Wednesday 15 July 2009

ဒီနေ့  နိင်ငံရေးအတွက် သိထားရမဲ့  မေးခွန်း ၅ ခု

- နိင်ငံရေးအကျဉ်းသား တွေကို ဘယ်တော့ ပြန်လွတ်ပေးမှာလဲ
- ဦးတင်းဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိင်နဲ့ နိင်ငံရေးအကျဉ်းသားတွေ ပါမှာလား
- သူတို့ ရွေးကောက်ပွဲ ၀င်ခွင့်ပြုမှာလား
- လွတ်လပ်ပြီးတရားမျှတတဲ့  ရွေးကောက်ပွဲကျင်းပပေးမှာလား
- ရွေးကောက်ပွဲမှာ အနိင်ရပါတီကို အာဏာလွဲပြောင်းပေးမယ်လို့ ဘယ်သူက အာမခံမှာလဲ

7 comments :

Anonymous said...

၂၀၁၀ ရွေးကောက်ပွဲ အကြောင်း စကားထဲ ထည့်ပြောစရာ အကြောင်းမရှိဘူး။ ၁၉၉၀ မှာ ရွေးကောက်ပွဲ လုပ်ပြီးပြီ၊ NLD အနိုင်ရပြီးပြီ။ နအဖ က အာဏာလွှဲ မပေးချင်လို့ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အသစ်ဆွဲ ဖို့ အကြောင်းပြပြီး လွတ်လပ်စွာ ပါဝင်ရွေးဆွဲခွင့် မရတဲ့ အမျိုးသားညီလာခံ လုပ်တယ်။ NLD က ညီလာခံ ကိုသပိတ်မှောက်ပြီး နောက် လက်ညိုးထောင်ခေါင်းညိတ် တွေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မယ့် ဥပဒေကို မတရားတဲ့ နည်းလမ်းမျိုးစုံ သုံးထားတဲ့ ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်ပြီး အတည်ပြုတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကို အာဏာလွှဲမယ်ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲ ကပုံပြင်တစ်ပုဒ် ဖြစ်သွားပြီလား။ NLD က ၂၀၁၀ မှာ ထပ်ပြီး ရွေးကောက်ပွဲမှာ ၀င်မယ်ဆိုရင် တော်တော် ဦးနှောက်နဲပြီး နအဖ ဆင်တဲ့ ဂွင်ကို တည့်တည့်တိုးတာပဲ။ ဘန်ကီမွန်း နဲ့ UN က နားယောင်တိုင်း လိုက်ယောင်နေလို့ မဖြစ်ပါဘူး။ အခြေခံ ဥပဒေ ကို NLD အပါအ၀င် ၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေ နဲ့ တိုင်းရင်းသားအင်အားစုတွေ၊ တစ်ခြား လက်နက်ကိုင် အင်အားစုတွေပါ အားလုံးစုံညီပါဝင် ရွေးဆွဲပြီး ပြည်သူပြည်သား အားလုံးက ကျေနပ်ရင် အဓိက အနိုင်ရပါတီ ဖြစ်တဲ့ NLD ကို အာဏာလွှဲပေး ရမှာဖြစ်တယ်။ အားလုံးသတိရှိရှိနဲ့  နအဖ လှည့်ကွက်ထဲ မရောက်ဖို့ နဲ့ UN အပါအ၀င် နိုင်ငံတကာ ကိုပါ အမှန်တကယ်ဖြစ်သင့်တဲ့ ဒီလမ်းကြောင်းကို တိတိကျကျ ပြောနိုင်ရမှာဖြစ်တယ်။

Anonymous said...

တခုထပ် ထည့် ချင်တယ်။

ရွေးကောက် ပွဲမှာ ပြည်သူတွေ စိတ်လွတ်လက်လွတ် မဲထည့်နိုင်ဖို့၊ ပြည်သူတွေစီမှာ ဖိအား တွေ ကြောက်လန့် မှုတွေဖယ်ရှား ဖို့ လိုအပ် တယ် ထင်တယ်။ အဲဒီတွေ ဘယ်သူကအာမခံချက်ပေး ပြီး ဖယ်ရှားပေး မှာလဲ။

santun said...

အဓိကအကျဆုံးက ရွေးကောက်ပွဲမဟုတ်ဘူး၊ အခြေခံဥပဒေပြင်ဆင်ရေးပါ၊ ဒီအခြေခံဥပဒေကြီးအောက်မှာလုပ်တဲ့ရွေးကောက်ပွဲက ဘယ်သူပြိုင်ပြိုင်၊ဘယ်သူနိုင်နိုင် စစ်ကျွန်ဘဝကလွတ်မှာ မဟုတ်ဘူး၊ နအဖက အခုချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပြီးနိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေခေါ်ပြီးရွေးကောက်ပွဲလုပ်ရင်တောင်ရနေပြီ၊ ဒီအခြေခံဥပဒေပြင်အောင်လူထုကအုံကြွမှရပါလိမ့်မယ်၊

Anonymous said...

လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ လုပ်ခဲ့လို့  NLD အနိုင်ရခဲ့ပေမယ့် နအဖ က အာဏာလွှဲမပေးချင်လို့ မပေးတာ မှာ နအဖ အာဏာတည်မြဲနေသရွေ့  NLD လည်း အာဏာရမှာ မဟုတ်ဘူး။ ဗမာပြည် လည်းဒီမိုကရေစီ မရဘူး။ နအဖ ကိုလုံးဝ အပြတ်ရှင်းမှရမယ်။ အတိုက်အခံ တွေဟာ တခါတခါ ဝေ့လည်ကြောင်ပတ်လုပ်တယ်။ နအဖကို ရအောင်တိုက်၊ ရတဲ့နည်းနဲ့ ရှင်း။ ပြည်ပက သံတမန်ရေး နဲ့ ဖိအားပေးတာ အလုပ်မဖြစ်မှန်းသိသိနဲ့ လုပ်စားနေတာတွေရပ်ပြီး လက်နက်၊ နည်းပညာ နဲ့  နည်းဗျုဟာ အကူအညီရအောင်လုပ်ကြ။

moe hay ko said...

စစ်မှန်ပြီးတရားမျှတတဲ့ရွှေးကောက်ပွဲလဲဖြစ်မယ်၊NLDလဲပါဝင်ယှဉ်ပြိုင်မယ်ဆိုရင်....တခါမဟုတ်ဖူး၊ဆယ်ခါဝင်ပြိုင်...NLD ဘဲနိုင်မှာဘဲ။နအဖကလဲ..သူတို့မနိုင်မချင်း.အခါ၁၀၀ရွှေးကောက်ပွဲလုပ်မှာဘဲ...
ရွေးကောက်ပွဲတို့၊မဲဆန္ဒတို့ဆိုတာအာဏာရှင်ဆိုတဲ့ခန္တာကိုကြီးကိုမမြင်နိုင်အောင်ဟန်ဆောင်ဖုံးကွယ်ထားတဲ့၊လူကြည့်ကောင်းအောင်ဝတ်ထားတဲ့..အဝတ်အစားတွေပါ။

Anonymous said...

ဘာမှ ရွေးကောက်ပွဲဝင်စရာအကြောင်းမရှိဘူး၊ ဒီရွေးကောက်ပွဲကို ဝင်အရွေးခံမှာလားလို့ မေးကတည်း ကိုက သူတို့ရဲ့ ကြက်သရေမရှိတဲ့ အခြေခံဥပဒေကို ထောက်ခံပြီးသားဖြစ်နေပြီနော် ဆရာတို့

Anonymous said...

-The political prisoners will never be released because there is no political prisoners in Burma but if it is to released the day will be a day before the election
- it is complicated if they compete in the junta's election, it shows that they accept the junta's constitution
-there will never be fair and transparent election during the reign of dictators
- surely there will be transfer of power if the junta's party wins. Where is the rule and regulation for the election, have they fixed the date for election