Sunday, 14 March 2010

ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကိုလက်မခံ

ပြည်သူလွတ်တော်ကိုယ်စားလှယ်များအဖွဲ့  (Members of Parliament Union- MPU) က မတ်လ၁၄ ရက်နေ့ မှာ ထိုင်းမြန်မာနယ်စပ်မှာ အရေးပေါ်အစည်းဝေးကျင်းပခဲ့ပါတယ်။ အစည်းဝေးကို မြန်မာနိင်ငံလုံးဆိုင်ရာ ရဟန်းပျိုအဖွဲ့ ချုပ်၊ သံဃာတပ်ပေါင်းစုများ၊ မြန်မာ ပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်၊ ပြည်ထောင်စုမြန်မာနိင်ငံအမျိုးသားကောင်စီ အဖွဲ့ ဝင်ခေါင်းဆောင်များနှင့် နယ်ခံသတင်းထောက်များ တက်ရောက်ကြပါတယ်။ အစည်းဝေးမှာ သဘပတိအဖြစ် ဒေါ်စန်းစန်း ( ၁၉၉၀ ပြည်သူလွှတ်တော်ကိုယ်စားလှယ်) ကဆောင်ရွက်တယ်။ အခန်းအနားမှုအဖြစ် ဦးသိန်းဦး ( ၁၉၉၀ ပြည်သူလွှတ်တော်ကိုယ်စားလှယ်) က ဆောင်ရွက်ပါတယ်။

ဒေါ်စန်းစန်းက ပြည်သူလွှတ်တော်ကိုယ်စားလှယ်များရဲ့  သဘောထားကိုဆွေးနွေးပါတယ်။ ၁၉၉၀ ပြည်သူလွှတ်တော်ကိုများရဲ့  ၂၀၁၀ ရွေးကောက်ပွဲအပေါ်သဘာထားမှာ ရွေးကောက်ပွဲဥပဒေ အပုဒ် ( ၉၀ )မှာ ၁၉၉၀ ခုနစ်က ကျင်းပပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲသည် အလိုလိုပျက်ပြယ်သွားပြီဆိုသည် ဟုဖေါ်ပြထားခြင်းမှာ တရားမ၀င်ပါကြောင်း၊ လုံးဝ ပျက်ပြယ်ခြင်းမရှိကြောင်း ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုတမင်မျက်ကွယ်ပြုထားခြင်းနှင့် နိင်ငံရေးပြစ်မှုကြီးကို ကျူးလွန်လိုက်ခြင်းဖြစ်တယ်လို့ဆွေးနွေးလိုက်ပါတယ်။ တပြည်လုံးအတိုင်းဖြင့်ဆန်ကျင် ကန့် ကွက်မှုများဆက်လက်ပြုလုပ်သွားမယ်လို့ ဆွေးနွေးသွားတယ်။
ပြည်တွင်းမှာ အစိုးရဖွဲ့ စည်းမယ်ဆိုပါက ထောက်ခံသွား မယ်လို့ ဆိုပါတယ်။




အထူးဖိတ်ကြားထားသောခေါင်းဆောင်များအဖြစ် အရှင်ခေမာစာရ နှင့်ကိုမိုးသီးဇွန်တို့ တက်ရောက်ဆွေးနွေးကြပါတယ်။ အရှင်ခေမာစာရကလည်း ၂၀၁၀ ရွေးကောက်ပွဲကို သံဃာများ လက်မခံကြောင်း တပြည်လုံး လောက ငရဲ ကိုကြရောက်တော့မည်ဖြစ်ကြောင်းသတိပေးသွားပါတယ်။
ကိုမိုးသီးဇွန် က ၂၀၁၀ ရွေးကောက်ပွဲကိုလက်မခံကြောင်း၊ နိင်ငံရေးပါတီများအနေနဲ့  ရွေးကောက်ပွဲကိုမ၀င်ကြဖို့ တိုက်တွန်း ပြီး ပြည်သူလူထုများမှလည်းလုံးဝ မဲမပေးကြဖို့  ဆန်ကျင်ကန့် ကွက်ကြဖို့ တိုက်တွန်းသွားပါတယ်။ သူက နအဖ အပေါ်မှာ အကဲဖြတ်ချက်မမှားဖို့ ဆိုပါတယ်။ နအဖ ဟာ စစ်ပဒေသရာဇ် ဖြစ်ပါတယ်။ ရေမှာအရိုးမရှိ၊မင်းမှာအမျိုးမရှိဆိုသလို နအဖ အနေနဲ့  ဘယ်သူ့ အကျိုးကိုမှာ ကြည့်မှမဟုတ်ဘူး။ စိတ်ကူးမယဉ်ဖို့ လိုကြောင်းထောက်ပြပါတယ်။ ပြည်တွင်းမှာ ကြပ်တည်းနေတဲ့အတွက် နယ်စပ်ကိုထွက်လာတဲ့အခါမှာ ကျနော်တို့ ဟာ အပြင်မှာပိုလုပ်နိင်မယ်လို့ ယူဆလို့ ထွက်လာကြတဲ့သူတွေခြည်းဖြစ်ပါတယ်။ ဒါဖြစ်ရင် အပြင်မှာ ဘာဖြစ်လို့ ပိုမလုပ်ကြတာလဲ။ နိင်ငံရေးကိုပိုလုပ်ဖို့ ၊ စစ်ရေးကိုပိုလုပ်ဖို့ ၊ သံတမန်ရေးကိုပိုလုပ်ဖို့ လိုကြောင်း ဆွေးနွေးသွားပါတယ်။
ရက်ပေါင်း ၆၀ အတွင်း တပြည်လုံးအတိုင်းတာဆောင်တဲ့ အထွေထွေသပိတ်ကြီးကိုခေါ်ယူဖို့ ။ အထွေထွေသပိတ်ကြီးအတွက် စိတ်ပါဝင်စားတဲ့အင်အားစုများနဲ့  လက်တွဲလုပ်ဆောင်သွားဖို့ ဆွေးနွေးသွားပါတယ်။

အတွင်းရေးမှုးခိုင်စိုးနိင်အောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ရွေဂုံတိုင်ကြေညာချက်ပေါ်မှာ ဆက်လက် ခိုင်ခိုင်မာရပ်တည်ဖို့ နဲ့ ၁၉၉၀ ရွေးကောက်ပွဲကို အကောင်ထည်ဖေါ် နိင်ဖို့ ကြိုးပန်းပါလို့  တိုက်တွန်းသွားပါတယ်။

ဦးဇ၀န ( ၂၀၀၇ ) ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ကဆွေးနွေးပါတယ်။ သူက နိင်ငံရေးအကျဉ်းသားတဦးဖြစ်ပါတယ်။ထောင်ဒဏ် ၁၅ နှစ်ခံခဲ့ရသူဖြစ်ပါတယ်။ ဆရာတော်က တကာတကာမတွေရဲ့  ဆွမ်းပူကွမ်းပူတွေကိုဖုန်းပေးပြီးနေရမဲ့အစား ဒကာဒကာမတွေကောင်းကျိုးအတွက်သာ ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း၊ အရေးကြီးတဲ့အချိန်ကိုရောက်နေပြီဖြစ်တဲ့အတွက် ညီညွတ်ကြဖို့ ဆရာတော်က တိုက်တွန်းပါတယ်။ အလုပ်ဖြစ်မဲ့ နိင်ငံရေးလှုပ်ရှားမှုတွေကိုဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ မြန်မာနိင်ငံလုံးဆိုင်ရာသံဃာတပ်ပေါင်းစုအနေနဲ့  ဘယ်တော့မှ နောက်မကျစေရ၊ ရှေးတန်းကနေဆက်လက်တိုက်ပွဲ ၀င်မယ်။ အနစ်နာခံမယ် လို့ ဆွေးနွေးပါတယ်။

ကိုငွေလင်း ( လူဘောင်သစ်) - ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံနိင်စရာမရှိကြောင်းဆိုတယ်။ ရက် ပေါင်း ၆၀ အတွင်း လှုပ်ရှားမှုများကို လုပ်ဆောင်ရတော့မှာဖြစ်ကြောင်းထောက်ပြပါတယ်။ ဦးမြင့်သိန်း- ပြည်သူလွတ်တော်ကိုယ်စားလှယ်တွေခြည်းပဲ ဘာဆက်လုပ်မလဲ ဆိုတာ မဟုတ်တော့ပဲ ကျန်တဲ့အင်အားစုတွေကလည်းပံပိုးကူညီကြရမယ်လို့ ဆွေးနွေးပါတယ်။အစည်းဝေးကိုနံနက် ၉နာရီမှာ စတင်ပြီး နေလည် ၁၂ နာရီမှာရုတ်သိမ်းလိုက်ပါတယ်။

( ဦးခွန်မြင့်ထွန်း ( MPU)၊ ဒေါက်တာအေးကျော် ( NLD-LA)၊ ကိုသိန်းဦး(MPU) ၊ နော်စီဖိုးရစိန် ( KNU) ၊ ဒေါ်စန်းစန်း၊ ကိုမိုးသီး ( FBF)၊ ဦးထွန်းဝင်း ( MPU)၊ ဆရာတော်ဦးဇ၀န ( သံဃတပ်ပေါင်းစု) တို့ အစည်းဝေးအပြီးအမှတ်တရ )

1 comment :

Truth said...

ကျမသာလျှင် တရားဝင်မယားကြီးဖြစ်ပါကြောင်း