Sunday 24 August 2008

IRON CROSS နာဂစ်ရံပုံငွေဂီတပွဲ(၂၄၊၈၊၀၈)

လေးဖြူ သီချင်းပြန်ဆိုတဲ့ ပွဲမို့ထင်ပါတယ်၊ ပရိသတ်အရမ်းကို များပြားလွန်းလှပါတယ်။
တခြားပွဲတွေလို မဟုတ်ဘဲ သတ်မှတ်ထားတဲ့ အချိန်ထက် ၁ဝမိနစ် လောက်သာ နောက်ကျပြီး စောစောစီးစီး ၅ နာရီ ၁ဝ မိနစ်လောက်မှာ စတင်ပါတယ်။

စစချင်းပဲ လေးဖြူ အငဲ မျိုးကြီး ဝိုင်ဝိုင်း နဲ့ အိုင်စီအဖွဲ့သားတွေဟာ နေရောင်အောက်ကအသက်ရှုသံများ သီချင်းနဲ့ စဖွင့်ပါတယ်။ ပြီးတော့ လေးဖြူဟာ သေခြင်းရဲ့တံခါးများ သီချင်းကို ဆိုခဲ့ပြီး ထုံးစံအတိုင်း တစ်ယောက် တလှည့်စီဆိုကြပါတယ်။
နောက်ဆုံးအပုဒ်အနေနဲ့ ၉နာရီခွဲလောက်မှာ လေးဖြူရဲ့ အလင်းရောင်နဲ့ ပွဲပိတ်ခဲ့ပါတယ်။

ပရိသတ်အရမ်းများပြီး အားလုံး အေးအေးဆေးဆေး အောင်အောင်မြင်မြင် ပြီးစီးခဲ့ပါတယ်။ လေးဖြူက သူ ဒီလောက် ပရိသတ်အများကြီးကို တခါမှ မဆိုပြဖူးဘူးတဲ့၊ နောက်ပြီး အိုင်စီအဖွဲ့သားအားလုံးလည်း လေးဖြူသီချင်းပြန်ဆိုလို့ရယ်နဲ့ ပရိသတ်တွေ အများကြီးလာအားပေးလို့ရယ် ဒါတွေကြောင့် အရမ်းပျော်ရွှင်နေကြပါတယ်။ ဒီပွဲဟာ နာဂစ်ရံပုံငွေပွဲဖြစ်တာကြောင့် အနုပညာရှင်တွေရဲ့ ကြိုးစားအားထုတ်ပေးမှုအတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။
ှSources: (Myanmar Cupid Community Forums)

No comments :