Thursday, 31 January 2013

အမေရိကန် လူဝင်မှု မူကြမ်း

အကြိတ်အနယ်ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စု
လူဝင်မှုပြောင်းလဲရေးဥပဒေမှုကြမ်း
******************************
အမေရိကန်ပြည်ထောင်စုကို ရွေ့ ပြောင်းအခြေချသူများအတွက်
ပြုပြုင်ပြောင်းလဲရေးဆွဲထားတဲ့ လူဝင်မှုဥပဒေမှုကြမ်းကို
လာမယ့် ခြောက်လအတွင်း အတည်ပြုပြဌာန်းနိုင်မယ်လို အမေရိကန်သမ္မတအိုဘာမားက ပြောပါတယ်။

အဆိုပါဥပဒေမူကြမ်းအရ အမေရိကန်နိုင်ငံအတွင်းမှာရှိနေတဲ့ တရားဝင်စာရွက်စာတမ်းမရှိတဲ့ ရွေ့ ပြောင်းအချေချသူ
(၁၁)သန်းလောက်ဟာ
တရားဝင်နိုင်ငံသားဖြစ်ခွင့်ရမှာပါ။

ဒီလူဝင်မှုဥပဒေမှူကြမ်းအချက်အလက်အခြေခံတွေကို ရီပါဘလက်ကန်အမတ်ဂျွန်မတ်ကိန်းအပါအ၀င် ဒီမိုကရက်တစ်နဲ့  ရီပါဘလက်ကန်လွှတ်တော်အမတိ ရှစ်ဦးက လွှတ်တော်ကို တင်ပြလာခဲ့တာ့ဖြစ်ပါတယ်။


အဲဒိဥပဒေမှာ တရားဝင်စာရွက်စာတမ်းမရှိဘဲနေထိုင်နေသူတွေကို နိုင်ငံသားဖြစ်စေဖို့ လုပ်ဆောင်မှုတွေပါသလို
ရွေှ့ပြောင်းအခြေချသူအများစုခိုးဝင်လာတတ်တဲ့ 
မက္ကဆီကိုနိုင်ငံနဲ့ အမေရိကန်နိုင်ငံနယ်စပ်ကို
လူတွေခိုးဝင်မလာနိုင်အောင် လုံခြူံရေးအစီအမံတွေတိုးမြှင့်ရေးလည်းပါဝင်ပါတယ်။

ဒီလူမှူရေးဥပဒေကြမ်းကို ကန့် ကွက်သူတွေလည်း အများအပြားရှိပါတယ် ။

အခုလို လူ (၁၁)သန်းကျော်ကို နိုင်ငံသားခွင့်ပြုလိုက်လို့ ရှိရင် လူမူရေးနဲ့ တခြားကျန်းမာရေးအာမခံအခွင့်အရေးတွေ ပေးရဖို့ ရှိတယ်လို့ ကန့်ကွက်သူတွေက ထောက်ပြပါတယ်။

အဲလိုဘဲ နိုင်ငံသားပညာအရည်အချင်းနည်းပါးသူတွေ လုပ်နေကြတဲ့ အလုပ်ကြမ်းတွေမှာလည်းေ၇ွ့ ပြောင်းအချေချသူတွေနဲ့ နိုင်ငံသားတွေ ယှဉ်ပြိုင်ရကိန်းရှိပါတယ်။
ဒိဥပဒေသာ အသက်ဝင်ခဲ့ရင် ကာလိဖိုနီးယားပြည်နယ်လို
ေ၇ွ့ ပြောင်းအချေချသူတွေ အများဆုံးနေတဲ့ ပြည်နယ်တွေမှာ သက်ရောက်မှုအများဆုံးရှိမယ်လို့ လည်းဆိုကြပါတယ်။

သမ္မတအိုဘားမားနဲ့ ထောက်ခံသူတွေကတော့ အဲဒိလိုပြူလုပ်ခြင်းအားဖြင့် သူတို့ ဆီက တရားဝင်အခွန်အခတွေ
ရလာနိုင်ပြီး စစ်တပ်ကိုဝင်ချင်တဲ့ သူတွေလည်း
ဝင်ရောက်နိုင်တာမို့ စစ်တပ်အင်အားတိုးချဲ့ ပြီးသား
ဖြစ်မယ်လို့ ဆိုပါတယ်။ 





Source:
Burma-Newselite
ကိုးကား ( NBCရုပ်သံသတင်းများ)

No comments :