Monday 28 September 2009

ကိုဇော်ဝင်းနဲ့  ရဲ အင်စပက်တာ အချီအချ ဆွေးနွေးခန်း

ကိုဇော်ဝင်းနဲ့  အင်စပက်တာ အချီအချ ဆွေးနွေးခန်း

အင်စပက်တာ- မင်းတို့ မှာ ဆန္ဒပြတဲ့ပါမစ်ပါလား
ဇော်ဝင်း- မပါဘူး။ ဒါပေမဲ့ မင်းတို့  ဘော့စ်ကို ငါညကတည်းက အကြောင်းထားတာပဲ။

အက်စပက်တာ- မင်းတို့ ဘာကြောင့်ဒီလောက်ဒေါသထွက်နေရတာလဲ ။

ဇော်ဝင်း- ဒီကောင်တွေက လူသတ်သမားတွေကွ၊ ငါတို့ ထဲမှာ အသတ်ခံရတဲ့သူတွေရဲ့  အမျိုးတွေပါတယ်ကွ။ မင်းတို့  အခုအကာကွယ်ပေးနေတဲ့ သိန်းစိန်နဲ့ ညဏ်ဝင်းဆိုတဲ့ သူတွေက ရာဇ၀တ်သားတွေကွ၊့ သံဃာတွေ၊ကျောင်းသားတွေကိုသတ်ထားတယ်။
မင်းသိလား၊ ဒီကောင်တွေ မူးယစ်ဆေးဝါး ဒီလာတွေကွ။ သူတို့ ဟီရိုးအင်းတွေသယ်လာတယ်လို့ ဒို့ သတင်းရထားတယ်။ မင်းကြည့်စမ်း သိန်းစိန် ကားလမ်းကိုပြောင်းပြန်မောင်းသွားတယ်။ ဒီကောင်ဥပဒေကို အမြဲ ချိုးဖေါက်နေတဲ့ကောင်ကွ။ မင်း Ticket ပေးလို့ ရတယ်။

အင်စပက်တာ- ဖိနပ်နဲ့ ပေါက်တာဘယ်သူတွေလည်း မင်းသိလား။
ဇော်ဝင်း- ငါမသိဘူးကွ ။
အင်စပက်တာ- မင်းတို့ ထဲက ခေါင်းဆောင်ဘယ်သူလဲ
ဇော်ဝင်း- ငါတို့ အားလုံးက စပါတပ်ကပ်တွေကွ

အင်စပက်တာ- သူတို့  က ဘယ်အဖွဲ့ ကလည်း
ဇော်ဝင်း - အဖွဲ့ တွေက အများကြီးကွ။ တယောက်နဲ့ တယောက်လည်း တည့် ကြတာမဟုတ်ဘူးကွ။ ငါလည်း အကုန်လုံးမသိဘူးကွာ။

အင်စပက်တာ- မင်းတို့ အော်နေတဲ့ ခွေးသူတောင်းစား သိန်းစိန် ဆိုတာ ဘာအဓိပါယ်လဲ ကွ ။
ဇော်ဝင်း - သူနာမည်ရင်းလေ။


အင်စပက်တာ- ဖိနပ်နဲ့  ပေါက် တာ တွေမင်းမြင်ရဲ့ သားနဲ့  ငါကိုမညာနဲ့ ။
ဇော်ဝင်း - မမြင်ဘူးကွ၊ ငါမျက်စိက အဝေးမှုန်တယ်။

အင်စပက်တာ - ထွက်ပြေးသွားတဲ့ကောင်ကိုမင်းသိရမယ်။
ဇော်ဝင်း-မသိဘူး။ ဒါပေမဲ့ ကွာ သူမှာ မိန်းမ နဲ့ ကလေးတွေရှိကောင်းရှိမှာပဲ။ ထားလိုက်ပါကွာ။

4 comments :

ကရင်လေး said...

ကြိုက်သွားပြီ ကိုဇော်ဝင်းရေ။ အဲဒါမှသူရဲကောင်းဗျ။

မေအိခင် said...

ရီလိုက်ရတာ ချဗျို့  ကျုပ်တို့ က ပြတ်ပြတ်သားသား ဆန့် ကျင်း ဘယ်နည်းနဲ့ ချချကြိုက်ပြီးသား ခု အော်နေတဲ့  နယူးယောက် က သူတွေ အစဉ်အလာရှိသူတွေ ကြည့် ပါပဲ ပုံတွေ ကိုကြည့်တာနဲ့ သိတယ် ။ အာပလာ တွေ ဘယ်ပျောက်နေတုန်း ဗျို့  အဖွဲ့  ဖွဲ့ နေတယ် ထင်ရဲ့ 

အေကေအမ် said...

အင်တာဗျူးက ရီလည်း ရီရ ထိလည်းထိမိတယ်ဗျာ... အားပေးလျက်ပါ.. အမေရိကန်မှာ မဟုတ်လို့ လာပြီး ဖိနပ်တွေ ကြက်ဥပုတ်တွေနဲက ထောပနာမပြုနိုင်တာ သိပ်ဝမ်းနည်းမိပါတယ်..

Anonymous said...

၂၀၀၇မှာ မြန်မာပြည်မှာ သံဃာကို ကိုးကွယ်သူတွေ=
သံဃံသရဏံ ဂန်းစာမိ ခဲ့ကြရရှာတယ်။
၂၀၀၉မှာ နယူးယောက်မှာ သံသရာဘီး တပတ်လည်ပြီ။
သန်းရွှေကို ကိုးကွယ်တဲ့ သိန်းစိန်တို့ ဖိနပ်စာမိခဲ့ကြတယ်။
ကောင်းလေစွ။

သန်းရွှေ သရဏံ (သိန်းစိန်)ဖိနပ်စာမိ။
သန်းရွှေ သရဏံ ဖိနပ်စာမိ။
သန်းရွှေ သရဏံ ဖိနပ်စာမိ။