နေသစ်-
လစ်ဗျား နိင်ငံကို ၄၂ နစ်ကြာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ကာဒါဖီးတယောက် သမတဘဝ
ကနေ ၀ရမ်းပြေးဘ၀ကိုရောက်သွားပြီ။ လစ်ဗျားရဲ အချုပ်အခြာအဏာဟာ လစ်ဗျားနိင်ငံကို
အသွင်းကူးပြောင်းရေး အမျိုးသားကောင်စီ လက်ထက်ကိုရောက်သွားပြီ။ နေတိုး ရဲ့ 
လေကြောင်းကနေတိုက်ခိုက်မှု၊သံတမန်ရေး၊စီးပွားရေးပိတ်စို့ မှုတွေကြောင့် သူပုန်တွေရဲ
့တိုက်ခိုက်မှုဟာ အလျင်အမြန်အောင်ပွဲခံခဲ့တယ်လို့ ပြောလို့ ရတယ်။ နေတိုးသို့ မဟုတ်
အမေရိကန်ဦးဆောင်ပြီးတိုက်ခိုက်ခဲ့တဲ့ ကောဆိုဘို၊ ဘောစနီးယား၊ အာဖဂန်နစ်စတန်နဲ
့အီရတ်နိင်ငံတွေ နဲ့  လစ်ဗျား ဟာ ဘာကွသလဲ။ လစ်ဗျားကိုဘယ်လိုပြန်တည်ဆောက်သင့်သလဲ။ လစ်ဗျားနိင်ငံပြန်လည်တည်ဆောက်ရေးဟာ (အပြည့်အစုံဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ)
ချောမွှေ နိင်မယ်မလား ဘယ်လို ယူဆပါသလဲ။
ချောမွှေ နိင်မယ်မလား ဘယ်လို ယူဆပါသလဲ။
မိုးသီး-
လစ်ဗျားက
ဘော့စနီးယားတို့ ကောစ်ဆိုဗိုတို့ ထက် ၂ ဆ ၃ ဆလောက်ကြီးတယ်။ အာဖန်ဂန်တို့ အီရတ်တို
ထက်စာရင်ငယ်တယ်။ ဒါပေမဲ့
လစ်ဗျား
က စစ်မဖြစ်ခင်က အမျိုးသားဝင်ငွေက တနစ်ကို ဒေါ်လာ ၁၄၀၀၀ ခန့် ရှိတယ်။ စစ်ပွဲနဲ့
စီးပွားရေးပိတ်စို့ မှုကြောက့်လစ်ဗျား နိင်ငံက သိပ်မပျက်ဆီးခဲ့ဘူး
ဒါကြောင့်အီရိတ်တို့  ၊အာဖဂန်နစ်စတန်နိင်ငံတွေ
ပြန်လည်တည်ဆောက်ရေးဟာခက်ခဲနိင်ပုံမရဘူးလို့ ကျနော်ထင်တယ်။ မြန်မြန်ဆံဆံ
ပြန်လည်ဦးမော့လာနိင်မယ်လို့ ယူဆတယ်။ နောက်တချက်က လစ်ဗျားဟာ
တခြားအာရပ်နိင်ငံတွေလိုမဟုတ်ပဲ လူမျိုးစုပြသနာမရှိဘူး။ လူမျိုး၊ဘာသာစကား နဲ့ 
ဘာသာရေးဟာ အားလုံးနီးပါးတူကြတယ်။ ဘီဘာ ( လူမျိုးစု) ရှိတယ်။ ၁၀ရာခိုင်နှုန်းခန်
့ရှိတယ်။ နိင်ငံရဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာနေကြတယ်။ သူတို
့ကလူနည်းစုအခွင့်အရေးတောင်းဆိုမှုတွေရှိပေမဲ့ ခွဲထွက်မှုကိုတော့မတောင်းကြဘူုး။ သူတို
့မှာပြသနာတခုတော့ရှိတယ်။ဒါကဒေသစွဲ။ ဒီအစွဲကလည်း ကြာတော့ကြာပြီ။ ဆာရီနီကာသား ( Cryenica)
နဲ့  ထရီပိုလီသား။ ထရီပိုလီက
ကာဒါဖီးခြေကုတ်လိုဖြစ်ခဲ့တယ်။ ရန်ကုန်နဲ့ မန္တလေး။ အထက်သားနဲ့ အောက်သား လို
အစွဲမျိုးပေါ့။
လစ်ဗျားရဲ
့အားကောင်းချက်က ဘောစနီးယား၊ ကောစဘို၊အာဖဂန်နစ်စတန်တွေလို
ကုန်းပိတ်ဖြစ်မနေဘူး။ အီ၇ိတ်ဆိုရင်လည်း ကုန်းပိတ်နီးပါးဖြစ်နေတယ်။ ဘေးပတ်လည်နိင်ငံတွေရဲ့  ခြိမ်းခြောက်မှုကလည်းနည်းတယ်။
လစ်ဗျားက
တခြားသုံးနိင်ငံထက်စာရင် တိုးတက်မှုတွေရှိတယ်ဆိုပေမဲ့ ဒီမိုကရေစီပြန်လည်တည်ဆောက်ဖို
့ကြတော့သူကြုံတွေ ထားတဲ့အတွေ့ အကြုံတွေကမကောင်းဘူး
အီတလီလက်အောက်မှာတုံးက
ဖက်ဆစ်အာဏာရှင်အတွေ့ အကြုံ၊ ပဒေသရာဇ်၊ နောက်ကာဒါဖီအာဏာရှင်၊ အားလုံးက တဦးထည်းမှာ
အာဏာတွေစုပုံထားပြီးအုပ်ချုပ်ခံခဲ့ရတဲ့အတွေအကြုံနဲ့ ပဲသူကကြီးပြင်းလာခဲ့သူဖြစ်တယ်။
ဒါကဆိုးရိမ်စရာကောင်းတယ်။
နောက်တချက်က အနောက်နိင်ငံတွေက
လုံခြုံရေးစနစ်တကျပြန်လည်တည်ဆောက်မပေးဘူးဆိုရင်လစ်ဗျားဟာပြန်လည်တည်ဆောက်ရမှာအခက်ခဲကြုံနိင်ပါတယ်။
အခုကောဆိုဗိုနဲ့ ဘောစနီးယားမှာ နိင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ
့တွေတာဝန်ယူထားပေးသလိုမျိုး လစ်ဗျားမှာလိုအပ်နေတယ်။ အာဖဂန်နဲ့  အီရတ်
စစ်ပွဲအစပိုင်းတွေမှာ အမေရိကန်ဦးဆောင်တဲ့ နိင်ငံတကာတပ်ဖွဲ့ တွေ စုဖွဲ ပြီး
ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်မှုတခုဖြစ်ခဲ့ပါတယ်။
ဒီလိုပူးပေါင်းဆောင်ရွက်မှုမျိုး လိုကောင်းလိုမယ်။
ဒါဟာပြန်လည်တည်ဆောက်ရေးအတွက်ဖြစ်တယ်။ လစ်ဗျားခေါင်းဆောင်တွေကလည်း အလောသုံးဆယ်
မဆုံးဖြတ်ဖို့ လိုတယ်။ မြန်မာ့ လွတ်လပ်ရေးယူတုံးက ခေါင်းဆောင်တွေ
အလောသုံးဆယ်ဆုံးဖြတ်ခဲ့တာမျိုးတွေမလုပ်ဖို့ လိုတယ်။
လစ်ဗျားပြန်လည်တည်ဆောက်ရေးအတွက်
နိင်ငံတကာ ကခုထိဘာကိုတာဝန်ယူမယ်။ ဘယ်သူကဆောင်ရွက်မယ်ဆိုတာ ခုထိတိတိကျကျမရှိသေးဘူး။
အမေရိကန် သမတဘားရက်အိုဘားမားက လစ်ဗျားမှာမ၀င်ခဲ့တာ အမျော်အမြင်ရှိတယ်။
အာရပ်လူထုရဲ့ မျက်စိစားပွေးမွေးဆူးစရာကိုရှောင်နိင်ခဲ့တယ်။ လစ်ဗျားကို
ပြန်တည်ဆောက်မဲ့ ဒီဇိုင်းကိုရေးဆွဲတဲ့နေရာမှာတော့ အမေရိကန် ထက်ကောင်းတဲ့ သူထက်ပါဝါရှိတဲ့သူမရှိဖြစ်နေတယ်။ ကာဒါဖီသောင်းကြမ်းမှုကိုနိမ်နင်းစဉ်ကတော့
နေတိုးရဲ့  လေကြောင်းကူက ထိရောက်ခဲ့တာမှန်ပါတယ်။ သမိုင်းအတွေ
့အကြုံတွေအရတော့ဒါဟာအလွယ်ဆုံးပါ။ အခက်ဆုံးပိုင်းက လစ်ဗျားကို ဘယ်လို
ပြန်တည်ဆောက်မလဲဆိုတာပါပဲ။ ဒီမှာ လုံခြုံရေးကတော့ဦးစားပေးဖြစ်ဖို့ လိုတယ်။ လစ်ဗျားသူပုန်ခေါင်းဆောင်တွေဟာ
လစ်ဗျားလူထုထောက်ခံမှုကိုဆက်လက်ရနေဖို့ လိုတယ်။ တရားဥပဒေဆိုးမိုးရေး၊
တရားဝင်မှုရှိရေး၊ တဗိုလ်တမင်းမဖြစ်ကြဖို့ ၊ ခိုးဆိုးတိုက်ခိုက်မှုတွေက
ကာကွယ်မှုပေးနိင်ရေးစတာတွေ ကိုဆောင်ရွက်နိင်စွမ်ပြဖို့ လိုပါတယ်။ နေတိုးအနေနဲ့ လည်း
လစ်ဗျားသူပုန်တွေ ကို ရဲတပ်ဖွဲ့ တွေအဖြစ်စနစ်တကျလေ့ကျင့်ဖို
့အသွင်ကူးပြောင်းနိင်ဖို့ လိုတယ်။
နောက်တခုက
လွတ်လပ်တဲ့လူမှုအသင်းအပင်းတွေ ( NGOs) တွေကို တည်ထောင်နိင်ဖို့  လိုအပ်ပါတယ်။ အမေရိကန်အနေနဲ
့က အရပ်ဖက်စစ်ဖက်ဆက်ဆံရေးအတွက်သင်တန်းတွေ၊ စစ်တပ်နဲ
့ရဲကိုလေ့ကျင့်သင်တန်းပေးတာတွေလုပ်ပေးဖို့ လိုအပ်ပါတယ်။
လောလောဆယ်မှာ ဘန်ဂါဇီမှာအခြေစိုက်ထားတဲ့ အသွင်ကူးပြောင်းရေးအမျိုးသား ကောင်စီ တခုပဲ
အစိုးရအသွင်နဲ့ လှုပ်ရှားနေတာကိုတွေ့ ရတယ်။ ဒါကယာယီမျှသာဖြစ်တဲ့အတွက်
ရေရှည်နိင်ငံတော်တခုမှာမရှိမဖြစ်လိုအပ်တဲ့ မြူနီစပယ်လို၊
ဒေသဆိုင်ရာအုပ်ချုပ်ရေးတွေ၊ ဒီမိုကရေစီနဲ့ရွေးကောက်တင်မြောက်ပုံနည်းစနစ်တွေ၊
လူမှုအသင်းအပင်းတွေ တွေကို စတင်လေ့ကျင့်သင်ကြားဖို့ လိုနေပါတယ်။ ငါဒို့ သိတယ်။
ငါဒို့ တတ်တယ်။ ဆရာမလုပ်နဲ့ ။ လစ်ဗျားပြသနာလစ်ဗျားအသိဆုံး ဆိုတဲ့
သဘောထားမျိုးတွေမမွေးမိဖို့ လိုပါတယ်။ အထူးသဖြင့်ကျနော်တို
့တတိယကမ္ဘာနိင်ငံခေါင်းဆောင်တွေရဲ့ အားနည်းချက်တွေကြောင့် ဆင်းရဲမွဲတေမှုဟာ
မရှည်ကြာသင့်ပဲရှည်ကြာခဲ့တာကိုတွေ့ ရပါတယ်။
အခု လစ်ဗျားအသွင်းကူးပြောင်းရေးအမျိုးသားကောင်စီဟာ အချက် ၃၇ ချက်ပါတဲ့
အခြေခံဥပဒေတရပ်ကိုပြဌာန်းထားတယ်။ အဲ့ဒီအခြေခံဥပဒေအရ ရွေးကောက်ပွဲကို လပေါင်း ၂၀
အတွင်းမှာကျင်းပမယ်လို့ ဆိုတယ်။
လစ်ဗျားပြောင်းလဲမှုကို
ကျနော်အနေနဲ့ ကောဆိုဘို၊ ဘောစနီးယား၊အီရတ်၊အာဖဂန်နစ်စတန်နိင်ငံတွေထက် မြန်ဆန်မယ်။
လွယ်ကူချောမွေ့ မယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့
ကျနော်အထက်မှာဆွေးနွေးခဲ့သလို လစ်ဗျားနိင်ငံရဲ့  အကျယ်အ၀န်း ( Size)
၊ သင့်တင့်တဲ့ လူဦးရေ ( Population) ၊ မိတ်ဆွေဆံတဲ့အိမ်နီးခြင်းများ( Neighboring
Countries ) သဘ၀အရင်းအမြစ် ( Resources) လူမျိုးဘာသာသိပ်မကွဲပြားတဲ့ လူဦးရေ ( homogeneous
population ) ၊ အနောက်တိုင်းယျဉ်ကျေးမှုနဲ့  ကျွမ်းဝင်မှု ( Friendly with Western Civilization) တွေကြောင့်
လစ်ဗျားဟာ အလားအလာကောင်းနိင်တယ်လို့  ကျနော်ယူဆတယ်။
No comments :
Post a Comment