Wednesday 18 February 2009

ပါလီမန်ထဲ က တိုက်ပွဲများ



လက်နက်နဲ့ တိုက်နေတာထက်စာရင် ပါးစပ်နဲ့ တိုက်နေတာ ကောင်းတယ်လို့ ဒေါ်စု က ဆွေးနွေးငြင်းခုန်မှုကို အားပေးခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်ကို သွားတဲ့နေရာမှာ ပါလီမန်ထဲမှာ အမတ်တွေ တဦးကို တဦး အော်ကြီးဟစ်
ကျယ်ဆွေးနွေးတာတွေ၊ ပြင်းထန်တဲ့စွပ်စွဲချက်တွေရှိပါတယ်။ ဒီမိုကရေစီ စနစ်မှာ ဒါဟာ အစိတ်အပိုင်းတရပ်အနေနဲ့ ရှိနေ မယ်ဆိုတာကို ကျနော်တို့  မြန်မာ လူထုက နားလည်လက်ခံဖို့ လိုပါတယ်။ ပဒေသရာဇ် စနစ် နဲ့  အာဏာရှင်စနစ်တွေမှာတော့ ပါလီမန်ဟာ အတုအယောင်သာဖြစ်ပြီး အမတ်တွေဟာလည်း ပွင့်ပွင့်လင်းလင်းမဆွေးနွေးပဲလက်ထောင်ခေါင်းညိပ် ဘ၀ မျှသာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာတော့ ပါလီမန်တွေမှာ အခြေအအတင်ငြင်းခုန်ဆွေးနွေးမှုတွေ မလွဲမသွေရှိလာမှာဖြစ်ပါတယ်။
ဒါကို နိင်ငံရေးသမားတွေ ကွဲနေတယ် လို့ မယူဆစေချင်ပါဘူး။ အိုင်ယာလန်နိင်ငံ ဒဗလင် မြို့ မှာ ပြုလုပ်တဲ့ ၃၃ ဦး ပါလီမန်ထဲမှာ အမတ်ကြီး ဦးသာနိုးက လက်သံပြောင်ခဲ့တာကို ကြည့်ရင် ဒို့ မြန်မာ ပြည်မှာ ဒီမိုကရေစီ အရိပ်အယောင်တော့ နီးလာပြီလို့ ယူဆနိင်ပါတယ်။ အောက်မှာ ဖေါ်ပြထားတာတွေကတော့ ပါလီမန်ထဲက နိင်ငံရေးခေါင်းဆောင်တွေရဲ့ တိုက်ပွဲတွေပါ။ ဒါဟာ ရှက်စရာမဟုတ်ပါဘူး။ စိတ်ပျက်စရာမဟုတ်ပါဘူး။ သဘ၀တခုအဖြစ်ကျနော်တို့ လက်ခံနိင်မှသာ ဒီမိုကရေစီဟာ အဓွန့် ရှည်မှာဖြစ်ပါတယ်။




ဒီပုံကတော့ ဗိုလီးဗီးယံ နိင်ငံပါလီမန်ထဲ က အမတ်တွေ တိုက်ပွဲပါ။ နောက်ကသဘာပတိလိုယူဆရတဲ့သူ က ၀င်ဖြင်တာလား သူမဟာမိတ်ကို စစ်ကူပေးနေသလား ပဲ။


တိုင်ဝမ်ပါလီ မန်ရဲ့ ကမ္ဘာကျော် ပါလီမန် ရိုက်ပွဲတွေထဲ က တိုက်ပွဲ တစိတ်တဒေသ ဖြစ်ပါတ.်။ တိုင်ဝမ်ပါလီမန်မှာ
ပါတီနစ်ခု ရိုက်ပွဲ က အတော်လေးကို လက်သံပြောင်ကြပါတယ်။ လက်ဘက်ရည် အိုးနဲ့ ကောက်ပေါက်တာရှိသလို ဖိုင်တွဲ တွေ နဲ့ ပြစ်ပေါက်ခဲ့ကြတဲ့ အကြိမ်ပေါင်းကလည်း မနည်းလှပါဘူး။ လွတ်တော်ထဲမှာ ရဲ ၃၀၀ လောက်ကိုပါသွင်းပြီး ပါတီနစ်ခုကြားမှာ တံတိုင်းလိုခြားပြီးလုပ်ခဲ့ရတဲ့ အစည်းဝေးအကြိမ်ပေါင်းကလည်းမနည်းလှပေဘူး။ ဘာပဲဖြစ်ဖြစ်လူထုကတော့ ဒီမိုကရေစီအပြည့် အ၀ ရရှိနေပါတယ်။


ဒါကတော့ ဆိုမားလီးယား ပါလီမန်ထဲက တိုက်ပွဲပါ။ အမတ်တွေရဲ့  အာဏာရဲ့ သင်္ကေတာ ကုလားထိုင်က လက်နက် သဖွယ် ပြောင်းလဲသွား ပုံကိုရူ့ မြင်နိင်ပါတယ်။


တိုင်ဝမ်လိုပဲ တောင်ကိုရီးယားပါလီမန် ရဲ့ တိုက်ပွဲတွေက ကမ္ဘာ သတင်းစာတွေထဲမှာ ထယ်ဝါစွာနေရာ
ယူလေ့ရှိသဗျ။ ဒီပွဲမှာ အမတ်တယောက်က တယောက်ရဲ့ နားရွက်ကိုအားပါတရ စွဲလိမ်နေတာတွေ့ ရမယ်။




ချက်နိင်ငံ အစည်းဝေးတခုမှာ နိင်ငံရေးခေါင်ဆောင်နစ်ဦးရဲ့ လက်ရည်စမ်းပွဲကိုတွေ့ ရမယ်။ ကိုယ်တိုင်တိုက်ပွဲကို
ဝင်ထားဘူးသူတွေဆိုတော့ စစ်ဖြစ်လာမဲ့ ဆိုးကျိုးကိုပိုနားလည်နိင်တာပေါ့ လို့ အကောင်းဖက်က လည်းလှည့် တွေး နိင်ပါတယ်။

တူရကီနိင်ငံပါလီမန်က နိင်ငံရေး ခေါင်းဆောင်တွေရဲ့  ပါလီမန်အတွင်းရပ်တည်ချက်ဖြစ်ပါတယ်။ နစ်ဖက်အကြိတ်အနဲ ရိုက်ပွဲဖြစ်လိုက်တယ်။

ကမ္ဘာအကြီးဆုံး ဒီမိုကရေစီနိင်ငံကြီးဖြစ်တဲ့ ပါလီမန် ထဲက တိုက်ပွဲတွေကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
Civil Rights နဲ့ ပတ်သက်တဲ့ ဥပဒေပြု အစည်းဝေးတခုမှာ အမတ်တွေထရိုက်ကြတယ်။ မိုက်ကရိုဖုန်း တိုင်တွေက လှံ အဖြစ်ပြောင်းသွားတယ်။ ဖိုင်လ်တွေက ဒိုင်း တွေလွှား တွေအဖြစ်အသွင်ပြောင်းပြီး စားပွဲခုံတွေက
ကတုတ်ကျင်းတွေ ဖြစ်သွားတယ်လို့ ဆိုတယ်။ ပါလီမန်အမှတ်တွေရဲ့ ဆွေးနွေးငြင်းခုန်၊ ဆဲဆို၊ ရိုက်နက်မှုတွေ ရှင်သန်နေလို့ သာ အိန္ဒိယမှာ စစ်တပ်က အာဏာသိမ်းမှု မရှိတာကတော့ ရှင်သန်နေတဲ့ ပါလီမန်ရဲ့ အကျိုးကျေးဇူးပါပဲလို့ တင်ပြ ပါရစေ။

လွတ်လပ်စွာ ငြင်းခုန်၊ ဆဲဆို၊ ရိုက်နက်နိင်ကြပါစေ -ဒီမိုကရေစီ အဓွန့် ရည်ပါစေ။

- ၀င်းဇော်-




2 comments :

Thiha Kyaw Zaw said...

I do agree with that

Anonymous said...

Why cant you get Burmese MPs fighting photo in recent fight.