Saturday, 27 August 2011

ဒါလားဟဲ့ လွှတ်တော်

ဒါလားဟဲ့လွှတ်တော် လွှတ်တော်အတုလို့ ပဲပြောတော့မယ်။လွတ်တော် အတု အယောင် ကိုမနေ့ က ခေါ်တယ်။ လွတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို ရေဒီယို၊ရုပ်မြင်သံကြားတွေက တိုက်ရိုက်လွှင့်ထုတ် ပြသခြင်းမရှိပါ။ လွတ်တော်အမတ်တချို့  ရဲ့ ဆွေးနွေးချက်တွေကို ဆင်ဆာဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလွတ်တော်အခြေအနေကြည့်ရတာ (အပြည့်အစုံအတွက် ခေါင်းစဉ်ကို နှိပ်ပါ)
မဆလ ခေတ်က နစ်စဉ်ကျင်းပတဲ့ ပြည်သူလွတ်တော်နဲ့  တူနေတယ်။ မဆလ လွှတ်တော်တုံးကလည်း လွှတ်တော်သဘာပတိရှိတယ်။ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ ဒါပေမဲ့ - ဘာတွေဆွေးနွေးတယ်ဆိုတာ ပြည်သူတွေမသိရဘူး။

ဆုံးဖြတ်ချက်တွေကိုပဲ အတိုချူပ် သတင်းစာတွေမှာဖေါ်ပြတယ်။ ဆုံးဖြတ်ချက်တွေကတော့ရွမ်းရွမ်းဝေပဲ။ ပါတီဥက္ကဌ ကြီး ဦးနေ၀င်း လမ်းညွန်မှုကြောင့် တိုင်းပြည်ကဖက်စုံ ဖွင့်ဖြိုးတိုးတက်နေတယ်ဆိုတာမျိုးတွေပေါ့။ အခုလည်း လွတ်တော်ထဲ ဆွေးနွေးချက်တွေက ဘာတွေလဲ ။ ဒါတွေကို ပြည်သူတွေအသေးစိတ်သိဖို့ လိုတယ်။ အမေရိကန် ကွန်ကရက်မှာ ကွန်ကရက်အမတ်တွေဆွေးနွေးတာကို ကျနော်တို့ အသေးစိတ်သိရတယ်။ အင်္ဂလန်ပါလီမန်မှာ ၀န်ကြီးချုပ်နဲ့  အမတ်တွေ အခြေအတင်ငြင်းခုန်နေတာကို ကျနော်တို့ မြင်နေရတယ်။ အိန္ဒယ၊ ဂျပန်၊ထိုင်း၊တိုင်ဝမ် တို့ မှာလဲ အမတ်တွေဆွေးနွေးတာကိုကျနော်တို့ မြင်ရပါတယ်။ ဒီလို ဆွေးနွေးချက်တွေကို မြင်ရခြင်းဖြင့် ၁- လူထု က နိင်ငံရေးကို ပိုသိတယ်။ ပညာရတယ်။ ၂- ကိုယ်ရွေးခြယ်ထားတဲ့ အမတ် က ဘယ်လောက် အရည်အချင်းရှိသလဲ ။ ၃- အပြောတမျိုး ။အလုပ်တမျို။ ကိုယ်ကျိုးရှာအမတ် လား၊ တကယ်ကတိပေးထားတဲ့အတိုင်း ပြောလား၊ဆွေးနွေးလား ဆိုတာကို သူကိုရွေးခြယ်ထားတဲ့လူထုက မြင်တွေ့ ခွင့်ရမယ်။ ၄-လူထု ထောက်ခံမှုရအောင်အပေါ်ယံဟန်ဆောင်နေတဲ့အမတ်လား။ တကယ်ကို့ ဖြူစင်တဲ့ နှလုံးသားရှိသလားဆိုတာကိုလည်း လူထု က မြင်တွေခွင့်ရမယ်။ ၅-အရည်အချင်းမရှိတာကို ခေါင်းပေါင်းစ တလူလူ၊ တိုက်ပုံလေးဝတ်၊ ဘုန်းကြီးတွေ ရှေ့  ပျဝပ်ကြိုးနွံ ၊ မြန်မာ့ယျဉ်ကျေးမှုကို ပါးစပ်ကတဖွတဖွ ပြော ပြီး တကယ့် ပညာယှိအမတ်လို ဟန်ဆောင်နေတဲ့အမတ်လား။ ကြောင်သူတော် နိင်ငံရေးသမားတွေလား ဆိုတာ ကိုလူထု ကသိခွင့်ရမယ်။ ၆- ဒီလွတ်တော်အစည်းဝေးမှာတော့ နိင်ငံရေးအကျဉ်းသားလွတ်မြောက်ေ၇းကို တင်ပြဆွေးနွေးတဲ့ ဦးသိန်းညွန့် ကိုတော့ သင်္ကန်းကျွန်းမြို့ နယ် လူထု က အားရကြတယ်လို့ သိရပါတယ်။

တိုင်းရင်းသားအမတ်တချို့ နဲ့  စစ်တပ်ကိုယ်စားပြု အမတ်တွေ အနည်းစုက ပဲထောက်ခံတယ်လို့ သိရတယ်။ ဒီလွတ်တော်မှာ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်နေတဲ့ တပြည်လုံးကိုဒုက္ခပေးမဲ့ ရေကာတာအကြောင်းကို မဆွေးနွေးကြဘူး။ ပြည်သူလူထုသည်းမခံနိင်အောင်ဖြစ်နေတဲ့မီးမလာတဲ့ပြသနာ၊ လမ်းဘေးဈေးသည်တွေအကြောင်း၊ သက်ကြီးရွယ်အို လူမှုဖူလုံရေး၊ ဆင်းရဲသားပြည်သူများ ရဲ့ စီးပွားရေး၊ ကျမ္မာရေး အကြောင်းတွေကို လုံးဝမဆွေးနွေးကြဘူး။ လွတ်တော်ဟာအတုပဲဖြစ်နေသေးတယ်။

No comments :