Wednesday 14 January 2009

ထိုင်း၊ မြန်မာကျောင်းသားတွေနှင့် တိဘက် လူမျိုးတွေကို နိင်ငံသားအဖြစ်ခွင့်ပြု


-ကို-

ထိုင်ဝမ် မှာ အမြောက်အများရောက်ရှိနေကျတဲ့ ထိုင်း၊ မြန်မာကျောင်းသားတွေ နဲ့ တိဘက် လူမျိုးတွေကို နိုင်ငံသားအဖြစ်ခွင့်ပြုတဲ့ လူဝင်မှုကြီးကျပ်ရေး ဥပဒေသစ်တစ်ခု မနေ့က ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။ ဒီ ဥပဒေသစ်အရ အကျုံးဝင်တဲ့ ထဲမှာ ထိုင်း၊ မြန်မာနယ်စပ်မှာ တာဝန်ထမ်းဆောင်နေရာကနေ ၁၉၉၉ မေ ၂၁ ကနေ ဒီဇင်ဘာ ၃၁ အတွင်း ထိုင်ဝမ်ကို ၀င်ရောက်ခဲ့တဲ့ တရုတ် အမျိုးသားပါတီ(KMT)ကစစ်သားတွေရယ်၊ ပြီးခဲ့တဲ့နှစ်က ထိုင်ဝမ် ပညာရေးဝန်ကြီး ဌာနရဲ့ ခွင့်ပြုချက်နဲ့ လာရောက် ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ၊ နည်းပညာ သင်တန်း လာတက်တဲ့ သူတွေ ပါဝင်ပါတယ်။

ကွန်မင်တန် လက်နက်ကိုင်များဟာ ကွန်မြူနစ်တို့ နှင့်တိုက်ပွဲ ဖြစ်ပွားရင်း တရုတ်နယ်စပ် နယ်နိမိတ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်မြောက်ပိုင်း နှင့် ထိုင်းနိုင်ငံမှာစခန်းချခဲ့ကျပါတယ်။ တရုတ်ပြည်တွင်းစစ်အတွင်း သူတို့ဟာ ခေါင်းဆောင် ချန်ကေရှိတ် နောက်ကိုလိုက်ရင်းနဲ့ ဒီလိုရောက်ရှိလာခြင်းဖြစ်ပါတယ်။

မနေ့က ပြင်ဆင်လိုက်တဲ့ ဥပဒေမှာဆိုရင် ထိုင်ဝမ်မှာ ရောက်ရှိနေတဲ့ တိဘက်တွေသာမကပဲ သူတို့နဲ့တစ်ချိန်ထဲ ၀င်ရောက်ခဲ့ ကြတဲ့ နီပေါနှင့် အိန္ဒိယ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထား တဲ့ သူတွေကိုလဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ပါတယ်။ ဥပဒေပြုအဖွဲ့ရဲ့ ဆောင်းနှောင်းရာသီ ပါလီမန် မှာ ဥပဒေ ရေးဆွဲသူတွေဟာ ပြင်ဆင်မှုများပြုလုပ်နိုင်ခဲ့တဲ့အပြင် ဒုက္ခသည် စာရင်းအကြမ်း နဲ့ ပတ်သက်ပြီးတော့လည်း အုပ်ချုပ်ရေးအဖွဲ့ Yuan ကို အောင်မြင်စွာတိုက်တွန်းနိုင်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အရဆိုရင်တော့ ၉၈၆ ယောက်သော တိဘက်အပါအ၀င် မြန်မာနှင့် ထိုင်းကျောင်း သားတွေဟာ ဒီအကျိုးအမြတ် ကို ခံစားကျရမှာလို့ တရုတ် အမျိုးသားပါတီ ( KMT)ကShyu Jong-shyoung ကဆိုပါတယ်။ KMT ကအထွေထွေ အတွင်းရေးမှုးချုပ် Lo Shu-lei ကတော့ ဒါဟာ လူ့အခွင့်အရေးအတွက် လိုအပ်လို့လုပ်တာ လို့ဆိုပါတယ်။

ဒီမိုကရက်ပါတီက Tien Chiu-chin ကတော့ ဒီထုတ်ပြန်ချက်ဟာ တိဘက်တွေနဲ့ထိုင်းမြန်မာ တို့မှာရှိတဲ့ KMT ကလူတွေရဲ့ ဒုက္ခပေါင်းများစွာကို ချုပ်ငြိမ်းပေးလိုက်တာ နဲ့ အတူတူပါပဲလို့ဆိုပါတယ်။ ထိုင်း-မြန်မာနယ်စပ်က တရုတ်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး အစည်းအရုံးရဲ့ အုပ်ချုပ်ရေး ဆိုင်ရာ အတွင်းရေးမှုး Lee Mai-ping ကတော့ ဒီထုတ်ပြန်ကြေငြာချက် အတွက် အစိုးရကို အရမ်းကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။

“နောက်ဆုံးမှာတော့ အစိုးရက ငါတို့ကို လက်ခံခဲ့ပါပြီ။ နိုင်ငံသားအဖြစ်လိုလိုလားလား အသိ အမှတ်ပြုခဲ့ပါပြီ”လို့သူမကဆိုပါတယ်။




Rest of your post

No comments :