Monday 28 September 2009

နားဂစ် လူသတ်တရားခံ သိန်းစိန် နဲ့  ညဏ်ဝင်း ဖိနပ်နဲ့ အပေါက်ခံရ ပြီ





လူနည်းပေမဲ့ သွေးမကျဲ တဲ့ နယူးယောက် တိုက်ပွဲ
-ကြားဖြတ်သတင်း-

သိန်းစိန် နဲ့ ညဏ်ဝင်း ကို ဒီနေ့ နယူးယောက်ရှိ မြန်မာ များ က ဖိနပ်များနဲ့ ပေါက်ပြီးဆန္ဒပြလိုက်ကြပါတယ်။ သူတို့ နစ်ယောက်နဲ့  အဖွဲ့ ဟာ နယူးယောက်မြို့  ၃၉ လမ်း East Gate Hotel မှာ တည်းခို ကြတယ်။ ဆန္ဒပြတဲ့အင်အားစုများက နံနက် စောစော ၇ နာရီ မှာ ဟောတယ်ရှေ့ ကိုရောက်ကြတယ်။တနင်္လာနေ့ ဖြစ်တာတကြောင်း ၊ နံနက်လင်းအားကြီးဖြစ်နေတာတကြောင်းကြောင့်လူ ၂၀ ခန့် သာလာနိင်ပါတယ်။ သူတို့  နောက် လိုက်များ၊ သံတမန်လုံခြုံရေးများ၊ ရဲများကဆန္ဒပြအင်အားထက်ပိုမိုများနေပါတယ်။ နံနက် ၈ နာရီခန့် မှာ ညဏ်ဝင်းနဲ့ အဖွဲ့ က ကားနစ်စီးနဲ့ ထွက်လာတယ်။

ဟော်တယ်အပြင်ဖက်ရောက်လာတဲ့အခါမှာတော့ ကိုမိုးသီးနဲ့ ၃ ယောက်က ဖိနပ်နှင့်ဝိုင်းပေါက် လိုက်တဲ့အခါမှာ တိုက်ပွဲစလိုက်ပါတယ်။ Mr Creator က ကော်ဖီခွက်နဲ့ ညဏ်ဝင်းကိုလှမ်းပက်လိုက်ပါတယ်။ အနီးကပ်ပြစ်ခတ်ကြတာဖြစ်တယ်။
ညဏ်ဝင်း လန့် ပြီး ကားထဲကိုငုံရှောင်တယ်။ သူလူများက လက်နဲ့ ဝိုင်းကာ ကြတယ်။ ကားကို အတင်းမောင်းပြေးတယ်။သံဃာနစ်ပါးနှင့် မမေစန္ဒာစိုးညွန့် တို့ က လူသတ်သမားများ၊ သူခိုးများ လို့ အော်ဟစ် ဆန္ဒပြကြပါတယ်။ သူတို့ ကြောက်အားလှန့် အားဖြစ်ပြီး ကားမောင်းပြေးပါတယ်။ သိန်းစိန် ကျန်ရစ်ခဲ့တယ်။ သိန်းစိန်ကားက ကားလမ်းကို ပြောင်းပြန်မောင်းပြီးပြေးပါတယ်။ ဆန္ဒပြသမားက ရဲများကို Ticket ပေး၊ Ticket ပေးလို့ ဝိုင်းအော်ပေးလိုက်ကြတယ်။ သိန်းစိန် ကားခေါင်းခန်းက ပါသွားတာကိုတွေ့ လိုက်ရတယ်။ ပြောင်နေတဲ့နဖူးကို ပတ်ဖို့ ထားတဲ့နောက်စေ့က ဆံပင်ကျို့ တို့ ကျဲတဲမှာ အခွေ လိုက်ပြုတ်ကြသွားတာကိုတွေ့ ရပါတယ်။


ဖိနပ်နဲ့ ပေါက်သူများကို ရဲကလာဖမ်းတယ်။ ရုမ်းရင်းဆန်ခတ်ဖြစ်နေတဲ့အတွက် ဖိနပ်နဲ့ ပေါက်သူများထဲမှာ တယောက်ကိုသာရဲ ကဖမ်းဆီးနိင်ခဲ့ပါတယ်။ ထိုသူမှာလည်း ထွက်ပြေးလွတ်မြောက်နိင်ခဲ့ပါတယ်။ မိမိဖက်မှာ အကျအဆုံးမရှိပါ။ လူနည်းသော်လည်း
ညီညီညာညာ တိုက်ပွဲဝင်နိင်သဖြင့် အကျိုးအမြတ်ကြီးလှပါတယ်။

ဗွီအိုအေမှာ သတင်းထောက်နစ်ဦးက လာရောက်မှတ်တမ်းတင်ဗွီဒီယိုရိုက်ပါတယ်။ Mizzima သတင်းဌာနမှာ တယ်လီဖုန်းဖြင့်သတင်းရယူပါတယ်။ အာအက်ဖ်အေမှသတင်းထောက်များကိုမတွေ့ ပါ ။ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ခြင်းမပြုကြပါ။

ဒီနေ့ ညနေ ၄ နာရီမှာ လည်းကောင်းတို့ တည်းခိုရာဟောတယ်ရှေ့ မှာဆက်လက် ဆန္ဒပြဦးမှာဖြစ်ပါတယ်။ နယူးယောက်ညီအကိုမောင်နမများ အင်အားပြကြဖို့ တိုက်တွန်းနိုးဆော်ပါတယ်။ နေရာနဲ့  ဆက်သွယ်ရန်များကို အောက်မှာ ဖေါ်ပြထားပါတယ်။




13 comments :

Anonymous said...

How far are the shoes and eggs from Nyan Win and Thein Sein? 100 meters? Hit anyone? Hit the fence? I heard the news on VOA and BBC. But not clear.

ADDRESSEE said...

သိန်းစိန် နဖူးကိုထိအောင်ပေါက်ပါဗျာ လာပေါက်ခြင်လာတယ် cheers

jamshan said...

Great and Sweet News. Thanks and Respect for those who did it.

Unknown said...

မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှူသမိုင်းမှာ အတောက်ပြောင်ဆုံးနဲ့ အထိရောက်ဆုံး ကန့်ကွက်သည့် မှတ်တမ်းအဖြစ် မှတ်တမ်းတင်သင့်သည်။

Anonymous said...

Good and Sweet News. Thanks and Respect to the people who did it.

Anonymous said...

Congratulation!

Anonymous said...

အားပေးလိုက်တယ်. ကိုမိုးသီးရေ။ နယူးယောက်မှာ မရှိလို့ မလာဖြစ်ပေမယ့်။ စိတ်ထဲကတော့ တံတွေးနဲ့ပါ ထွေးလိုက်ပါတယ်။ ကျနော့်အတွက်ပါ တဖက်စာလောက်..

Anonymous said...

မိုးသီး ကိုယ့်ကိုယ်ကိုယ် အသက်တိုအောင် လုပ်နေသည်... မိုးသီး တို့အဖွဲ့ကို ရန်ငြိုးထားပြီး အပျက်ချေမှုန်းသုတ်သင်လိမ့်မည်..သတိသာထားပေတော့.. မြန်မြန်သာ ဆုတောင်းထားပေတော့...သတ်မည့်အဖွဲ့များကို ပြောထားသည်...မှတ်ချက်(ပြည်တွင်းမှာသာ)

Anonymous said...

Well done! They deserve it...
Pls go and protest..on behalf of burmese...
pls do what you can..
I will do what i can in my area...
cheer!

Anonymous said...

great news.thanksssssssssssssss.

Anonymous said...

Bravo!!!!

Anonymous said...

၂၀၀၇မှာ မြန်မာပြည်မှာ သံဃာကို ကိုးကွယ်သူတွေ=
သံဃံသရဏံ ဂန်းစာမိ ခဲ့ကြရရှာတယ်။
၂၀၀၉မှာ နယူးယောက်မှာ သံသရာဘီး တပတ်လည်ပြီ။
သန်းရွှေကို ကိုးကွယ်တဲ့ သိန်းစိန်တို့ ဖိနပ်စာမိခဲ့ကြတယ်။
ကောင်းလေစွ။

သန်းရွှေ သရဏံ (သိန်းစိန်)ဖိနပ်စာမိ။
သန်းရွှေ သရဏံ ဖိနပ်စာမိ။
သန်းရွှေ သရဏံ ဖိနပ်စာမိ။

Pan said...

I totally agree with the following blogger:

http://kopaw07.blogspot.com/2009/09/blog-post_30.html

မြန်မာပြည်တွင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်တိုင်း အမေရိကားကနေပြီး “ဒီနေ့အဖို့ ဘတ်စ်ကားတစင်းလောက် မီးမရှို့နိုင်ရင် ဒီမိုကရေစီအကြောင်း ပြောမနေနဲ့တော့” စသဖြင့် မဆီမဆိုင် မြှောက်ထိုးပင့်ကော်လုပ်တတ်ပါတယ်။ အချို့ ဆရာကြီးများလည်း ပြည်တွင်းကို လူငယ်တွေ လက်နက်ကိုင်ပြီး လျို့ဝှက်ဝင်ရောက်ဖို့ အကူအညီတွေ ပေးပါတယ်။ ဘာလုပ်ခိုင်းချင်သလဲတော့ မသိဘူးပေါ့လေ။

ကဲ…. အခု အမေရိကန်ပြည်ထောင်စုမှာ သိန်းစိန်တို့၊ ဥာဏ်ဝင်းတို့ ရောက်လာတဲ့အခါကျတော့ အဲဒီဆရာကြီးများ လုပ်နိုင်တာက ဖိနပ်နဲ့ ပေါက်တာလောက်ပဲ လုပ်နိုင်ကြတယ်။ လုပ်မယ့်လုပ်ရင် အပီလုပ်ပါ။ အခုတော့ သူတို့လုပ်ရပ်က အမေရိကားမှာ လက်နက်တွေ ဖောချင်းသောချင်း ရောင်းချပေးတဲ့ လက်နက်ခဲယမ်းဆိုင်ကြီးတွေကိုတောင် အားနာဖို့ကောင်းတယ်။