Wednesday 18 February 2009

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ၏ အာရှခရီးစဉ်

အင်ဒိုနီးရှား ရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်

အောင်မိုး & ဂျေရာပွန်သော်မဆင် (ဘန်ကောက်)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်ဟာ သူမ၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် အဖြစ် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား အပါအ၀င် အရှေ့တောင်အာရှ နဲ့ အာရှနိုင်ငံများသို့ခရီးလှည့်လည် နေပါတယ်။ အမေရိကန်နိုင်ငံ နဲ့ အာရှနိုင်ငံများ သံတမန် ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်မယ်ဆိုတဲ့ အမေရိကန်ရဲ့ ခိုင်မာတဲ့ ရည်းမှန်းချက်ကို ပြသလိုက် တာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ် နေကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေဟာ သူတို့ရဲ့ ပထမခရီးစဉ်တွေကို ဥရောပ (သို့) အရှေ့အလယ်ပိုင်းဒေသတွေကို သာ စတင်သွားလေ့ရှိတာကြောင့်၊ သူမရဲ့ ခရီးစဉ်ဟာ ထူးခြားတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဥရောပကို ခရီးနှင်ခဲ့ ပြီးသွားပါပြီ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်ဟာ သူမခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ အမေရိကန် နိုင်ငံခြားရေးပေါ်လစီကို ပြန်လည်သုံးသပ်သွားမယ်လို့ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှာ အင်္ဂါနေ့က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတခုအတွင်း ထုတ်ဖော် ပြောဆိုသွား ပါတယ်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ ထိရောက်မဲ့ နည်းလမ်းသစ်တွေကို ရှာဖွေ နေပါတယ်လို့ ဆိုတယ်။

ဒီနေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်ဟာ လူဦးရေ ၂၃၅ သန်းနေထိုင်ပြီး၊ လူဦးရေ သန်း ၁၉၀ ဟာ မူဆလင်ဘာသာ ကိုးကွယ်နေကြတဲ့ အင်ဒိုနီးရှားနိုင်ငံ ကို ရောက်ရှိလာခဲ့ပါတယ်။ ဆန္ဒပြမှု အနည်းငယ် သာရှိပြီး၊ သူမကို အကြမ်းဖက်သမားလို့ အော်ဟစ်တာလေးတွေ တော့ရှိခဲ့ပါတယ်။ အများစု ကတော့ သူမကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတယ်။ အင်ဒိုနီရှားခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပက်သက်တဲ့ အမေရိကန်နိုင်ငံခြားရေးပေါ်လစီကို ထပ်မံ ပြောဆိုသွားတာတွေ့ရပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေကို ထည့်သွင်းပြောဆိုနေတာကြောင့် အမေရိကန် အစိုးရသစ် နဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ သံတမန်ဆက်ဆံရေး ပြန်လည်တိုးတက် လာလိမ့်မယ်လို့ မျှော်လင့် နေကြတယ်။ သမ္မတဟောင်းဂျော့ဘုရှ် လက်ထပ်တုန်းကတော့ အမေရိကန်နိုင်ငံ နှင့် အရှေ့တောင် အာရှ နိုင်ငံများရဲ့ ဆက်ဆံရေးဟာ မြန်မာစစ်အုပ်စု အာဏာရှင်တွေရဲ့ လူအခွင့်အရေး၊ ဒီမိုကရေစီရေးတွေ ချိုးဖောက်နေမှုတွေ ကြောင့် ဆက်ဆံရေးတင်းမာမှုတွေရှိခဲ့တယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကော်ဒိုလီဇာရိုက် (Condoleezza Rice) ဟာ အရှေ့တောင်အာရှအစည်းအဝေး ကို ၂ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကော်ဒိုလီဇာရိုက်ဟာ မြန်မာစစ်အုပ်စု ကို ရက်စက်ကြမ်းကြုတ်သောအာဏာရှင် အဖြစ်ခေါ်ဝေါ် သုံးစွဲလေ့ရှိပါတယ်။

Rest of your post

1 comment :

Anonymous said...

သမ္မတဘုရှ် လက်ထပ်တုန်းက တင်းမာတယ် ဆို
တာ လော်ရာဘုရှ် ကပိုသိပါ လိမ့်မယ်။