Monday 28 September 2009

စစ်ရာဇ၀တ်ကောင်သိန်းစိန်-ဥာဏ်ဝင်း ဆန့်ကျင်ရှုံ့ချပွဲ(ညနေပိုင်း)

Part(1)


Part(2)


မှတ်တမ်းတင်သူ-Ko Aung Min Htun(New York)
တည်းဖြတ်တင်ပြသူ-Mr.Big Guy(Ph#707-456-7493)

It is Just beginning

Source:VOA



It is Just beginning

ကျနော်တို့ မှာ ဗွီဒီယိုမပါသွားတဲ့အတွက် လှုပ်ရှားမှု အားလုံးကို မဖေါ်ပြနိင်တာခွင့်လွတ်ပါ။ ဗွီအိုအေက တည်းဖြတ်ပြီးသလောက်ပဲ
တင်ပြနိင်ပါတယ်။ ဆန္ဒပြရဲဘော်တွေ က သိန်းစိန် နဲ့  ညဏ်ဝင်းကိုစောစောစီးစီး အမျှဝေသံ၊ ဖိနိပ်တွေ နဲ့ ဝိုင်းပေါက် ကြတဲ့ပုံတွေ တစိတ်တဒေသ်နဲ့  ကျေနပ်ပါဦး နော်။ ဆက်လာဦးမှာပါ။ ဒီထက်ကောင်းတာတွေနဲ့ ပေါက်ဖို့ လည်းအစီအစဉ်တွေရှိပါတယ်။
ဒါအစ ပဲရှိပါသေးတယ်။

ဖိနပ်ဝယ်မယ်ဆိုရင် - Aldo မှ စိတ်ချရတယ်။

ဖိနပ်ဝယ်မယ်ဆိုရင် - Aldo မှ စိတ်ချရတယ်။
လျောက်လို့ ကောင်း- ပေါက်လို့ မလွဲ ။
နစ်ခါပြစ်တာ နစ်ခါစလုံးမှန်တယ်။
Brand - Aldo -
Size - 44 ( US-11)
Type- Arsilas
Cost- $ 99.00
Owner - မိုးသီးဇွန်

Monks’ path of resistance

Saffron Revolution-Burma Monks

Activists fling shoes at Burmese FM in New York

These criminals do not represent the country.
These criminals do not represent the people of Burma.
They are not the legitimate government elected by the people.



(WFWW)

by Mungpi
Tuesday, 29 September 2009 00:07

New Delhi (Mizzima) - Burmese activists in New York on Monday threw shoes at visiting Foreign Minister Nyan Win, an act of opposition against his representation of the Southeast Asian nation at the 64th United Nations General Assembly.

Moe Thee Zun, a former student leader and activist, said he, along with nearly 20 friends, laid in wait of the Burmese Foreign Minister near his guest house and flung shoes and other objects toward the car conveying Nyan Win to United Nations headquarters.

“I took off my shoes and flung them at Nyan Win, the sight of him makes me angry,” said Moe Thee Zun, who as a student leader in 1988 took to the streets in Rangoon, leading mass protests demanding democracy.

“These men should not be representing our people, whom they are brutally killing and suppressing,” he added, satisfied that he and several of his friends flung shoes and other materials at the Burmese FM.

One protester “threw his coffee and there were stains on the car, though it did not get on Nyan Win,” he added.

Both Nyan Win and Prime Minister Thein Sein, who are attending the General Assembly, are lodged in East Gates Hotel on 39th Street in New York, and are the first Burmese generals to attend the annual congregation in14 years.

On Monday, Thein Sein delivered a speech at the General Assembly, prior to which he met with Senator James Webb, a strong advocate of engagement with the military regime, to discuss US-Burma relations.

“We did not realize that Thein Sein was in a separate car. We thought he was along with Nyan Win in the same car, but later we saw him in another car,” said Moe Thee Zun.

He said, the Burmese generals should not be representing the people of Burma, as they are not the legitimate government elected by the people.

Moe Thee Zun said he and his friends are gearing up for another round of surprise attacks on the Burmese delegation when they return to their hotel in the evening.

လူသတ်တရားခံ သိန်းစိန်-ညဏ်ဝင်း အဖွဲ့ ကို ဆန်ကျင်ရှုတ်ချတဲ့ ပွဲကြီး - ဒုတိယပိုင်း

လူသတ်တရားခံ သိန်းစိန်-ညဏ်ဝင်း အဖွဲ့ ကို ဆန်ကျင်ရှုတ်ချတဲ့ ပွဲကြီး

ဒုတိယ ပိုင်းကိုဆက်လက် ရှု့ စားရပါမယ်။ ဗွီဒီယိုကို တည်းဖြတ်နေတဲ့အတွက် ပြီးတာနဲ တင်ပေးမယ်။


'' Small doses not matter ''


'' The Most Aggressive Campaign and The Most Pro-Active Campaign in 2009.

You will hear the most powerful voice of Freedom by sons and Daughters of 88.


Burma - Burma - must be Free

Freedom and Justice for Mother Land.


Don't go a way - Stay with US.


We Fight We Win



လူသတ်သမား ဥာဏ်ဝင်း ဖိနပ်စာမိ

စော စော စီးစီးဥာဏ်ဝင်း ဖိနပ်စာ မိသွားရှာတယ်။ သိန်းစိန်ထွက်ပြေးလွတ်မြောက်သွားတယ်။ ကုလသမဂ္ဂညီလာခံမှာ စကားတောင်ကောင်းကောင်းမပြောနိင်ဘူး။ ထစ်နေတယ်။ တုန်နေတယ်။

ဓါတ်ပုံ ရိုက်နေတဲ့သူတွေကလည်း စိတ်မထိမ်းနိင်တော့ ၀င်ဆဲတော့
ပုံကောင်းတွေလွှတ်သွားတယ်။ ဗွီအိုအေမှာတော့ ဗွီဒီယိုမှတ်တမ်း ရသွားတယ်။

ကျနော်တို့ ဓါတ်ပုံတွေရရင် တင်ပေးပါမယ်။ အားရပါးရကြည့်ရပါစေမယ်။ဖိနပ် နဲ့ ပေါက်တဲ့ ကိုမိုးသီးနဲ့ အမည်မဖေါ်လိုတဲ့ မိတ်ဆွေ နစ်ဦး ကော်ဖီခွက်နဲ့ လှမ်းပက်တဲ့ Mr Creator တို့ ကို မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။

ညနေ မှာ ပွဲရှိသေးတယ်။ မနက်ပွဲလွတ်သွားလို့စိတ်ပျက်နေသူများ၊လက်စွမ်းပြလိုသူများဆက်ဆက်လာခဲ့ပါ။ အခွင့်ကောင်းကိုမလွှတ်ပါစေနဲ့ -
သင် ရင်းရမှာ က Sub Way Ticket အတွက် ဒေါ်လာ ၅ ဒေါ်လာမျှသာဖြစ်ပါတယ်။
လိပ်စာ
Eastgate Tower Hotel
222 East 39th Street
New York, New York 10016

ကိုဇော်ဝင်းနဲ့  ရဲ အင်စပက်တာ အချီအချ ဆွေးနွေးခန်း

ကိုဇော်ဝင်းနဲ့  အင်စပက်တာ အချီအချ ဆွေးနွေးခန်း

အင်စပက်တာ- မင်းတို့ မှာ ဆန္ဒပြတဲ့ပါမစ်ပါလား
ဇော်ဝင်း- မပါဘူး။ ဒါပေမဲ့ မင်းတို့  ဘော့စ်ကို ငါညကတည်းက အကြောင်းထားတာပဲ။

အက်စပက်တာ- မင်းတို့ ဘာကြောင့်ဒီလောက်ဒေါသထွက်နေရတာလဲ ။

ဇော်ဝင်း- ဒီကောင်တွေက လူသတ်သမားတွေကွ၊ ငါတို့ ထဲမှာ အသတ်ခံရတဲ့သူတွေရဲ့  အမျိုးတွေပါတယ်ကွ။ မင်းတို့  အခုအကာကွယ်ပေးနေတဲ့ သိန်းစိန်နဲ့ ညဏ်ဝင်းဆိုတဲ့ သူတွေက ရာဇ၀တ်သားတွေကွ၊့ သံဃာတွေ၊ကျောင်းသားတွေကိုသတ်ထားတယ်။
မင်းသိလား၊ ဒီကောင်တွေ မူးယစ်ဆေးဝါး ဒီလာတွေကွ။ သူတို့ ဟီရိုးအင်းတွေသယ်လာတယ်လို့ ဒို့ သတင်းရထားတယ်။ မင်းကြည့်စမ်း သိန်းစိန် ကားလမ်းကိုပြောင်းပြန်မောင်းသွားတယ်။ ဒီကောင်ဥပဒေကို အမြဲ ချိုးဖေါက်နေတဲ့ကောင်ကွ။ မင်း Ticket ပေးလို့ ရတယ်။

အင်စပက်တာ- ဖိနပ်နဲ့ ပေါက်တာဘယ်သူတွေလည်း မင်းသိလား။
ဇော်ဝင်း- ငါမသိဘူးကွ ။
အင်စပက်တာ- မင်းတို့ ထဲက ခေါင်းဆောင်ဘယ်သူလဲ
ဇော်ဝင်း- ငါတို့ အားလုံးက စပါတပ်ကပ်တွေကွ

အင်စပက်တာ- သူတို့  က ဘယ်အဖွဲ့ ကလည်း
ဇော်ဝင်း - အဖွဲ့ တွေက အများကြီးကွ။ တယောက်နဲ့ တယောက်လည်း တည့် ကြတာမဟုတ်ဘူးကွ။ ငါလည်း အကုန်လုံးမသိဘူးကွာ။

အင်စပက်တာ- မင်းတို့ အော်နေတဲ့ ခွေးသူတောင်းစား သိန်းစိန် ဆိုတာ ဘာအဓိပါယ်လဲ ကွ ။
ဇော်ဝင်း - သူနာမည်ရင်းလေ။


အင်စပက်တာ- ဖိနပ်နဲ့  ပေါက် တာ တွေမင်းမြင်ရဲ့ သားနဲ့  ငါကိုမညာနဲ့ ။
ဇော်ဝင်း - မမြင်ဘူးကွ၊ ငါမျက်စိက အဝေးမှုန်တယ်။

အင်စပက်တာ - ထွက်ပြေးသွားတဲ့ကောင်ကိုမင်းသိရမယ်။
ဇော်ဝင်း-မသိဘူး။ ဒါပေမဲ့ ကွာ သူမှာ မိန်းမ နဲ့ ကလေးတွေရှိကောင်းရှိမှာပဲ။ ထားလိုက်ပါကွာ။

နားဂစ် လူသတ်တရားခံ သိန်းစိန် နဲ့  ညဏ်ဝင်း ဖိနပ်နဲ့ အပေါက်ခံရ ပြီ





လူနည်းပေမဲ့ သွေးမကျဲ တဲ့ နယူးယောက် တိုက်ပွဲ
-ကြားဖြတ်သတင်း-

သိန်းစိန် နဲ့ ညဏ်ဝင်း ကို ဒီနေ့ နယူးယောက်ရှိ မြန်မာ များ က ဖိနပ်များနဲ့ ပေါက်ပြီးဆန္ဒပြလိုက်ကြပါတယ်။ သူတို့ နစ်ယောက်နဲ့  အဖွဲ့ ဟာ နယူးယောက်မြို့  ၃၉ လမ်း East Gate Hotel မှာ တည်းခို ကြတယ်။ ဆန္ဒပြတဲ့အင်အားစုများက နံနက် စောစော ၇ နာရီ မှာ ဟောတယ်ရှေ့ ကိုရောက်ကြတယ်။တနင်္လာနေ့ ဖြစ်တာတကြောင်း ၊ နံနက်လင်းအားကြီးဖြစ်နေတာတကြောင်းကြောင့်လူ ၂၀ ခန့် သာလာနိင်ပါတယ်။ သူတို့  နောက် လိုက်များ၊ သံတမန်လုံခြုံရေးများ၊ ရဲများကဆန္ဒပြအင်အားထက်ပိုမိုများနေပါတယ်။ နံနက် ၈ နာရီခန့် မှာ ညဏ်ဝင်းနဲ့ အဖွဲ့ က ကားနစ်စီးနဲ့ ထွက်လာတယ်။

ဟော်တယ်အပြင်ဖက်ရောက်လာတဲ့အခါမှာတော့ ကိုမိုးသီးနဲ့ ၃ ယောက်က ဖိနပ်နှင့်ဝိုင်းပေါက် လိုက်တဲ့အခါမှာ တိုက်ပွဲစလိုက်ပါတယ်။ Mr Creator က ကော်ဖီခွက်နဲ့ ညဏ်ဝင်းကိုလှမ်းပက်လိုက်ပါတယ်။ အနီးကပ်ပြစ်ခတ်ကြတာဖြစ်တယ်။
ညဏ်ဝင်း လန့် ပြီး ကားထဲကိုငုံရှောင်တယ်။ သူလူများက လက်နဲ့ ဝိုင်းကာ ကြတယ်။ ကားကို အတင်းမောင်းပြေးတယ်။သံဃာနစ်ပါးနှင့် မမေစန္ဒာစိုးညွန့် တို့ က လူသတ်သမားများ၊ သူခိုးများ လို့ အော်ဟစ် ဆန္ဒပြကြပါတယ်။ သူတို့ ကြောက်အားလှန့် အားဖြစ်ပြီး ကားမောင်းပြေးပါတယ်။ သိန်းစိန် ကျန်ရစ်ခဲ့တယ်။ သိန်းစိန်ကားက ကားလမ်းကို ပြောင်းပြန်မောင်းပြီးပြေးပါတယ်။ ဆန္ဒပြသမားက ရဲများကို Ticket ပေး၊ Ticket ပေးလို့ ဝိုင်းအော်ပေးလိုက်ကြတယ်။ သိန်းစိန် ကားခေါင်းခန်းက ပါသွားတာကိုတွေ့ လိုက်ရတယ်။ ပြောင်နေတဲ့နဖူးကို ပတ်ဖို့ ထားတဲ့နောက်စေ့က ဆံပင်ကျို့ တို့ ကျဲတဲမှာ အခွေ လိုက်ပြုတ်ကြသွားတာကိုတွေ့ ရပါတယ်။


ဖိနပ်နဲ့ ပေါက်သူများကို ရဲကလာဖမ်းတယ်။ ရုမ်းရင်းဆန်ခတ်ဖြစ်နေတဲ့အတွက် ဖိနပ်နဲ့ ပေါက်သူများထဲမှာ တယောက်ကိုသာရဲ ကဖမ်းဆီးနိင်ခဲ့ပါတယ်။ ထိုသူမှာလည်း ထွက်ပြေးလွတ်မြောက်နိင်ခဲ့ပါတယ်။ မိမိဖက်မှာ အကျအဆုံးမရှိပါ။ လူနည်းသော်လည်း
ညီညီညာညာ တိုက်ပွဲဝင်နိင်သဖြင့် အကျိုးအမြတ်ကြီးလှပါတယ်။

ဗွီအိုအေမှာ သတင်းထောက်နစ်ဦးက လာရောက်မှတ်တမ်းတင်ဗွီဒီယိုရိုက်ပါတယ်။ Mizzima သတင်းဌာနမှာ တယ်လီဖုန်းဖြင့်သတင်းရယူပါတယ်။ အာအက်ဖ်အေမှသတင်းထောက်များကိုမတွေ့ ပါ ။ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ခြင်းမပြုကြပါ။

ဒီနေ့ ညနေ ၄ နာရီမှာ လည်းကောင်းတို့ တည်းခိုရာဟောတယ်ရှေ့ မှာဆက်လက် ဆန္ဒပြဦးမှာဖြစ်ပါတယ်။ နယူးယောက်ညီအကိုမောင်နမများ အင်အားပြကြဖို့ တိုက်တွန်းနိုးဆော်ပါတယ်။ နေရာနဲ့  ဆက်သွယ်ရန်များကို အောက်မှာ ဖေါ်ပြထားပါတယ်။




စာရွက်ပေါ်မှသည် လက်တွေ့ တိုက်ပွဲဆီသို့

မင်းသွေးသစ်(၂၀၀၇)
(၂၀၀ရ)မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတဦး
28.9.09 (2:59)AM

ဤစာစုလေးကိုမဖတ်ခင် ပထမဆုံးကြိုတင်အသိပေးထားချင်တာကတော့ ဤစာစုဟာ မည်သူ တဦးတယောက် တဖွဲ့ကိုမှ ရည်ရွယ်ရေးထားခြင်းမဟုတ်ပဲမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် အုတ်တချပ် သဲတပွင့်ဖြစ်လျှင်ပင် ရေးရကျိုးနပ်ပြီဟူသော စေတနာသန့်သန့်ဖြင့်သာ ရေးသားခြင်းဖြစ်ကြောင်းကြိုတင် အသိပေးလိုပါသည်။

ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လျှင် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများအကြား စစ်အစိုးရ၏(၂၀၁၀) ရွေးကောက်ပွဲကို ၀င်ရေး မ၀င်ရေး ကွဲပြားနေသကဲ့သို့ အယူအဆရေးရာတွင်လည်း ပူးသတ်မည့်အယူအဆ နှင့် မပူးပေါင်းပဲ လုံးဝ ဆန့်ကျင်ရေး အယူအဆဟူ၍ကွဲပြားနေကြသည်။ ၄င်းအကွဲအပြဲအတွင်းတွင် အပစ်အခတ်ရပ်ထားသော ငြိမ်းအဖွဲ့များနှင့် ပြည်သူလူထုမှာေ၀၀ါးသောလမ်းကြောင်းပေါ်သို့ရောက်မှန်းမသိရောက်ကုန်ကြပြီဖြစ်သည်။

ထိုအနေအထားတွင်ပင်(၁၉၉၀)ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလည်းရှေ့လာမည့် တနှစ်အတွင်း ပြည်သူကိုဦးဆောင်၍ လျှောက်လှမ်းရမည့်နိုင်ငံရေးခရီးကြမ်းကြီးအတွက် အဖက်ဖက်မှထိုးနှက်ခံထားရသော ဒဏ်ရာဒဏ်ချက်များစွာကြောင့် များစွာရင်လေးဖွယ်ရာအနေအထားပင်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်ပနိုင်ငံရေး အင်အားအများစုများမှာ ညီညွှတ်နေရမည့်အစား အချင်းချင်းလက်ညှိုးထိုး၍ ငယ်ကျိုးငယ်နာဖော်နေကြသည့်သံသရာမှ ရုန်း မထွက်နိုင်သေးပဲ နစ်ပြီးရင်းနစ်နေကြသည်ကိုစိတ်မကောင်းစွာတွေ့ရှိနေရပေသည်။ တိုင်းပြည်ချောက်ကမ်းပါးကျတော့မည့် အနေအထားတွင်ကယ်တင်နိုင်မည့်ခေါင်းဆောင်ပေါ်ထွက်လာနိုင်မည့်အရေးမှာလဲ လူ့ပြည်မှ အပ်တစင်းနှင့် ဗြဟ္မာပြည်မှ အပ် တစင်း တွေ့ဆုံရေးခက်ခဲသလိုခက်ခဲနေပေသည်။

အဘယ့်ကြောင့် ယခုလိုအခြေအနေထိ ဖြစ်ခဲ့သနည်း။ အမေးရှိကအဖြေရှိရပေမည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံ ရေးအင်အားစုများဖြိုခွဲမခံရသေးမှီအချိန်က ပြည်သူတို့ကိုယ်တိုင်မသိလိုက်မသိဘာသာနေလိုက်ခြင်းက ပထမဆုံးအမှား ဖြစ် လျှင် တဗိုလ်ကျတဗိုလ်တက်စနစ်ကို အကောင်အထည်ဖော်မှုနည်းပါးစွာပင် အရာရာတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာအားကိုးနေကြခြင်းသည်ဒုတိယအမှားဟုဆိုလျှင်လွန်အံ့မထင်ပါ။ တတိယနှင့်အကြီးကျယ်ဆုံးသောအမှားမှာ အဖွဲ့အ စည်းအသီးသီးရှိနိုင်ငံရေးအင်အားစုများကို ဦးဆောင်နေကြသောဝါရင့်နိုင်ငံရေးသမားကြီးများသည် မျိုးဆက်သစ် ခေါင်းဆောင် များ မွေးမထုတ်ပေးနိုင်ခြင်းနှင့် မိမိတို့အတွေ့အကြုံများကို လူငယ်များအားမျှဝေပေးရန်ပျက်ကွက်ခဲ့ခြင်းပင်ဖြစ်သည်။ ဤ အယူ အဆကိုစောဒတက်လိုကတက်နိုင်သော်လည်း လူတိုင်းလူတိုင်းအမှားမကင်းခဲ့၍သာ ယခုလိုအနေအထားထိ ရောက်ရှိခဲ့သည် မှာငြင်း၍မရသောအမှန်တရားဖြစ်သည်။

အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေပါသည်ဆိုသော ဒီမိုကရေစီအင်အားစုများသည်မိမိတို့အမှားအတွက် အမိ မြန်မာပြည်ကိုအခြားသူများထက် ပိုမိုပေးဆပ်သင့်လှသည်။ လူထုခေါင်းဆောင်အကျယ်ချုပ်ကျနေခြင်းကို ဆယ်စုနှစ်တခု ကျော်ကြာ အထူးအလေးအနက်မထားခဲ့ပါပဲ ထောင်ချခံရမည့်ဆဲဆဲတွင်မှ အိပ်နေရာမှလှုပ်နှိုးခံလိုက်ရသလို သတိဝင်လာခြင်း မှာ တိုင်းပြည်အတွက်များစွာနစ်နာလှပေသည်။

ကြေငြာချက်ထုတ်ရုံ၊မြန်မာသံရုံးရှေ့ဆန္ဒပြရုံ၊ ကန်ပိန်းလုပ်ရုံဖြင့်သာ န.အ.ဖကိုဖြုတ်ချနိုင်မည်ဆိုပါက ရှေးမဆွကတည်းကပင် ပြည်သူများတက်ကြွစွာပါဝင်လာပေမည်။ ထိရောက်မှုနှင့်တန်ပြန်ထိရောက်မှုမညီမျှ၍သာ ပြည်သူပါဝင်လာမှုမရှိသည်ကို သတိမပြုမိခဲ့ကြခြင်းပေလော..။သတိမပြုမိချင်ယောင်ဆောင်ခဲ့ကြခြင်းပေလော။န.အ.ဖပြုတ်ကျလျှင်ထောက်ပံ့ကြေးမရတော့ မည့်အရေး တွေးပူ၍ ကျောက်ဆောင်ကို လေနှင့်သာ မှုတ်ခဲ့ကြခြင်းပေလော..။ မည်သို့ပင်ဆိုစေ သွေးစည်းကြရတော့မည့် အခြေအနေတွင် တိုင်းပြည်ချောက်ကမ်းပါးရောက်အောင်တွန်းပို့ပေးနေသော မည်သည့်အလုပ်ကိုမဆို မိမိတို့ရပ်တန့်ရတော့ မည်ဖြစ်သည်။ ညီညွှတ်ရေးအတွက် လိုအပ်ချက်များကိုမဖြစ်မနေ အကောင်အထည်ဖော်ရတော့မည်ဖြစ်သည်။ ဖက်ဆစ်စနစ် တိုက်ဖျက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများက ဖ.ဆ.ပ.လအဖွဲ့ချုပ်ကြီးကို အဖွဲ့အစည်း ပေါင်းစုံဖြင့်ညီညွှတ်စွာဖွဲ့စည်းခဲ့ကြသလို ယနေ့အချိန်အခါတွင်လည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တခုတည်း သော အဖွဲ့အစည်းကြီးတခု တည်ထောင်ရန်မှာ တိုင်းပြည်လိုအပ်ချက်ကို သိနားလည်သောခေါင်းဆောင်ကောင်းတို့၏ တာဝန်ပင်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည်လည်း ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကို သင်ခန်းစာယူ၍မိမိတို့အလှည့် ကျလာ မည့်အချိန်ကိုစောင့်မနေသင့်တော့ပဲ အချိန်မီ တခုတည်းသောလက်နက်ကိုင်မဟာမိတ်တပ်ပေါင်းစုကြီးကို ဖွဲ့စည်းရမည့် အချိန် ရောက်ရှိနေပြီဖြစ်သည်။ အဖွဲ့အစည်းအသီးသီး၏ လူမျိုးစွဲ၊၀ါဒစွဲများနှင့်ပုဂ္ဂိုလ်ရေးမာနများကို ခ၀ါချ၍အချင်းချင်း ယုံကြည်ချက် တည်ဆောက်ရေးသည်အလိုအပ်ဆုံးနှင့်အဖြစ်သင့်ဆုံးသောအလုပ်သာဖြစ်သည်။ အစွယ်ထုတ်ပြပြီးတာတောင် ကျားဟု မမြင် သေးပါက မိမိတို့လောက်ညံ့သောသူကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။

န.အ.ဖသည် ပညာရှိနည်းနှင့်ဆုံးမ၍မရသောအစိုးရဖြစ်ကြောင်းကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက သက်သေပြခဲ့ပြီးဖြစ် သည်။ ယခုအချိန်ထိအစိုးရကိုနားချ၍ ရနိုင်လောက်သည်ထင်ပြီး န.အ.ဖနှင့်အပေးအယူလုပ်ချင်နေသေးသည့် လူမိုက်များ အတွက်အချိန်ကုန်ခံမနေပဲပြည်သူများနားမယောင်စေရန်အတွက် မိမိတို့ဘက်မှတိကျသည့်လမ်းကြောင်း၊ ခိုင်မာသည့်အဖွဲ့ အစည်း ချပြနိုင်မှသာ လျှင်ပြည်သူတို့၏ ယုံကြည်ကိုးစားပါဝင်လာခြင်းကိုမြင်တွေ့ရပေမည်။ ဓားလိုအပ်နေချိန်တွင် ဓားမပေးပဲ ရေကြည်ကမ်းနေမိသည့် မိမိတို့အဖြစ်ကို အမြန်သတိပြုမိပြီး ပြုပြင်နိုင်မှသာ အမိမြန်မာပြည်ကြီးကံဆိုးမိုးမှောင်ကျတော့မည့် အရေးမှ နိုင်ငံ့သားကောင်းပီသစွာကယ်တင်နိုင်ပေမည်။ ကျောက်ဆောင်ဖြို့မည့်သူသည် ကျောက်စောင်းရှမှာလောက်တော့ ဖြုံမနေသည့်စိတ်ဓာတ်ထားရှိရပေမည်။

သမိုင်းသည်မိမိတို့လက်ထဲတွင်ရှိသည်။ အလှည့်အပြောင်းသည်ဆုံးဖြတ်ချလိုက်သည့် အချိန်ပိုင်းကလေးပင်ဖြစ်သည်။ ကျွန်ုပ် တို့၏မျိုးဆက်သွေး ကလေးငယ်များကို စာသင်ခန်းထဲတွင်ကမ္ဘာ့အဆင့်မီပညာများကို သင်ကြားခိုင်းမည်လော.. လမ်းများပေါ် တွင်တောင်းစားခိုင်းမည်လော..။ကျွန်ုပ်တို့၏အမျိုးသမီးငယ်များကို တင့်တယ်မှုအပေါင်းနှင့်ကမ္ဘာ့အလယ်တွင်ဝင့်ထည်စေမည် လော…တခြားနိုင်ငံများ၏ပြည့်တန်ဆာတန်းသို့ပို့ပစ်ကြမည်လော…။အမိမြန်မာပြည်ကြီး၏အနာဂါတ်အကောင်းအဆိုးမှာ သင့် လက်ထဲတွင်ရှိသည်။ တွေဝေနေပါက အဖိုးတန်အခွင့်အရေးများဆုံးရှုံးတော့မည်။ မည်သူမှာမှအသက်အပိုမပါပါ။ ခေါင်းတလုံး အပိုမပါပါ။ အမေမွေးသည့်အသက် တိုင်းပြည်အတွက်ပေးဆပ်ပါက မိခင်များမွေးရကျိုးနပ်လှမည်။ ဓားကိုင်မှကြောက်မည့် လူမျိုးသည်၊တရားထိုင်နေရုံနှင့်တော့ပြောင်းလဲမလာပေ။

“မြန်မာပြည်အနှံ့အပြားတွင် စစ်မောင်းသံကြားပါက ခွာရှပ်နေသောစစ်မြင်းများ၊များစွာရှိသည်။ တိုက်ပွဲခေါ်သံကိုငံ့လင့်နေသော
ပြည်သူများရှိသည်။တွေဝေခြင်းသည်ဆုံးရှုံးခြင်း၏အစဖြစ်သည်။မိမိတို့အားလုံးစာရွက်ပေါ်မှစကားလုံးများကိုလမ်းမများပေါ်မှ
တိုက်ပွဲများအဖြစ်အသွင်ပြောင်းပစ်ရမည်။”

ကျွန်ုပ်တို့ကိုးကွယ်အားထားသော ဗုဒ္ဓကိုယ်တော်တိုင်နန္ဒာပနန္ဒနဂါးမင်းအား အင်အားသုံးဦးနှိမ်ပြီးပါမှ တရားစကားမြွက်ကြား သောသာဓကရှိသည်။ လူရိုင်းများရှေ့မေတ္တာ စကားပြောကြားနေပါကသင်သာလျှင် ဆုံးရှုံးခြင်းကြီးလိမ့်မည်။ တတိုင်းပြည်လုံး ၏ညီညွှတ်ရေးကိုအကောင်အထည်ဖော်ရင်း သင်သည်လည်းတိုင်းပြည်အတွက် “ဓါးကောင်းတလက်ဖြစ်ပါစေ….”

ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးခဲ့ကြသောရဟန်းရှင်လူ၊ကျောင်းသားပြည်သူများအားဦးညွှတ်ပါသည်။

တိုကျိုမြို့ ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အောင်မေ့ဘွယ် အခမ်းအနား



-သာထက်
(WFWW/DFB)-တိုကျို၊

ဂျပန် နိုင်ငံ၊ တိုကျို မြို့ Shibuya ရှိ UN HOUSE ရှေ့တွင် ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်အောင်မေ့ဘွယ် အခမ်းအနား ကို ဂျပန်နိုင်ငံ ရှိ JAC နှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများစုပေါင်းပြီး အခမ်းအနားကို ၂၇-၉-၀၉ နေ့၊ ညနေ ၃ နာရီ မှ ညနေ ၅ နာရီ အထိ ကျင်းပခဲ့ကြသည်။ ယင်းအောင်မေ့ဖွယ် အခန်းအနားသို့ မြန်မာ နိုင်ငံသား စုစုပေါင်း ၄၀၀ ခန့် တတ်ရောက်ကာ သံဃာ တော်များက ရေစက်ချအမျှဝေကြပြီးဂျပန်ရောက် ဒီမိုကရေစီအင်အားစု နိုင်ငံရေးအဖွဲ့စည်းအသီးသီးမှတာဝန်ရှိ သူများကနေပြီး ရွှေဝါရောင်တော်လှန်ရေး နှင့်လက်ရှိ နိုင်ငံရေးအခြေအနေများ ကို ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။