Monday 1 September 2008

ထိုင်းနိင်ငံ က လူထုတိုက်ပွဲ


သြဂုတ်-၃၁

ဆမတ် က လူထုလှုပ်ရှားမှုကို တန်ပြန်ဖြိုးခွင်းတဲ့လုပ်ရပ်တွေလုပ်လာတယ်။
ရဲ အစား သူတို့ ပါတီက စည်းရုံးထားတဲ့ ရပ်ကွက်လူမိုက်တွေနဲ့  လူထုဆန္ဒပြပွဲကို အကြမ်းဖက်
ဖြို ခွင်းစေပါတယ်။ ဒါပေမဲ့  ဆန္ဒပြသမားက သပိတ်ကိုတန်ပြန်ဖြိုခွင်းလာတဲ့ ထိုင်းကြံဖွတ်ကို ၀ိုင်းရိုက် လိုက်ပါတယ်။ ဆမတ်က သန်းရွေလိုပဲလူယုတ်မာဖြစ်ပါတယ်။ သူက နယ်မှာရှိတဲ့ ထိုင်းကြံဖွတ်တွေကို
ကားနဲ့ သယ်လာပြီး ဆန္ဒပြပွဲကိုတန်ပြန် ဆန္ဒပြစေတယ်။ ဒီတော့လူထုခြင်းတိုက်ပေးပြီးတော့ မှ အခြေအနေဆိုးလာပြီဆိုပြီး State of Emergency ကိုကြေညာလိုက်ပါတယ်။ ဒါပေမဲ့  ထိုင်းဆန္ဒပြသမားတွေကို နစ်သက်စရာကောင်းတာတခုကတော့ထိုင်းကြံဖွတ်တွေကိုရရလက်နက်ကိုင်ဆွဲပြီး တိုက်ပွဲဝင်လိုက်ခြင်းပဲဖြစ်ပါတယ်။

ဒီတခါဆန္ဒပြရင်

၁- မေတ္တာမပို့ကြပါနဲ့ တော့ ( မေတ္တာသုတ်အလုပ်မဖြစ် ပါ။ )

၂- မဟတမ ဂန္ဒီနည်းဟာ မြန်မာပြည်နဲ့ မကိုက်ဘူး။

၃- ရရင်ရ မရရင်ချ ဆိုတာကို ပါးစပ်နဲ့ တွင်အော်နေလို့ မရဘူး။

၎- ကဗျာစပ်တာတွေ၊ သီချင်းဆိုတာတွေ ထက် ဒါးကိုပိုသွေးကြဖို့ လိုနေပြီဖြစ်ပါကြောင်း။

တပ်လှန့် လိုက်ပါတယ်။



( ဓါတ်ပုံမှာ ထိုင်းကြံဖွတ်တဦးကို ဆန္ဒပြသမားများက ရဲရဲ ၀ံဝံ ချေမှုန်းတိုက်ခိုက်နေစဉ် )

No comments :