Monday 1 September 2008

ဒေါ်စု ထမင်း ချိုင့်ကို လက်မခံ ပဲငြင်းဆန်လျက်ရှိပါတယ်။


ရန်ကုန်

သြဂုတ်-စက်တင်ဘာ ၁

ဒေါ်အောင်ဆန်းစုကြည် ထမင်းပို့ တာကို လုံဝလက်မခံသေးကြောင်းသိရပါတယ်။
ဦးကြည်ဝင်းနဲ့ မနေ့ က နံနက် ၉ နာရီမှာ ၉ နာရီ ၄၅ မိနစ်အထိ တွေ့ ခွင့်ရပါတယ်။
ဒေါ်စုအလွန်အမင်းပိန်ခြုံးနေကြောင်းသိရပါတယ်။ ဆရာဝန်နှင့် တွေ့ ခွင့်မရသေးပါ။
ပြည်တွင်း သတင်းထောက် အတော်များများ တက္ကသိုလ်ရိပ်သာလမ်းတလျောက်တွင်
ရစ်သီရစ်သီဖြင့်ဆက်လက်စောင့်ဆိုင်းနေကြကြောင်းသိရပါတယ်။ တခုခုတော့ထူးနေပြီဟုယူဆနေကြပါတယ်။
အကဲခတ်များအဆိုအရ ဦးကြည်ဝင်းနဲ့ ဒေါ်စုက နအဖ အား သူမတောင်းဆိုချက်များမရမခြင်း
ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုထင်ရပါတယ်။ဒေါ်စုရှေ့နေဦးကြည်ဝင်းနဲ့အန်အဲလ်ဒီစီအီးစီကို သတင်းမှန်ဖုံးကွယ်မှု ကြောင့် ပြည်တွင်းနိင်ငံရေးအင်အားစုများက အလွန်ဒေါသထွက်လျက်ရှိနေပါတယ်။


No comments :