Monday, 29 August 2011

ဧရာဝတီ .. သို့ 


အစဉ်အလာ ... ကြီးလာခဲ့ သော ... ရာဇ၀င်ရဲ့  ... သတို့ သမီးအဖြစ် ... သူ ဣနြေ္ဒကြီး စွာ
တောင်ပေါ် ... အမြင့် တနေရာက .. သူလေ--ခရီးတွေ--နှင်ရင်း --မမောနိုင်--စုန်ကာ ဆင်းလာ
ကွေ့ ဝိုက်ကာရယ် --ထူးဆန်း ကကွက်မျိုး-- ကနေသလိုဘဲ
သူ--အမိမြန်မာပြည်ကို-- ရိုးသား ငြင်သာစွာရယ် အလုပ်အကျွေးပြုခဲ့ တယ်
ဧရာဝတီ ... သူ့ ကံကြမ္မာရယ် ... သနားစရာ ကောင်းအောင်
မကြာခင် ... အဆုံးသတ်ရတော့ မယ်

Time to say goodbye ငိုကြွေးရင်းနဲ့ ---သူနှူတ်ဆက်ပြီ
အပိုင်းပိုင်း-- ခုတ်ပိုင်းလို့ --အဖြတ်ခံပီး--လွန့် လူးရင်း-- အသက်ငွေ့ ငွေ့ 
ဧရာဝတီ---ငါတို့ အမေ
အိုမင်းမစွမ်းလဲဘဲ---မပျယ်တဲ့ မေတ္တာ
အနှောက်အရှက်တွေ--အမျိုးမျိုးပေး လာလဲ
သူစီးမြဲ --စီးဆင်းနေ

အာဏာရှိနေသော်လည်း-- စဉ်ချင်မဲ့ သူတွေရဲ့ -- အမိန့် ကိုသူ လည်စင်းကာ
အကြံဥာဏ်မဲ့ တွေ--ကိုယ်ကျိုး တခု ဘဲ ကြည့် ပီး
သဘာဝ တရားကိုပါ---ရောင်းကုန်တင်ပီ
ယန်စီ-မြစ်ဝါ ကို--မီးရောင်--ထိန် လင်း--နိုင်ဘို့ --သူစတေး--ရပီ

Time to say goodbye ငိုကြွေးရင်း---သူနှူတ်ဆက်ပြီ
အပိုင်းပိုင်း--ခုတ်ပိုင်းလို့ --အဖြတ်ခံပီး--လွန့် လူးရင်း အသက်ငွေ့ ငွေ့ 
ဧရာဝတီ---ငါတို့ အမေ
မှီခိုအားထားကြရ---ဘ၀ပေါင်းများစွာ
ဖေးမသူ -- ကင်းဝေးလို့ နေပီ
တပြည်လုံးလဲ--၀မ်းနဲမဆုံး

ဧရာဝတီ--- အိုမိခင်
သူ့ အသဲ နှလုံးများနဲ့ --- တည်ဆောက်မြစ်ဆုံ
သွေးကြောတွေ--ဖြတ်ပစ်လိုက်သလိုဘဲ
ယူကြုံးမရ---၀မ်းနဲစရာ
ဧရာဝတီ---ဒါတို့ အမွေ

2 comments :

ဆိုင်းသံကြားကချင် မိုက်ခွက်မြင်ကိုင်ချင် said...

သူများ ဧရာဝတီလို့ လိုက်ဝတီချင်ရင်လဲ အနုပညာအစွမ်းအစလေးတော့ ချိုင်းမွေးထိပ်ဖျားလောက် ရှိဦးပေါ့ ရှက်ဖွယ်လိလိပါလား

Anonymous said...

ဧရာဝတီကို ဆည်ဆောက်မယ်ဆိုရင်....ဆည်မဆောက်ခင်...ူမစ်ေုကာင်းတလျောက်သောင်ထွန်းနေတာတွေကိုအရင်ရှင်းလိုက်ပါ။ဒါမှလုပ်နိုင်မယ်လို့ လူတွေလက်ခံမှာ...မဟုတ်လို့ ကတော့ ....so sorry