Wednesday 18 February 2009

ဘာကြောင့် ဒေါ်လာဈေး မြန်မာ့ ဈေးကွက်မှာ ကျနေတာလဲ



မြန်မာ့  ဈေးကွက်မှာ ဒေါ်လာဈေးကျပြီး မြန်မာငွေ တန်ဖိုး က ထူးထူးခြားတက်နေပါတယ်။ ပြီးခဲ့တဲ့ လများက တဒေါ်လာကို ၁၂၅၀ ကျပ်ခန့် ရှိနေရာကခုဆို ပြည်တွင်းမှာ တဒေါ်လာကို ၁၀၂၀ ကျပ် နဲ့ နယူးယောက်ကနေ ငွေလွှဲ ရင်တော့ ကျပ်ငွေ ၉၈၀ခန့် သာ ရှိပါတော့တယ်။ ဘာကြောင့်ဒီလိုဖြစ်တာလဲ - ဒါက နိင်ငံတကာ
ဒီလိုဖြစ်တာ ကောင်းသလား ၊ အဖြေ ကတော့ မြန် မာ့ဈေးကွက်မှာ ဒေါ်လာ ဟာ demandကျဆင်းလာတယ်
ဆိုတာပဲဖြစ် ပါတယ်။

အရင် က ဒေါ်လာ ကို အများဆုံးလိုခြင်နေတာ ဟာ တေဇ ၊ မက်ဇော်ဇော်တို့ လို ခေတ်ပျက် စီးပွားရေး သမားများနဲ့  သန်းရွှေ လို စစ်ဗိုလ်ချုပ်တွေဖြစ်ပါတယ်။ သူတို့ က ဒေါ်လာကို မလိုတော့လို့ ဖြစ်တယ်။ ဒါကို
ိကြည့် ခြင်း အားဖြင့် သူတို့  ဟာ နိင်ငံခြားက ပစ္စည်းတွေ ၀ယ်ယူမှု ကျဆင်း လာနေပြီဆိုတာကို ပြလိုက်
တာဖြစ်တယ်။ နိင်ငံခြားက ဆောက်လုပ်ရေး၊ ဆေးဝါး၊ စွမ်းအင်၊ စစ်ရေး ပစ္စည်းနဲ့  ဆယ်သွယ်ရေးပစ္စည်းတွေ ကိုဝယ်ယူတာနည်းလာပြီဆိုတာကိုပြသလိုက်တာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်သူတို့စီးပွားရေးလုပ်ငန်းတွေသိသိသာသာ
ထိုးကျလာတာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင်ကမ္ဘာစီးပွားရေ ပျက်ကပ်က မြန်မာ ပြည်ကို ထိနေပြီလို့ သွယ်ဝိုက်ပြီး ၀ံခံလိုက်ရခြင်းဖြစ်
ပါတယ်ခင်ဗျား။

- မိုးသီး -

No comments :