ဇေကမ္ဘာကုမ္ပဏီက
သိမ်းယူထားတဲ့ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက မြေဧက ၈၀၀ ကျော်မှာ မြေတူးစက်တွေ
မြေညှိစက်တွေနဲ့ လာရောက်မြေညှိနေတာကို မြို့နယ်အာဏာပိုင်က မလုပ်ဖို့ တားမြစ်ခဲ့ပေမယ့်
ဒီကနေ့အထိ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
ရွှေနံ့သာကျေးရွာက
လယ်မြေဧက ၈၁၅ ဧက ကို လွှတ်တော်အမတ် ဦးခင်ရွှေပိုင်ဆိုင် တဲ့ ဇေကမ္ဘာကုမ္ပဏီက လျော်ကြေးငွေ
သုံးသိန်း ပေးကာ မတန်တဆ သိမ်းယူထားတာဖြစ်ပြီး လယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အငြင်းပွားနေတဲ့
ကိစ္စလည်း ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စလှယ်လုပ်နေတဲ့ ဇေကမ္ဘာ
ပိုင်ရှင် ခင်ရွှေဟာ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း သားနဲ့ သူ့သမီးကို ထိုးကျွေးပြီး
လွှတ်တော်ဥက္ကဌ ရဲ့ ခမည်းခမက်ဆိုတဲ့ အရှိန်နဲ့ လယ်ယာမြေတွေ ကို
ကိုယ်ကျိုးစီးပွားအတွက် သိမ်းယူနေတယ်။
လွှတ်တော်ဥက္ကဌ ရဲ့ ခမည်းခမက်ဆိုတဲ့
အရှိန်ကြောင့် တော်ရုံလူ၊ တော်ရုံအစိုးရဝန်ထမ်းက ဒီခင်ရွှေကို ကြောက်ရတော့တာပါပဲ။
အဲဒီမှာ အကျင့်ပျက် ဝန်ထမ်းကို ဟောက်ဟမ်း သိမ်းသွင်း ပြီး မရှိဆင်းရဲသားတွေ
လယ်မြေကို အတင်းအဓ္ဓမ ဥပဒေမဲ့ သိမ်းထာတာလယ်မြေဧက ထောင်ကျော်ရှိနေပြီ။
ဘယ်သူမှ
ဥပဒေ အထက်မှာ မရှိရ လို့ ကြွေးကျော်ခဲ့တဲ့ လွှတ်တော်ဥက္ကဌကြီး ကို လည်း ခမည်းခမက် ကို အကာအကွယ်ပေးမှာလား၊
ဆင်းရဲသား လယ်သမားတွေ ကို အကာအကွယ်ပေးမှာလား ဆိုတာ လွှတ်တော်ကိုယ်စလှယ်တွေ အားလုံက လွှတ်တော်မှာ
မေးခွန်းမထုတ်ရဲ ဖြစ်နေကြသလို၊ လယ်ယာမြေသိမ်း
အမှု ကို စုံစမ်းခဲ့ကြတဲ့ အစိုးရ တာဝန်ရှိသူတွေ နှင့် လွှတ်တော် က ဖွဲ့စည်းခဲ့တဲ့ ဥပဒေ
စိုးမိုးရေး ကော်မတီ လည်း ကြောက်လှန့်နေကြပြီး၊ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေကြတယ်။

No comments :
Post a Comment