Tuesday 11 October 2011

စတင်တိုးတက်မှုနှင့်ပြောင်းလဲမှု လော


                               

                                                                                                                                                                
ယနေ့ မြန်မာ့နိုင်ငံရေးအခြေနေမှာ လမ်းဆုံတခုကိုရောက်နေပြီဟုပြောရင်ရမည်ထင်ပါသည်။လက်ရှိ သမ္မတဦးသိန်းစိန် ဦးဆောင်သော
အစိုးရနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ စကားပြောဆွေးနွေးနေကြတာကိုမြန်မာနိုင်ငံသားများသာမကမြန်မာနိုင်ငံကိုပြောင်းလဲစေလိုသော                          နိုင်ငံများက စိတ်ဝင်တစားစောင့်ကြည့်နေကြပါသည်။မကြာခင်ဆွေးနွေးနေမှုများကိုနှစ်ဖက်စလုံးကထုတ်ပြောလာဖို့ လည်း
မျှော်လင့်နေကြပါသည်။အမျိုးမျိုးသောဝေဖန်နေမှုများကိုလည်းတွေ့ နေရပါသည်။သို့ သော်အများစုကတော့  ယခုလို              စကားပြောဆွေးနွေးနေကြတာကိုကြိုဆိုကြပါသည်။ဒီနေရာမှာကျနော့်အမြင်တချို့ ကိုဖော်ပြလိုပါသည်။
                                                                                                                                                 ပြီးခဲ့သည့်ဩဂုတ်လ၁၉ရက်နေ့ ကနေပြည်တော်တွင်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတကြီးဦးသိန်းစိန်တို့ 
ပထမဆုံးအကြိမ်တွေ့ ဆုံဆွေးနွေးခဲ့ကြပါသည်။ထိုသို့ တွေ့ ဆုံဆွေးနွေးနိုင်မှုသည်မြန်မာ့နိုင်ငံရေးဖြစ်စဉ်၏တိုးတက်မှုအစဖြစ်ပါသည်။
ပိုမို၍မှန်ကန်သောဒီမိုကရေစီ  တိုးတက်မှုများရရှိလာအောင်နှစ်ဖက်လုံးမှကြိုးပမ်းနေကြသည်ဟု ယုံကြည်ရပါသည်။                                                                       ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့ မတွေ့ ဆုံခင် ပြည်ထောင်စုအစိုးရုဝန်ကြီးဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့  နှစ်ကြိမ်တိုင်တိုင်တွေ့ ဆုံခဲ့ကြသည်။သမ္မတနှင့်ဆွေးနွေးမည့်အကြောင်းအရာများကို နှစ်ဖက်လုံးမှကြိုတင်သတ်မှတ်ကြသည်
ဟုယူဆနိုင်စရာရှိပါသည်။ဒိ့နောက်ပိုင်းမှာတော့ အခြအနေအချို့ တိုးတက်လာတာ ကိုတွေ့ လာရပါသည်။သတင်းလွတ်လပ်ခွင့်အတန်
အသင့်ရလာတာမျိုး၊ဒေါ်အောင်ဆန်းစုကြည်၏ဆောင်းပါးများဂျာနယ်တချို့ တွင်ဖော်ပြခွင့်ရလာတာမျိုး၊လွှတ်တော်စည်းဝေးများတွင်
သတင်းသမားများအကန့် အသတ်အချို့ တို့ ဖြင့်သတင်းယူခွင့်ရလာတာမျိုးတို့ ဖြစ်ပါသည်။ယခင်ကပြည်ဝင်ခွင့်မပြုခဲ့သောပြည်ပအခြေ
စိုက်သတင်းဌာနများမှသတင်းထောက်များကိုလည်းပြည်တွင်းဝင်ရောက်သတင်းယူခွင့်ပြုခဲ့သည်ကိုတွေ့ ရပါသည်။စတုတ္ထမဏ္ဍိုင်ကို
အတိုင်းအတာဖြင့်လွတ်လပ်မှုပေးခဲ့သည်ဟုပြောရင်ရမည်ထင်ပါသည်။တချိန်ထဲ မြန်မာနိုင်ငံနေရာအတော်များများတွင် ဧရာဝတီ မြစ်ဆုံ
ဆည် တည်ဆောက်နေမှုကိုဆန့် ကျင်ကန့် ကွက်နေကြသောလူထုအသံများသည်လည်းပွက်လောရိုက်နေခဲ့ပါသည်။ထိုဆန့် ကျင်ကန့် 
ကွက်မှုများတွင်လူတန်းစားအလွှာပေါင်းစုံပါဝင်ပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများကလည်းမိမိတို့ ရောက်ရှိရာနိုင်ငံဒေသများတွင်တက်
ကြွစွာပူးပေါင်းပါဝင်ခဲ့ကြတာကိုသတင်းမီဒီယာတို့ မှတဆင့်ပြည်တွင်းပြည်ပ မြန်မာပြည်သူတို့ သိခဲ့ကြရပါသည်။မြန်မာနိုင်ငံသားများ၏
ဆန္ဒကိုလေးစားလိုက်နာကာ သမ္မတကြီးဦးသိန်းစိန်မှ ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်မှုစီမံကိန်းကို၎င်းတို့ အစိုးရလက်ထက်တွင်ရပ် ဆိုင်းထားမည်ဟု့ စက်တင်ဘာ ၃၀ ရက်နေ့ တွင်ကျင်းပနေ ဆဲလွှတ်တော်သို့ သမိုင်းဝင်သ၀ဏ်လွှာပေးပို့ ခဲ့ပါသည် မြန်မာနိုင်ငံသားများကအလွန်ဝမ်းသာကြိုဆိုခဲ့ကြပါသည်။ ငြင်း၍မရနိုင်သော အချက်များဖြစ်ပါသည်။
သို့ သော်ယခင်စစ်အစိုးရလက်ထက်ကနှင့်စာလျှင်အမှန်ပင်တိုးတက်လာသော်လည်းစတင်ပြောင်းလဲနေပြီဟုပြော၍မရသေးပါ။                       သမ္မတဦးသိန်းစိန် ဦးဆောင်သောအစိုးရရအနေနှင့် အမှန်တ ကယ်ပြုပြင်ပြောင်း  လဲလိုလျှင်နိုင်ငံရေးမူဝါဒတွေပြောင်းရမည်ဖြစ်ပါသည်။
                                                                                                                                                                                                            လက်ရှိအစိုးရအနေနှင့်ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်းကိုရဲရဲကြီးလျှောက်ရန်လိုပါသည်။
နိုင်ငံရေးအကျဉ်းသားအားလုံးကိုခြွင်းချက်မရှိလွှတ်ပေးပြီး၂၀၀၈ ဖွဲ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဒီမိုကရေစီစနစ်နဲ့ အညီ    အများလက်ခံလာနိုင်အောင်လွှတ်တော်တွင်ပြုပြင်ပြောင်းလဲပေးခြင်း၊လူ့ အခွင့်အရေးကိုအစိုးရမှလေးစားလိုက်နာမြှင့်တင်ပေးပြီး
လူ့ အခွင့်အရေးချိုးဖောက်ခံနေရမှုများလုံးဝပပျောက်အောင်အစိုးရမှတာဝန်ယူဆောင်ရွက်ပေးခြင်း၊တိုင်းရင်းသားဒေသများတွင်စစ်ပွဲများ ကိုချက်ခြင်းရပ်ခြင်းတို့ ကို မဖြစ်မနေလုပ်ပေးရန်လိုပါသည်။သို့ မှသာပြုပြင်ပြောင်းလဲမှုစတင်နေပြီလို့ ပြောနိုင်မည်ထင်ပါသည်။
ထို့ အတူ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးနေမှုများအပေါ် လူထုနှင့် နိုင်ငံတကာကပါ ကြိုဆိုမှုများနှင့်အတူ
စိုးရိမ်စိတ်နှင့် သံသယစိတ်များလည်းလျော့ပါးသွားကြမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ပြည်တွင်းနိုင်ငံရေးသမိုင်းကိုလည်းခေတ်ကာလတွေပြောင်းလဲလာသော်ငြားမေ့ထားလို့ ရမည်မဟုတ်ပါ။
မြန်မာ့နိုင်ငံရေးအကျပ်အတည်း(၀ါ)နိုင်ငံရေးပဋိပက္ခကိုဖြေရှင်းကြရာတွင်နိုင်ငံရေးအတိုက်အခံ တဦးတယောက် တစုတဖွဲ့ နှင့်
အစိုးရတို့ သာဖြေရှင်းကြရုံဖြင့် နိုင်ငံရေးပြဿနာများအနာဂါတ်အတွက် လုံးဝပြေလည်သွားမည်မထင်ပါ။ယေဘုယျကျသော ပဏာမအခြေအနေများကိုသာတိုးတက်လာအောင်ဆွေးနွေးဖြေရှင်းနိုင်မည်ဖြစ်ပါသည်။   အများပါဝင်ပတ်သက်
(all inclusive) ကာဆွေးနွေးဖြေရှင်းကြဖို့ လိုပါလိမ့်မည်။မြန်မာနိုင်ငံသည်လူမျိုးစုများစုပေါင်းနေထိုင်ကြသောနိုင်ငံတခုဖြစ်ပါသည်။
ထို့ အတူနိုင်ငံရေးအမြင်မတူကွဲပြားကြသော နိုင်ငံရေး အုပ်စုများ၊ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသား   လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများနှင့်အခြားသောအဖွဲ့ အစည်းများရှိနေကြပါသည်။သို့ သော်ထိုများပြားလှသောအဖွဲ့ 
အစည်းများတွင် ဒီမိုကရေစီနိုင်ငံတည်ဆောက်လိုသည်ကတော့ လုံးဝတူညီနေကြသည့်အချက်ဖြစ်ပါသည်။သို့ ပါသောကြောင့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့ တွေ့ ဆုံဆွေးနွေးနေမှုများအဆင့်တက်တိုးတက်လာ
ပြီးသည့်နောက်တွင် နိုင်ငံရေးအမြင်မတူကွဲပြားကြသောပြည်တွင်းပြည်ပရှိ   နိုင်ငံရေးအုပ်စုများ၊ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများနှင့်အခြားသောအဖွဲ့ အစည်းများတို့ ပါ ပါဝင်ကြပြီး နိုင်ငံရေးပြဿနာများကို့် အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ လိုပါသည်။    သို့ မှသာ ထာဝရငြိမ်းချမ်းရေးကိုအုတ်မြစ်ချနိုင်ပြီး  စစ်မှန်သော
ဒီမိုကရေစီနိုင်ငံကိုတည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ကိုကိုအောင်
တိုကျို
အောက်တိုဘာ ၉ ရက်၊၂၀၁၁

No comments :