Saturday 29 November 2008

မွန်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှု သတင်း နောက်ဆက်တွဲ


သေဆုံးသွားသူများအတွက် ဆုတောင်းပေးနေခြင်း



အိန္ဒိယ ကွန်မန်ဒို များ အကြမ်းဖက်သမားကို ၀င်ရောက်ရှင်းလင်းနေစဉ်

နောက်ဆုံး ရရှိသော သတင်း အချက်အလက်များ
  • ပါကစ္စတန်အစိုးရ က အာဖဂန်ရှိ သူတို့စစ်တပ်ကို ပြန်ခေါ်ပြီး အိန္ဒိယနယ်စပ်ကိုစေလွှတ်မည်
  • ပါကစ္စတန် ထောက်လှမ်း ရေး နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ ပါဝင်ပက်သက်မှုရှိနိုင်
  • အိန္ဒိယပြည်ထဲရေး ၀န်ကြီး က သူဟာ အဓိကတာဝန်ရှိကြောင်းဝန်ခံပြီး သိက္ခာရှိရှိ တနင်္ဂနွေနေ့ က ရာထူးကနေ နုတ်ထွက်သွားပြီ
  • အိန္ဒိယနိုင်ငံ မဟာရပ်ခ်ျထရာ ပြည်နယ်အုပ်ချုပ်ရေးမှုးကလည်း သူဟာ အဓိကတာဝန်ရှိကြောင်းဝန်ခံပြီ သိက္ခာရှိရှိ ရာထူးကနေ နုတ်ထွက်သွားပြီ
  • ပါကစ္စတန် ထောက်လှမ်း ရေး အကြမ်းဖက် သူတွေကို အားပေးနေ
  • တမ္ဘာလုံးရှိ မူဆလင် အဖွဲ့အစည်းများ အကြမ်းဖက်မှုကိုရှုံ့ချ
  • အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေး တင်းမာနေ

-မြတ်စိုး-


ကမ္ဘာတ၀ှမ်းလုံးကို တုန်လှုပ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ နာရီ ၆၀ ကြာ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဟာ ၀မ်းနည်းကြေကွဲဖွယ်ရာတို့ဖြင့် အဆုံးသတ်သွားခဲ့ပါပြီ။ နေရာပေါင်း ၁၀ နေရာကို ပစ်မှတ်ထားကာ မူဆလင် အစွန်းရောက် ၀ါဒီတွေက စံနစ်တကျ စီစဉ်ပြီး၊ တပြိုင်နက် ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးမှာ အပြစ်မဲ့ပြည်သူ ၁၉၅ ဦး ခန့် အသတ်ဖြတ်ခံခဲ့ရတယ်။ အဲဒီထဲမှာ အိန္ဒိယ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်
အယောက် ၂၀ ဟာ ဓါးစာခံ အဖြစ်ထိမ်းသိမ်းခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်ရင်း သေဆုံးခဲ့ကြတယ်။ အမေရိကန် နိုင်ငံသား ၆ ဦး၊ ဂျာမန်၊ ကနေဒါ၊ အစ္စရေး၊ ဗြိတိန်၊ အီတလီ၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ သြစတေး လီးယား နှင့် စင်္ကာပူ လူမျိုများ အပါအ၀င်၊ စုစုပေါင်းနိုင်ငံခြားသား ၁၈ ယောက် သေဆုံးခဲ့ပါတယ်။ ဒဏ်ရာ အပြင်းအထန် ရရှိသူ ၃၀၀ ရှိခဲ့ တယ်။ ဒီထဲမှာ နိုင်ငံခြားသား ၂၃ ဦးပါဝင်တယ်လို့ အတည်ပြု ပြောဆို ထားတယ်။


ဒါဟာ ၁၉၉၃ ကစပြီး အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ အကြီးမားဆုံး သေဆုံးမှုဖြစ်ပွားခဲ့ရသော အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်တယ်။ ၁၉၉၃ ခုနှစ် မှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ ဗုံးများဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် လူပေါင်း ၂၅၇ ဦး သေဆုံး ခဲ့ဘူးပါတယ်။ အိန္ဒိယ တာဝန်ရှိပုဂ္ဂိုလ်တွေကတော့ ၊ နောက်ရက်တွေ မှာ သေဆုံးမှုဟာ များပြားလာဖို့ရှိတယ်လို့ ခန့်မှန်း ပြောဆိုနေကြတယ်။ နာရီ ၆၀ ကြာ အကြမ်းဖက်တိုက်ခိုက် ခဲ့မှုမှာ အကြမ်းဖက်သမား ၁၀ ဦးပါဝင် ခဲ့တယ်။ ၉ ဦးကို ပစ်သတ်ဖမ်းခဲ့ပြီး၊ ၁ ဦးကိုအရှင် မိခဲ့တယ်လို့ ပြည်နယ် အကြီးအကဲ က အတည်ပြုပြောကြားခဲ့ တယ်။ အရှင်ဖမ်းမိခဲ့ တဲ့ ၁ ဦးဟာ ပါကစ္စတန် နိုင်ငံသား မိုဟာမတ် အီဂျီမယ် ကွာစမ် (Mohammad Ajmal Qasam) ဖြစ်ပြီး၊ သူဟာ ပါကစ္စတန်နိုင်ငံ နှင့် အိန္ဒိယ နယ်စပ် ကြားရှိ ကပ်ခ်ျမီးယား နယ်တ၀ိုက်မှာ အခြေစိုက် လှုပ်ရှားနေသော လက်ရှ်ကာ အီ တိုင်ဘာ (
Lashkar-e-Taiba) မူဆလင် အစွန်းရောက် စစ်သွေး ကြွ အဖွဲ့မှ ဖြစ်ကြောင်း သိရှိရပြီး၊ အိန္ဒိယ ရဲအဖွဲ့က ဆက်လက် စုံစမ်း စစ်ဆေး မေးမြန်းမှု တွေကို ပြုလုပ်နေတယ်ဆိုတာ သိရတယ်။ အိန္ဒိယ ရဲတပ်ဖွဲ့ ဟာ မွန်ဘိုင်း ကမ်းခြေမှာ မောင်းသူမဲ့ လွှင့်မျော်နေတဲ့သင်္ဘောတစင်းကိုတွေ့ရှိရပြီး၊ အဲဒီသင်္ဘောနဲ့ပါလာတဲ့ သင်္ဘောသား ၄ ယောက်ဟာ လည်း ပျောက်ဆုံး နေတာ တွေ့ရှိရတယ်။ သင်္ဘောအရာရှိ (ကပ္ပတိန်) ကတော့ မျက်နှာကို အောက်စိုက်ချ၍ လက်နောက်ပြန်ထားကာ သေဆုံးနေကြောင်း ကိုလည်း တွေ့ရှိရတယ်။ ဒီအချက်ပေါ်မှုတည်ပြီး ၊အကြမ်းဖက်သမားတွေဟာ ထိုသင်္ဘောကို ပြန်ပေးဆွဲပြီး၊ ပါကစ္စတန်မှ ကျော်ဖြတ် လာခဲ့ကြောင်း၊ ကနဦးက ခန့်မှန်းပြောဆိုနေကြတယ်။ ပါကစ္စတန် အစိုးရ ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်ခဲ့တယ်။ ဒါပေမဲ့လည်း ပါကစ္စတန် စစ်ထောက်လှမ်းရေး တွေဟာ ပါကစ္စတန်နိုင်ငံ နှင့် အိန္ဒိယ နယ်စပ် ကြားရှိ ကပ်ခ်ျမီးယား နယ်တ၀ိုက်မှာ အခြေစိုက် လှုပ်ရှားနေသော မူဆလင် အစွန်းရောက် အဖွဲ့တွေနဲ့ ဆက်ဆံမှုတွေ၊ထောက်ပံ့မှုတွေ ရှိတယ်လို့ ကမ္ဘာ့ အကြမ်းဖျက်တိုက်ခိုက်ရေးအဖွဲ့တွေနဲ့ အကြမ်းဖက်မှုကို လေ့လာစုံးစမ်းစစ်ဆေးနေသူတွေ က တစဉ်တစိုက် စွပ်စွဲ ခဲ့ကြတယ်။


၁၉၉၃ နှစ် မွန်ဘိုင်းမြို့မှာဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု

အကြမ်းဖက် သမားတွေ ဟာ အင်အားပြင်းထန်တဲ့ စစ်မြေပြင်သုံး တိုက်ခိုက်ရေး လက်နက် ပစ္စည်းကိရိယာ များ၊ ပြင်းအား ကြီးမားသော ဖောက်ခွဲရေးပစ္စည်းများ နှင့်အတူ ခေတ်မှီ ဂြိုဟ်တု ဆက်သွယ်ရေး ဖုန်းတွေ ကို အသုံးပြုခဲ့ ကြတယ်လို့ ဆိုတယ်။ တိုက်ခိုက်မှုတွေ အတောအတွင်း အကြမ်းဖက်သမားတွေဟာ နိုင်ငံခြားတိုင်းပြည်တခုကို အမြဲမပြတ် ဆက်သွယ်မှု တွေရှိခဲ့ တယ်လို့ ဆိုတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဂြိုဟ်တု ဆက်သွယ်ရေး ဖုန်း သက်သေခံထောက်အထားအရဆိုရင် ပါကစ္စတန်ရှိ ဂျလာလဘတ် မြို့ (Jalalabad) ကို အကြမ်းဖက်သူတို့ နောက်ဆုံးခေါ်ဆိုထားကြောင်းကိုတွေ့ရှိရတယ် လို့ စုံစမ်းစစ်ဆေး နေသော တာဝန်ရှိ ပုဂ္ဂိုလ်တွေ က အတည်ပြု ပြောဆိုတယ်။ စစ်ဆေးမှုကိုပြုလုပ်နေကြတဲ့ တာဝန် ရှိသူတွေကတော့ အသေးစိတ် ကိုတော့ ပြောဆိုဖို့ ငြင်းဆန်ခဲ့ တယ်။ အကြမ်းဖက်သမားတွေဟာ လူပေါင်း ၅၀၀၀ ကျော်ကို သတ်ဖြတ်ဖို့ စီစဉ်ခဲ့ကြောင်း၊ အိန္ဒိယ ရဲတပ်ဖွဲ့ အကြီးအကဲ က အတင်းစာရှင်းလင်းပွဲတခုမှာတော့ ပြောကြားခဲ့တယ်။


အိန္ဒိယနိုင်ငံ တောင်ပိုင်း ရှေးရိုးအစဉ်အလာစွဲ မူဆလင်ဘုရင်တွေ အုပ်ချုပ်တဲ့ ဒေသတွေမှာနေထိုင်ကြသော ဒက်ကန် မူဂျာဟေဒင်
(Deccan Mujahideen) အုပ်စုက သူတို့်ဟာ နောက်ကွယ်က ကြိုးကိုင်စီစဉ်၍ အကြမ်းဖက် တိုက်ခိုက် ခဲ့တာ ဖြစ်ကြောင်း နှင့် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ မူဆလင် အစွန်းရောက် အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေး ဖို့ တောင်းဆိုတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ကနဦးက အိန္ဒိယ သတင်းမီဒီယာတွေကို အီးမေးဖြင့် သတင်း ပေးပို့ ထားခဲ့ပေမဲ့၊ အိန္ဒိယ တာဝန်ရှိသူတွေက ဒီသတင်းကို အတည်ပြုခြင်းမရှိခဲ့ပါဘူး။

ပါကစ္စတန် အစိုးရကတော့ ဒီအကြမ်းဖက်လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုံ့ချပြီး၊ သူတို့အနေနဲ့ အိန္ဒိယအစိုးရနဲ့ အတူ စုံစမ်းမှုတွေပြုလုပ်နိုင်ဖို့ နှင့် သတင်းအချက်အလက်တွေကိုရရှိဖို့ ပူးပေါင်း ဆောင်ရွက်ပြီး၊ ဖော်ထုတ် တိုက်ဖျက် သွားမယ်လို့ ဂတိပြုပြောဆိုသွားတယ်။ ပါကစ္စတန် ရဲ့ အကျော်ကြားဆုံးနဲ့ ပြည်သူထောက်ခံမှု အများဆုံးရှိခဲ့တဲ့ လူထုခေါင်းဆောင် ဘီနီဇီလာဘူတို ဟာ လည်း အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် အသတ်ခံခဲ့ရသလို၊ ပါကစ္စတန်နိုင်ငံဟာလည်း မူဆလင်အစွန်းရောက်သမားတွေရဲ့ အကြမ်းဖက် ခြိမ်းချောက်မှု ကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခံစား နေရကြ ရတယ်။ အယင်တုန်း ကတော့ အိန္ဒိယနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်ခံ ရမှု ဖြစ်ပွားတိုင်း၊ ပါကစ္စတန်နိုင်ငံအစိုးရ က နောက်ကွယ်က ပါဝင် ပက်သက် ကြောင်း၊ အိန္ဒိယ က စွပ်စွဲမှု တွေ ရှိခဲ့ တယ်။ လက်ရှိ ပါကစ္စတန်နိုင်ငံအစိုးရ ကတော့ ဒီလို စွပ်စွဲမှုတွေဟာ အခြေအမြစ် မရှိကြောင်း ပြန်လည်ချေပသွားပြီး၊ တကမ္ဘာလုံး ရင်ဆိုင်ခံစားနေကြရတဲ့ အကြမ်းဖက်မှုတွေ ကို နိုင်ငံအားလုံး ပူးပေါင်းပါဝင်ပြီး တိုက်ဖျက်ကြဘို့ သတိပေးပြောကြားသွားတယ်။

အိန္ဒိယ အစိုးရ ကတော့ အကြမ်းဖက် သေနတ်သမားတွေရဲ့ စီးနင်း တိုက်ခိုက်မှုကို ရဲတွေက အခုခါမှာ ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်တာကြောင့် ၊ ဒီအကြမ်းဖက်မှုရဲ့ နောက်ကွက်မှာဘယ်သူတွေရှိသလဲ၊ ဘယ်လိုအရေးယူမှုတွေပြုလုပ်မလဲ၊ အကြမ်းဖက်မှုရဲ့ ကွင်းဆက်တွေကိုရှာဖွေဖော်ထုတ်ဖို့ ဆက်လက်စုံစမ်းအရေးယူမှုတွေကို ပြုလုပ်နေပါပြီ။



အကြမ်းဖက်တိုက်ခိုက်ခံရသောနေရာများ




အကြမ်းဖက်ခံခဲ့ရသော မြင်ကွင်း


Rest of your post

No comments :