ကျနော် နောက်ဆုံးထုတ်တဲ့ နာခံမှုကို ဆန်းစစ်ခြင်း(Breaking thorugh the Darkness) စာအုပ်ကို ဖတ်လိုသူများ အတွက် ဒီမှာ ဆွဲချ ဖတ်ယူနိုင် ပါတယ်။ ကျနော့် အယူအဆများပေါ်မှာ ဝေဖန်လိုသူများ အနေနဲ့လည်း ကျနော့် အီးမေးလ်သို့ပေးပို့ နိုင်ပါတယ် ခင်ဗျား။
ဒီစာအုပ်မှာ အဓိက ဆွေးနွေးထားတာကတော့ ဒီနေ့ မြန်မာ့လူ့အဖွဲ့အစည်း ဟာ အကြောက်တရားတွေ လွှမ်းမိုးနေတယ်။ ရလဒ်က စစ်အာဏာရှင်စနစ် သက်ဆိုးရှည်လာတယ်။ စစ်အုပ်ချုပ်မှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်း ကျဆုံးသွားတယ်။ ဒီလိုဖြစ်နေရတဲ့ အကြောင်းကတော့ မြန်မာတွေရဲ့ လူမှုအဘိဓမ္မာဖြစ်တဲ့ လောကနီတိထဲမှာ အကြောက်တရားတွေ၊ လက်စားချေမှုတွေ၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာတွေကို သွတ်သွင်းပေးထားလို့ ဖြစ်တယ်။ လူ့အဖွဲ့အစည်းတခု တိုးတက်ကြီးပွားဖို့အတွက် မေတ္တာတရား၊ ဆင်ခြင်တုံတရား၊ အပြန်အလှန် လေးစားမှုနဲ့ အပြန်အလှန် အသိအမှတ်ပြုမှုတွေကို လူမှုဆက်ဆံရေးမှာ ကျင့်သုံးဖို့ လိုတယ် ဆိုတာ တင်ပြထားတယ်။
........
.......
Sunday, 9 September 2007
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment