ကက်သလစ် ဘုန်းကြီး(ညာဖက်) နှင့် ဆန္ဒပြအလုပ်သမားတဦး
၁၉၈၁ ခုနစ် ။ ပိုလန် နိင်ငံ လီနင်သဘောင်္ကျင်းမှာ အလုပ်သမားတွေ ဆန္ဒပြကြတယ်။ ဒီအလုပ်သမား သပိတ်ကို အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့က ဦးဆောင်တယ်။
ပြသနာဖြစ်ရတဲ့ အကြောင်း ကတော့ ပိုလန် ကွန်မြူနစ်အစိုးရက ကုန်ဈေးနှုန်းတွေကို မြင့်တင်လိုက်လို့ဖြစ်တယ်။ ဒီအချက်ကပဲ ပိုလန်ကွန်မြူနစ်အစိုးရကို ဇာတ်သိမ်းစေခဲ့တယ်။ အစပိုင်းမှာ အလုပ်သမားလှုပ်ရှားမှုကို အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့သေးတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ သပိတ်က အောင်ပွဲခံလိုက်တယ်။
လှုပ်ရှားမှုကြီးမှာ ကက်သလစ်ဘုန်းကြီးတွေရဲ့ အားပေးကူညီမှုကလည်း အစိတ်အပိုင်း တခုဖြစ်ခဲ့တယ်လို့ ဆိုကြတယ်။ ပုံမှာ ကစ်သလစ်ဘုန်းကြီး တပါးက ဆန္ဒပြသမားတွေ ထဲအထိလာပြီး ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ အလုပ်သမားတဦးက Confessionလုပ်ချင်တာကို ကူညီနားထောင်ပေးနေတဲ့ပုံဖြစ်တယ်။ ကပ်သလစ် ဘုန်းကြီး တွေက Confession Services ကို နေ့စဉ်လာလုပ်ပေးခဲ့တယ်။
ပိုလန်သဘောင်္ကျဉ်း အလုပ်သမားများ ဆန္ဒပြနေပုံ
No comments :
Post a Comment