Monday, 28 January 2013

တင်ပေးပါ ခေါင်းစဉ်က ( သမတဦးသိန်းစိန် သိ့ အကြံပြုချက်)

နိုင်ငံတော်သမ္မကြီးခင်ဗျား ဒီတခါတကယ်ပဲလုပ်တော့ မှာလားလို
့မေးပါရစေ။ဆိုလိုတာက အခုလောလောဆယ်စုံစမ်းစစ်ဆေးနေတဲ့ ဆက်သွယ်ရေးဝန်
ကြီးဌာန ရဲ့အရှုပ်တော်ပုံကြီး ကိုတကယ်ပဲအရေးယူတော့ မှာလားလို
့မေးခြင်းဖြစ်ပါတယ်။ပြောပေါင်း
များနေပြီးဘာတခုမှ
လက်တွေ့လုပ်ပြတာမရှိသေးလို့ မေးရခြင်းဖြစ်ပါတယ်။ဆိုလိုတာက Good
Governance,
Clean Government လို့ အမြဲပြော၊လာဘ်ပေးလာဘ်ယူမှုတွေကိုအရေးယူမယ်လို့ ပြောပြောပြီး
ဘာမှလုပ်တာမတွေ့သေးလို့ မေးနေရခြင်းဖြစ်ပါတယ်။ ဟောအခုတခါတော့ 
တကယ်လုပ်တော့ မှာလားဟင်လို့ မေးနေရခြင်းဖြစ်ပါတယ်။သမ္မတကြီးမှာလက်အောက်က
ဝန်ကြီးတွေ၊ဝန်ကြီးဌာနတွေမှာလာဘ်စားမှုတွေ၊ခြစားမှုတွေ၊အကျင့် ပျက်နေတာတွေ
ဖြစ်နေ ပြီလား
ဆိုတာမျိုး ကိုဘယ်ပုံဘယ်နည်းနဲ့သိအောင်လုပ်ထားပါသလဲ၊သမ္မတကြီးမှာ Check, Recheck,
Double Check n Counter Check တွေကောရှိပါသလား။

ကိုယ်တိုင်သိအောင်လုပ်တာမျိုးလား၊တိုင်စာရောက်မှစစ်ဆေးတာမျိုးလား။ပုံစံ
ကြည့် ရတာ တော့  တိုင်စာတက်လာမှ
စစ်ဆေးတာမျိုးလုပ်နေပုံရတာမျိုးတွေ့နေရလို့ ပါ။
တစ်ခုပြောပါရစေ။လာဘ်ပေးလာဘ်ယူမှုတွေ၊အကျင်
့ပျက်ခြစားမှုတွေကိုအတွင်းကျကျသိနေကြတဲ့ အောက်ခြေဝန်ထမ်းအများစုကတော
့အမည်နာမဖေါ်ပြပြီးရေးရတဲ့တိုင်စာမျိုးကိုမရေးရဲကြပါဘူး။
ဘာကြောင့် လဲဆိုရင်ပြန်အတွယ်ခံနေရလို့ ပါပဲ။ အဲဒါကြောင်
့အမည်နာမမဖေါ်ပြရဲတော့ပဲ၊ ဝန်ထမ်းတစ်စုဆိုပြီးတိုင်နေရတော့ တာပေါ
့ဗျာ။သမ္မတကြီးတို့ ကလည်း ဝန်ထမ်းတစ်စုဆိုပြီးတိုင်လာတဲ့တိုင်စာ
ရောက်လာတာနဲ့၊ပြစ်စာပဲဆိုပြီး၊အမှိုက်ပုံးထဲပို့ 
လိုက်ကြတော့  အခုလိုမျိုးအကျင့် ပျက်မှုတွေ၊ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊
အစိုးရအဖွဲ့ထဲမှာ၊ဝန်ကြီးဌာနတိုင်းမှာဖြစ်နေတော့ တာပေါ့ ။

မယုံဘူးလားသမ္မတကြီး။
တခုလောက်အရင်ထုတ်ပြပေးပါမယ်။နောက်ထပ်ထုတ်ပြလို့ 
ရတာတွေလည်းရှိပါသေးကြောင်း ကြိုပြောထားပါရစေ။
အားကစားဝန်ကြီးဦးတင့်ဆန်းရဲ့အကျင့်ပျက်ခြစားမှု၊လာဘ်စားမှု၊လုပ်ထုံးလုပ်နည်းစည်းမျဉ်း
စည်းကမ်း ဥပဒေအတိုင်းမဆောင်ရွက်ပဲ၊နိုင်ငံတော်သမ္မတကြီး၊ ဒုသမ္မတနှစ်ယောက်စလုံး၊
ပြည်ထောင်စုစာရင်းစစ်ချုပ် ၊ ပြည်ထဲရေးဝန်ကြီးနဲ့
စသုံးလုံးညွှန်ချုပ်ကြီး၊ မှုခင်းတပ်ဖွဲ့မှုးကြီးတို့အားလုံးကို မင်းတို
့ကောင်တွေလောက်တော့ တင့်ဆန်းတို့ကသနားတယ်၊

ဟောဒီမှာပါဗျာတင့်ဆန်းရဲ့ရိုက်ချက်များ
တင့်ဆန်းအားကစားဝန်ကြီးဖြစ်လာတော့ ၂၀၁၃ မှာလုပ်မဲ့ (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပသွားမယ်ဆိုတဲ့ဂွင်
အကြီးကြီးကစောင့် လို့ ကြိုနေတော့ ကျိတ်ပြီးပြုံးနေတာတဲ့၊ဘာလို
့လဲဆိုတော့ အိမ်ရှင်နိုင်ငံ
အနေနဲ့ လုပ်မယ်ဆိုတော့ နေပြည်တော်မှာတင် အားကစားရုံနဲ့ အားကစားကွင်းပေါင်း
( ၁၁ )ခုတိတိ၊ အသစ်ကနေစပြီးဆောက်ရတော့ မှာလေ။ ဘာကြောင့် ကျိတ်ပြီးပြုံး သလဲ
သိလား သူမှာ Ace ဆောက်လုပ်ရေးကုမ္မဏီကြီးကရှိနေပြီးသားလေ။
ကဲဒီတခါတော့ ...တကယ်ထုတ်ပြပါပြီ ..

အားကစားဝန်ကြီး၊ Ace ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်ကြီး မောင်တင့်ဆန်းရဲ့
အပြင်းစားရိုက်ချက်များ

( ၁ ) အားကစားရုံအားကစားကွင်း( ၁၁ )ခုအတွက်ဆောက်လုပ်ဖို့ ကိစ္စကို EC အဖွဲ့
အစည်းအဝေးမခေါ်ပဲ၊ EC အဖွဲ့ရဲ့အစည်းအဝေးဆုံး ဖြတ် ချက်မရှိပဲသူတယောက်ထဲ
လုပ်တော့ တာပါ။

( ၂ ) ပြီးတော့ ဆောက်လုပ်မဲ့ ကုမ္မဏီတွေကိုတင်ဒါခေါ်ယူခဲ့ခြင်းလုံးဝ( လုံးဝ
) မရှိပဲ၊သူပိုင်တဲ့ Ace ဆောက်လုပ်ရေးကုမ္မဏီက ပဲဆောက်လုပ်ခဲ့တာပါ။

( ၃ ) ပြီးတော့ အားကစားရုံ အားကစားကွင်း( ၁၁ ) ခုစလုံးမှာတစ်ခုချင်းစီအတွက်
အသေးစိပ်ကုန်ကျမှုတွက်ချက်မှုစာရင်း BQ လည်းမရှိပါဘူး။

( ၄ ) နောက်တစ်ခုရှိသေးတယ်ဗျာ၊ အားကစားဝန်ကြီးဌာနနဲ့ Ace ဆောက်လုပ်ရေးကုမ္မဏီတို့ 
အကြားမှာဒီ အားကစားရုံနဲ့အားကစားကွင်း( ၁၁ )ခုဆောက်လုပ်ဖို
့ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်း
လုံးဝ( လုံးဝ ) မရှိပါပဲနဲ့သူတစ်ဦးတည်းသူ့ သဘောနဲ့ သူဆောက်ခဲ့တာပါ။

( ၅ ) ကျန်သေးတယ်ဗျာ QC လို့ ခေါ်တဲ့အဖွဲ့တွေဖွဲ့ပြီးစစ်ဆေးခဲ့တာမျိုးလည်းမရှိ၊
အဆင့် တိုင်းကို QC အဖွဲ့ကစစ်၊မှန်ကန်မှ တဆင့် ချင်းငွေထုတ်ပေး၊ငွေထုတ်ယူတဲ့
စနစ်မျိုးလည်းမရှိပဲ ဆောက်နေခဲ့တာပါ။ ( သူပိုင်ငွေမဲတွေနဲ့ပေါ့ဗျာ )

( ၆ ) ဟောအခုကြားရပြန်ပြီဗျို့၊ လုပ်ငန်းအားလုံးပြီးသွားပြီတဲ့၊ငွေထုတ်တော့ မှာတဲ့၊
ဘယ်လိုထုတ်မယ်ထင်သလဲ၊ Ace ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်သူဌေးတင့်ဆန်းက
အားကစားဝန်ကြီးတင့်ဆန်းကိုတင်ပြတာတဲ့ ၊ပြီးပြီငွေထုတ်ပေးပေါ့ ။
အဲဒီမှာလည်းတစ်ချက်ငြိနေပြန်ရော၊လုပ်ငန်တစ်ခုပြီးပြီဆိုရင် Work Done
ပြီးဆုံးချိန်စစ်ဆေးရေးအဖွဲ့နဲ့စစ်ထားတာမျိုးကောရှိသလားလို့ မေးကြည့် တော
့မရှိဘူးတဲ့၊
မလိုဘူးလို့ ဝန်ကြီးကပြောတယ်တဲ့ဗျာ။

( ၇ ) လာပါပြီ၊လာပါပြီအလှပဆုံးသောအကွက်လေးပြောပြပါအုံးမယ်။
Ace ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်သူဌေးတင့်ဆန်းက
အားကစားဝန်ကြီးတင့်ဆန်းဆီကိုတင်ပြတောင်းခံ
လိုက်တဲ့ငွေစာရင်း အသက်ရှုမှားမေ့မြောသွားလောက်ပါရဲ့ဗျာ။

( က ). ဖူဆယ်အားကစားရုံအတွက် သိန်းပေါင်း ၄၀၀ ကျော်။
( ခ ). ဘတ်စကက်ဘောကွင်း သိန်းပေါင်း ၅၀၀၀ နီးပါး။
( ဂ ). လက်ဝှေ့အားကစားရုံ သိန်းပေါင်း ၂၀၀ နီးပါး။
( ဃ). တင်းနစ်လေ့ကျင့်ရေးကွင်းပွဲကြည့် စင် သိန်းပေါင်း ၅၀၀ ကျော်။
( င). နေပြည်တော်အားကစားလကရစခန်း သိန်းပေါင်း ၅၀၀၀ နီးပါး။
( စ ) လယ်ဝေးအားကစားကွင်း သိန်းပေါင်း ၄၀ ၀၀၀ နီးပါး။
( ဆ ). ငလိုက်ဆည်လှေလှော်ပြိုင်ပွဲ သိန်းပေါင်း ၉ ၀၀၀ နီးပါး။
(ဇ) Mountain Pleasent စက်ဘီးကွင်း သိန်းပေါင်း ၈ ၀၀၀ နီးပါး။
(ဈ) မြှားပစ်ကွင်း သိန်းပေါင်း ၃၀ ၀၀၀ နီးပါး။
(ည) တာဝေးအပြေးတာလွှတ်နေရာ သိန်းပေါင်း ၃ ၀၀၀ နီးပါး။
( ဋ္ဋ ) မြင်းစီးကွင်း သိန်းပေါင်း ၂၀ ၀၀၀ နီးပါး။

အားလုံးပေါင်းလိုက်ရင် ကျပ်သိန်းပေါင်း ၂၀၀၀,၀၀၀ နီးပါးတောင်ရှိတယိဗျာ။

ကိုင်းဘယ့်နဲ့ရှိစ
အမောင်သမတမင်း၊မောင်ညာဏ်ထွန်း၊ဒေါက်တာစိုင်းမောက်ခမ်း၊ပြည်ထဲရေးဝန်ကြီး၊
စသုံးလုံးညွှနချုပ်ကြီးနဲ့၊မှုခင်းတပ်ဖွဲ့မှုးတို့ ရေ အကြံပိုင်သောငခွေး ၊
Ace ဆောက်လုပ်ရေးပိုင်ရှင်သူဌေး၊ အားကစားဝန်ကြီး၊ငွေရှာတာ
လုပ်တတ်လိုက်တာ။ လွယ်လိုက်တာ၊ငွေမဲတွေကိုငွေဖြူ
ဖေါ်တာကျွမ်းလိုက်တာ။မယုံမရှိနဲ့

စစ်ပဲတိုက်တတ်ပြီး၊ကြားလားကြားလား၊ကြားရင်အကြောင်းပြန်၊ ရထားဖြစ်ပါတယ်၊
၉၆ ပါ။ ၆၃ ပါပဲလုပ်တတ်ပြီး၊တင့်ဆန်းလိုငွေရှာတာမကျွမ်းပဲ
ဆက်သွယ်ရေးဝန်ကြီးသွားလုပ်မိတဲ့ သိန်းထွန်းခမျာသနားစရာပါ။( စကားကြွင်း )

ကောင်းပါပြီ အမောင်သမ္မတမင်း
နားတွေ၊မျက်စိတွေကိုနေရာအနှံ့မှာထားပြီးအားလုံးကိုအချိန်နဲ့ 
တပြေးညီသိအောင်သာလုပ်ထားပေတော့ ။အခုတင်ပြလိုက်တဲ့ သတင်းကို
သေသေချာချာစုံစမ်းစစ်ဆေးဖေါ်ထုတ်ပြီးစံနမူနာပြ အရေးယူပြလိုက်ပါ။
ခင်ဗျားကြီးသိပ်ဖြစ်ချင်နေတဲ့
တိုင်းပြည်ရဲ့အစိုးရအဖွဲ့ကြီးကောင်းသွားမယ်။ Good Governance , Clean
Government ဖြစ်သွားပါမယ်။

No comments :