Tuesday 11 October 2011

လွတ်မြောက်ရေး သတင်း

ပြည်သူ့အချစ်တော် သရုပ်ဆောင် ကိုဇာဂနာ ယနေ့နံနက်ဝ၈နာရီတွင်မြစ်ကြီးနားအကျဉ်းထောင်မှ လွှတ်မြောက်လာပြီ ဖြစ်ကြောင်း သူ၏ ခယ်မ မုငိမ်ုးငိမ်းမှ အတည်ပြုပြောကြားခဲ့ပါသည်

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် (SNLD) သည် စစ်တွေထောင်တွင် ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာခဲ့ပြီး ယနေ့ညနေ ၄ နာရီခန့်တွင် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် နံနက် ၈ နာရီမှ စပြီး စောင့်ဆိုင်းနေသူ လူ ၃၀၀၀ ကျော်ခန့်ရှိကြောင်းနှင့် နံနက် ၁၀ နာရီကျော်မှသာ လွှတ်ပေးရန်ရှိကြောင်း၊ လွတ်မြောက်မည့်စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ခန့်သာ ပါမည်ဖြစ်ကြောင်းကြားသိရသည် ။
မန္တလေးမှာတော့ ရိုးရိုးအကျဉ်းသား၄၀ လောက်လွတ်သွားပီလို့ ကြားပါတယ်။တရုတ်နဲ့ ရှမ်းတွေတိုင်းရင်းသားတွေများတယ်လို့ သိရပါတယ်..ကိုလှမျိုးနောင်နဲ့  GW က နှစ်ယောက်လဲ လွတ်မယ်လို့ ကြားပါတယ် ( ပြည်တွင်းမှ သတင်းပေးပို့လာသူ )
သာယာသတီ အကျဉ်းထောင်မှ အကျဉ်းသား 201လွတ်မြောက်လာမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား 63 ယောက်ရှ/ရာမှ 29 ဦးလွတ်မြောက်လာမည် ဖြစ်ကြောင်း သာယာဝတီအကျဉ်းထောင်တွင် သွားရောက်သတင်းယူနေသော Messenger သတင်းထောက်များက သတင်းပေးပို့ထားသည်။
စက်တင်ဘာအရေးအခင်းတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သူ အရှင် ဂမ္ဘီရ ကလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရ။
သာယာဝတီအကျဉ်းထောင်မှကိုစောသက်ထွန်း၊ကိုကြည်လွင်အပါ
အ၀င်နိုင်ငံရေးအကျဉ်းသားအများစုပြန်လည်လွတ်မြောက်မည်ဟု
သာယာဝတီအကျဉ်းထောင်တွင်သတင်းရယူရန်ရောက်ရှိနေသော အကြီးတန်းသတင်းထောက်တစ်ဦးကသတင်းပေးပို့သည်။
နီုင်ငံရေးအကျဉ်းသားကိုမျိုးအောင်သန်းမြစ်ကြီးနားထောင်မှယနေ့ပြန်လွတ်ပြီဟု၎င်းဧ။်မိသားစုဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

No comments :