ကချင်ပြည်နယ်မှာတော့
မြန်မာအစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေက ဆက်ပြီ်း
ပြင်းထန်နေဆဲပဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်အတွင်း
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့ အစည်းတွေ၊
ဒုက္ခသည်တွေဆီ သွားရောက်ကူညီခွင့်ကိုလည်း မြန်မာအစိုးရဘက်က
ခွင့်မပြုခဲ့ဘူးလို့လည်း HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့
အာရှရေးရာတာဝန်ရှိသူ John Fifton က ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ
ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အပေါ် တုံပြန်ဖြေရှင်းတာ၊ ကချင်အပါအ၀င်
တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ
တိုးမြှင့်ဖို့၊ အဲဒီဒေသတွေမှာရှိတဲ့ ဒေသခံတွေဆီကို ကြက်ခြေနီအဖွဲ့တွေ နဲ့
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ခွင့်ပြုဖို့
အကူအညီပေးမယ် ဆိုတဲ့ကိစ္စတွေက လက်တွေ့ဖြစ်မလာသေးပါဘူး....
“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ အပေါ် တုံပြန်ဖြေရှင်းတာ၊ ကချင်အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး နဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အဲဒီဒေသတွေမှာရှိတဲ့ ဒေသခံတွေဆီကို ကြက်ခြေနီအဖွဲ့တွေ နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ခွင့်ပြုဖို့ အကူအညီပေးမယ် ဆိုတဲ့ကိစ္စတွေက လက်တွေ့ဖြစ်မလာသေးပါဘူး....

No comments :
Post a Comment