Monday 11 January 2010

တပ်မ ၆၆ မှာ ပုန်ကန်မှု စဖြစ်နေပြီ


တပ်မ ၆၆ မှာ တပ်တွင်းပုန်ကန်မှုတွေရှိနေပြီ။ မနေည ၈နာရီ ခန့် က အင်းမ အခြေစိုက် ခမရ ၈၀ မှာ -တပ်ရင်းမှာ စတင်ပြစ်ခတ်တယ်။ စားဝတ်နေရေးကြောင့် တပ်သားတွေ က အမိန့် ကိုမနာခံတော့တာ တနစ်ကျော်နေပြီလို့ သိရတယ်။ သူတို့ ကို ဘာတာဝန်မှ ထပ်မပေးတော့ပဲ ပြစ်ထားတာ ကြာပြီလို့ သိရတယ်။ ပြစ်ခတ်မှု ၁၀ မိနစ်ကျော်ကြာတယ်။ ၃ ယောက်ဒဏ်ရာရ ပြီး၊ တယောက် သေတယ်။
ဖြစ်ပွားပုံကတော့ ဇန်န၀ါရီလ ၈ ရက်နေ့ က ရန်ကုန်စစ်ဌာနချုပ်အမိန့်  နဲ့ လာတဲ့ စစ်အရာရှိ ၁၄ ဦးက ပုန်ကန်နေတဲ့ ခမရ ၈၀ ကို လက်နက်လာဖြုတ်ပါတယ်။ လက်နက်လာဖြုတ်တဲ့ ကြပ်ပြေးနေပြည်တော်က အရာရှိတွေကို ကို ခမရ ၈၀ တပ်ရင်းမှုက တပ်တွင်း စားဝတ်နေရေး ကြပ်တည်းမှု၊ ရိက္ခာပြတ်လပ်မှုနဲ့  တိုင်းမှုးနဲ့  သူမိန်းမ ဆွေမျိုးတွေရဲ့ လပ်စားမှုအကြောင်းတွေကို တင်ပြခဲ့ ကြတယ်။ ရန်ကုန်ကလာတဲ့ အရာရှိတွေကို ခမရ ၈၀ တပ်ရင်းက ရဲဘော်တွေက သူတို့  ချက်ပြုတ်စားနေရတဲ့ ထမင်းဟင်းတွေ နဲ့ ကျွေးမွေးခဲ့ကြတယ်။ ဆက်သွယ်ရေးစက်ကနေ သူတို့ အပြန်အလှန် ဆွေးနွေး ကြတယ်လို့ ဆိုတယ်။ ကျနော်တို့ နေစဉ်စားနေရတဲ့ အစားသောက်တွေကို စားကြည့်ပြီးမှာ ကျနော်တို့ တင်ပြတာတွေဟာကို ဆုံးဖြတ်ပေးပါလို့  ဆိုပြီး ထမင်းဝိုင်းကိုခေါ်သွားတယ်။ ဒါကို ကြပ်ပြေးကအရာရှိတွေက သူတို့ ကိုစော်ကားတယ်။ ပုန်ကန်တယ်လို့  ဆိုပြီးကြိမ်းမောင်း ထိုးကြိတ်မှုတွေ လုပ်ခဲ့ကြတယ်။ ခမရ ၈၀ တပ်ရင်းမှုးရဲ့  တောင်းဆိုမှု၊တင်ပြမှုတွေကို စစ်ဌာနချုပ်က အရေးယူဆောင်ရွက်ခြင်းမရှိပဲ ကြပ်ပြေးက အရာရှိတွေ က ဆဲဆိုကြိမ်းမောင်းနေတယ်။ ခမရ ၈၀ က အရာရှိတွေကို လက်နက်ဖြုတ်ဖို့ နဲ့  အရေးယူဖို့  ညွန် ကြားလာတဲ့အတွက် ခမရ ၈၀ တပ်ရင်းမှုးက ကြပ်ပြေးက အရာရှိတွေကို ၈ရက်နေ့ မှာဖမ်းဆီးလိုက်တယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့ မှာတော့ နောက်ထပ်အရေးယူဖို့ ရောက်လာတဲ့ ကြပ်ပြေး က စေလွတ်လိုက်တဲ့ တပ်ဖွဲ များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

4 comments :

soeaung said...

ထပ်စုံစမ်းကြပါဦး

min said...

ဒီလိုနဲ့ဘဲ အချိုန်ကုန်ခဲ့ပြီ.....ရှက်လည်းရှက်ပါတယ်...
ရှက်လည်းမရှက်နိုင်ပါ....ဆိုတဲ့ကိုမင်းအောင်ရဲ့ သီချင်း
လေးလိုဘဲ ကျနော်တို့ရဲ့နိုင်ငံရေးက ဖြစ်နေပြီဗျို့.နိုင်ငံ
တော်အတွက်ဆိုပြီး စစ်ခွေးတွေကဗုန်းလိုက် ဘတ်လိုက်
နဲ့ ကျနော်တို့ရဲ့မြန်မာနိုင်ငံကြီးလည်း ကမ္ဘာမှာအဆင်းရဲ
ဆုံးဖြစ်,အမွဲဆုံးဖြစ်,အခုလာပြန်ပြီNCGUBကခေါင်းရှောင်
တွေနဲ့ သူ့နောက်လိုက်တွေကဒေါ်အောင်ဆန်းစုကြည်ရဲ့
ဆုရထားတဲ့ငွေတွေကို ဗုန်းရတာအားမရလို့နိုင်ငံတကာ
မှာလှည့်ပါတ်တောင်း.ဒီလိုနဲ့ဘဲညာစားနေပြီးသံသရာက
လည်နေတာဘဲ.တကယ်တန်းနိုင်ငံအတွက် အမျိုးမျိုးအ
နစ်နာခံပြီးအသက်ပေးသွားကြတဲ့သံဃာတော်တချို့နဲ့လူ
တွေကျတော့ ခင်ဗျားတို့သတိတရလေးတောင်ရှိကြရဲ့
လား?နာမည်တပ်တော့မြန်မာပြည်သူအတွက်တဲ့ .မရှက်
ကြဘူးလားဗျာ.ခင်ဗျားတို့နဖူးပေါ်လက်တင်ပြီးစဉ်းစား
ကြည့်ကြပါအုံး.ခင်ဗျားတို့တွေလည်းစစ်ခွေးတွေနဲ့ဘာ
ထူးသလဲ.ကျားကြောက်လို့ရှင်ကြီးကိုယ်းမိပါတယ်ရှင်
ကြီးကကျားထက်ဆိုးနေတယ်ဆိုတာလိုဖြစ်နေပြီ.

Anonymous said...

တပ်ရင်းမှုး ကို အားပေးပါတယ်။ အနည်းဆုံးတော့ ငတ်ပြတ်နေတဲ့ လက်အောက်ငယ်သားတွေ အတွက် မခံမရပ်နိုင်ပဲ အမှန်တရားအတွက် လုပ်ဆောင်နိုင်သေးတယ်။ အဖိနှိပ်ခံ တပ်သားတွေ၊ အထက်ကို မဖားနိုင်လို့  နေရာမရရှာတဲ့ တပ်သားလေးတွေ၊ တပ်ဗိုလ်လေးတွေ အကုန်လုံးက တစ်ပြိုင်နက်တည်း တော်လှန်ပုန်ကန်ကြပါစေ။

Anonymous said...

ဟုတ်ရဲ.လား မောင်ကာလုရဲ.
သေချာမှလည်း လုပ်ပါ