်ငံရေးခိုလုံရင်ဘယ်လို လုပ်ရသလဲလို့ မေးမြန်းနေပါကြောင်းဖေါ်ပြလိုက်ရပါတယ်။ အင်္ဂလန် မှာ နိုင်ငံရေးခိုလှုံရင်တော့ ဘယ်လိုလုပ်ရတယ်ဆိုတာကို ကျနော်တို့ မသိပေမဲ့  အမေရိကန်မှာ နိင်ငံရေးခိုလှုံခြင်ရင် တော့ http://www.immihelp.com/gc/asylum.html ကို သွားနိင်ပါတယ်လို့  ဗိုလ်ချုပ်ကျော်ဆန်းကို မေတ္တာရှေ့ ထား သတင်းကောင်းပါးပါရစေ-

No comments :