Wednesday 18 February 2009

ကိုယ်ပြန်ပေးရမှာဘာလဲ

NGO's Money and Politics


-မေအိခင်(လယ်ဝေး)-

ကျမတို့ တိုက်ပွဲ တစ်ခုက အောင်မြင်ခါနီးမှာလည်း ပိုမိုရှုပ်ထွေးတဲ့အယူအဆအားပြိုင်မှု အထင်အမြင် လွဲမှားမှု တွေ ဖြစ်တက်ပါတယ်။ ဒါလည်းအောင်ပွဲနီးလို့ အခက်အခဲပိုတွေ့တယ်၊ ဒီအခက်အခဲထဲကနေ ထွက်ပေါ်လာတဲ့ အားတွေကြောင့်အရည်အသွေး ပိုတက် လာမှာပါ။ ခြွင်းချက်တော့ရှိပါတယ်။ သိပ်ပြဿနာကို ကြီးထွားအောင် လိုက်ဖန်တီးနေသူတွေဟာ ကိုယ်တွေရဲ့ မဟာမိတ်အင်အား စစ်မစစ် ဆိုတာ တော့စဉ်းစားချင့်ချိန်ရမှာပေါ့။ တစ်ချို့ ခံနိုင်ရည်အားနည်းသူ အတွေ့အကြုံအရကျော်ဖြတ်မှု နည်းသေးသူတွေ မှာတော့ စိတ်ပျက်တာ အားလျော့တာမျိုးဖြစ်တက်ပါတယ်။ ကိုယ်တွေရဲ့ပြဿနာကြားမှာအဓိက ဇစ်မြှစ်ဟာဘာလဲဆိုတာတော့ရှာဖို့ လို တယ် ဒီဇစ်မြှစ်ဟာမသုံးမဖြစ်ဆိုရင်တော့ ဆင်ခြင်ထုံတရားတွေနဲ့ ချင့်ချိန်ရမှာဖြစ်ပါတယ်။။

စေတနာတွေ နဲ့ နည်းဗျူဟာတွေ ယူဆတာတွေ လွဲချော်သွားတာမျိုးကိုတော့ပြင်လို့ ရနိုင်ပေမဲ့ ကိုယ့်တော်လှန် ရေးတစ်ခုလုံး NGO တွေရဲ့အ၀ါးမျိုမခံရဖို့တော့ သတိချပ်ကြဖို့ ဒီအချိန်သိတ်အရေးကြီးပါတယ်။ အဆုံးစွန်ပြော ရရင် ပြည်သူတွေလွတ်မြောက်ဖို့ ကျနော် ကျမ တို့ တိုက်ပွဲဝင်နေကြတာပါ။ တော်လှန်ရေးလုပ်နေကြတာပါ လို့ ပြောနေတဲ့ အားလုံးအားလုံး ကျမ အပါအ၀င် ဒီသူတွေဟာ ပြည်ပမှာစားသမျှထမင်းပြည်သူနဲ့မကင်းပါဘူး။ ဒုက္ခသည်လျောက်ပြီး နိုင်ငံခြားမှာလုပ်ကိုင်စားသောက် နေရသူတွေတောင် ကိုယ့်လုပ်စာဟေ့လို့ပြောနိုင်ပေမဲ့၊ မြန်မာပြည်သူတွေအပေါ်စာနာမှု နဲ့ နိုင်ငံရေးလုပ်ခဲ့တယ် ဆိုတဲ့ ဂုဏ်ဒြပ် တွေနဲ့ နိုင်ငံခြားမှာ ခိုလှုံခွင့်ရကြတာပါ။ (တော်လှန်ရေးနိုင်ငံရေးအင်အားစုလို့ အမည်ခံထားသူတွေကိုဆိုလိုတာပါ။ နိုင်ငံရပ်ခြားအလုပ်ထွက်လုပ်ရင်းမှ စိတ်ပါဝင်စားလာတဲ့ ဘလော့ကာများ စေတနာရှင် အလှူရှင်များကိုမဆိုလိုပါ။)

လက်ရှိတိုင်းပြည်အခြေအနေပြန်ကြည့်မယ်ဆိုရင် ချောက် ထဲကနေ နွံထဲကျတော့မဲ့ဆဲဆဲပါ။ ဒီအချိန်မှာ ကိုယ်ယုံကြည်ချက်ဟာ နအဖ ကိုတိုက်ဖို့ဆို ဘယ်သူဘယ်နည်းနဲ့တိုက်တိုက် နောက်ထပ် မဲခွဲခြင်းတွေတော့ ပြုလုပ်ဖို့ မထိုက်ဖူးဆိုတာကျမတင်ပြချင် ပါတယ်။ သိပ်အရေးကြီးတဲ့အခြေအနေမှာ နိုင်ငံတစ်ချို့ ဟာ မိမိတို့ ရဲ့ တော်လှန်ရေးနည်းနာတွေကို သူတို့အယူအဆတွေနဲ့ စွပ်ဖက်လာတာ သိပ်ဆိုးပါတယ်။ ပြုသူတွေဟာ အပြစ်မရှိ ပေမဲ့ လက်ခံဆောင်ရွက်သူတွေဟာ သိပ်ကို ရှက်စရာကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ကိုယ်၌ ဒီလိုပြည်ပ နိုင်ငံတွေရဲ့အထောက်အပံ့နဲ့ မကင်းနိုင်ခဲ့ပေမဲ့ ကျမတို့ တော်လှန်ရေး ဟာ NGO ရဲ့လက်အောက်မှာတော့ဘယ်နည်းနဲ့မှ မဖြစ်သင့်ပါဘူး။ ကျမကြားရပါတယ် သိလည်းသိရပါတယ်။ ပြီးခဲ့တဲ့ စစ်အုပ်စုကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အဖြစ်တရားမ၀င်ကြောင်အရေးယူတင်သွင်းတဲ့ C C ကိစ္စမျိုးမှာဆိုဥရောပနိုင်ငံတစ်ချို့ ကဒီကိစ္စ ကိုမကြိုက်ဘူး ။ ဥရောပနိုင်ငံတစ်ချို့ ကမကြိုက်လို့ လိုက်မလုပ်ရဲ ခဲ့တဲ့အဖြစ်မျိုးရှိခဲ့တယ်။ ဒီကိစ္စမှာ သူတို့မကြိုက်တာ ဘာဖြစ်လဲ သူတို့ နိုင်ငံအရေး သူတို့ လူမျိုးအရေးမှမဟုတ်ပဲ ကျမတို့ နိုင်ငံနဲ့ ကျမတို့ လူမျိုးအရေးမှာ သူတို့ ကူညီချင်ကူညီ မကူညီချင်နေပေါ့။

ဒီအကူအညီတွေမရတော့မှာဆိုးလို့ NGO သဘောအတိုင်းလိုက်လျောညီထွေ လုပ်မိတဲ့ ဒေါက်တာစိန်ဝင်းခမျာလည်း မျက်နှာ မဖေါ်သာတော့ပါဘူး။ ဟိုး ပြီးခဲ့တဲ့ စစ်အုပ်စုလုပ်တဲ့ အချက်(၄) (အခြေခံဥပဒေမဲ ထဲ့ရေး) မှာလည်းဒီလိုပဲ ဘာတွေများ တွေးပြီး ဆုံးဖြတ်လိုက်ကြလဲမသိဘူး။ ကန့်ကွက်မဲသွားထဲ့ရေး လှုံ့ဆော်လိုက်တာဖြင့် NGO တွေကနေတဆင့် ရတဲ့ ပြည်တွင်း ဖုန်းဆက်ခ ဖုန်းဖိုးတင် အတော်သုံးလိုက်တယ်ဆိုပဲ။ ဖြစ်သင့်သလား ဆိုတာ ကျမလို နိုင်ငံရေးမသိတဲ့ပါမွှားတောင် ချင့်ချိန်မိလို့ သတင်းစာတစ်ချို့ မှာအမုန်းခံပြီး ဆောင်းပါးတွေ ရေးတင်ခဲ့ပါတယ် ။ ကျမအင်အားက ဘာမို့ တုန်း အများညီတော့ ဤ တောင် ကျွဲ ဖြစ် ဆိုသလိုပဲ န အ ဖ လုပ်တဲ့လမ်းစဉ်ခုနှစ်ရပ် ထဲကအချက်(၄) ကိုသွားဝင်ပတ်သတ်လိုက်ပြန်ရော --ဒါလည်း NGO အကြိုက် ပဲဖြစ်ခဲ့တာကိုး။

ကျမတို့ တိုင်းပြည်ဒုက္ခရောက်နေတယ်။ ပြည်သူတွေ စစ်အုပ်စုဘေး သဘာဝဘေး အငတ်ဘေးတွေနဲ့ ကြုံနေ တယ်။ ဒါတွေကိုဖွံ့ ဖြိုးပြီးနိုင်ငံတွေကကူညီတယ်။ သူတို့အကျိုးကြည့်ကြည့် မကြည့်ကြည့် ကျမတို့ကတော့ ဒီလိုထောက်ပံ့လာတာတွေကို ချင့်ချိန်ပြီး ယူရမယ်။ ကိုယ်ပြန်ပေးရမှာ ဘာလဲ ကိုယ်ယုံကြည်ချက်နဲ့ ကိုယ့် လမ်းစဉ် နဲ့ ဒီငွေတွေနဲ့ လဲရမယ်ဆို ရဲရဲသာ ခါထုတ်လိုက်ပါ။ ရပ်တည်ရေးအတွက် မပူပါနဲ့ စေတနာမှန်ရင် လာပါလိမ့်မယ်။ ကမ္ဘာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အယူအဆမူဝါဒခြင်းမတူတဲ့အတွက် တူတဲ့သူခြင်းရပ်တည်လာ ပါလိမ့်မယ် ။

ကျမဒီဆောင်းပါးကိုတင်ပြရတာတော့ ကျမတို့တစ်တွေ ၂၀၁၀ ကို အပြတ် ကန့်ကွက်ဆန့်ကျင်မယ်။ လက်မခံဘူး ဘက်ပေါင်းစုံ ကနေ နည်းပေါင်းစုံနဲ့ ဆန့်ကျင်သွားမယ်ဆိုတဲ့အခါ အသံထွက်လာပါတယ် တစ်ချို့ သော နိုင်ငံများက ဒေါ်လာထုတ်လေးပြပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရင် ဒါ ---ရမယ်ဆိုတာမျိုး ကူညီမယ် ဆိုတာမျိုး --အဲဒီအခါ အညှာမခိုင်သူများဟာ ယိုင်လာကြပြီး ကိုယ်ကိုယ်တိုင်တော့ ပြန်မ၀င်ရဲ ၀င်ရဲ နဲ့ မို့ နီးစပ်ရာ ပုဂ္ဂိုလ်တွေကိုတိုက်တွန်းပြီး မြန်မာပြည်ကို နွံ ထဲ နစ်မဲ့အဖြစ်တော့ မလုပ်မိကြပါစေနဲ့ လို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။

အောင်ပွဲနီးလေ အခက်အခဲကြီးလေ
အခက်အခဲကြီးလေ အရည်အသွေးတက်လေ

Rest of your post

1 comment :

Gandhi said...

I fully agreed with your idea. The nearer our victory, the more difficulties we face.