Tuesday 24 February 2009

ဒီအပတ် ဓါတ်ပုံ

ထောင်ပေါင်းများစွာသော ကြိုးကြာ ပြာများ အစ္စရေးနိင်ငံမြောက်ဖက် ရေကန် တခုမှာ ဆောင်းခိုနားနေကြ ပုံကို တွေ့ ရစဉ်။ ဒီကြိုးကြာပြာတွေက နစ်စဉ် ဆောင်း ရောက်တိုင်းအာဖရိကကနေ အစ္စရေးနိင်ငံကို ဆောင်းခိုကြလေ့ ရှိတယ်။ ကျနော်တို့ မြန်မာပြည်မှာလည်း တရိစ္ဆာန်တွေ အတော်များများဟာ မျိုးတုန်းလုဖြစ်နေကြတာကို စိုးရိမ်စရာတွေ့ ရပါတယ်။ လူတွေက ငတ်မွတ်ခေါင်းပါးလာတဲ့အတွက် သတ်ဖြတ်စားသောက်ကြရာက တိရစ္ဆာန်တွေတဖြေးဖြေးမျိုးတုန်းလာကြခြင်းဖြစ်ပါတယ်။

2 comments :

Anonymous said...

ကိုယ့်ဆရာတို့ရေ ... ဓါတ်ပုံလေး အရသာခံကြည့်
မလို့ရှိသေးတယ် ... မဆီမဆိုင်မှတ်ချက်ကြီးကြောင့်
ကြည့်ရတာ အရသာပျက်သွားတယ်... သင့်ဘဝ မဂ္ဂဇင်းမှာဖတ်ဖူးခဲ့တဲ့ဟာလေး သတိရမိတယ် ...
ဈေးထဲမှာ အဒေါ်ကြီးတစ်ယောက်သူ့ဘာသာချော်လဲ
တာကို နိုင်ငံရေးစားဖားတစ်ယောက်က "ဒါဟာ နယ်ချဲ့အရင်းရှင်စနစ်ရဲ့ အမွေဆိုးတွေကြောင့်ပဲ" လို့ ပြောတယ်တဲ့ ... ဟဲဟဲဟဲ ရီရတယ်နော်...

တိရိစ္ဆာန်တွေမျိုးတုန်းတယ်ဆိုတာလူတွေသတ်စား
လို့တင်မဟုတ်ဘူးသဘာဝပါတ်ဝန်းကျင်အကြောင်း
တွေကြောင့်လဲ ရှိသေးတယ် ... ဒါ့အပြင် တခြားအချက်အလက်တွေလဲ ရှိနေနိုင်ပါသေးတယ်

ခင်ဗျားတို့ ဆိုဒ်ကို အမြဲဖတ်ဖြစ်နေပါတယ်... နိုင်ငံရေးအသိတရား နဲပါးလှတဲ့မြန်မာပြည်သူတွေကို လွဲမှားတဲ့ နိုင်ငံရေး အသိတွေမပေးကြပါနဲ့... ကိုယ်ကိုတိုင်လဲ နိုင်ငံရေး အကြောင်းရေးချင်တယ် ဆိုရင် နိုင်ငံရေးဝမ်းစာပြည့်အောင်ဖြည့်ကြပါလို့ တိုက်တွန်းပါရစေ ...

Anonymous said...

မဆီမဆိုင်လို့ တော့ ပြောမရဖူးထင်ပါတယ်၊ မြန်မာပြည်က တရုတ်ပြည်ကို ကျားတို့ ၊ လိပ်တို့ ထုတ်ရောင်းလို့ မျိုးတုန်းဖို့ ဖြစ်ကုန်တာပဲ၊ စီးပွားရေး အဆင်မပြေရင် ဒီလိုဖြစ်တတ်ပါတယ်၊ စီးပွားေ၇းအဆင်မပြေဘူးဆိုတာက အစိုးရေ-ာက်သုံးမကျလို့ ပဲလေ။
ဒါကို ထပ်ခါတလဲလဲ သတိပေးထားတာတောင် တော်ရုံမကျပါဘူး၊ သတိပေးသင့်တာပေါ့။ ကိုမိုးသီးရေ၊ ဆက်သာချ၊ အပိုဒ်တိုင်း အပုဒ်တိုင်းမှာ သဘောထားမှတ်ချက်နဲ့ စစ်အစိုးရကို ပယ်ပယ်နယ်နယ်သာတွယ်။ ဟဲဟဲဟဲ အားပေးပါတယ်...

စစ်အစိုးရသတင်းစာအပါအ၀င် မြန်မာပြည်က ဘာသာရေးစာအုပ်တွေကို အမြဲဖတ်ဖြစ်နေပါတယ်... နိုင်ငံရေးအသိတရား နဲပါးလှတဲ့မြန်မာတွေကို လွဲမှားတဲ့ နိုင်ငံရေး အသိတွေအတင်းထိုးပေးပြီး စိတ်ဓါတ်စစ်ဆင်ရေးတွေ သိပ်လုပ်မပေးကြပါနဲ့... ဘာမဆိုင်ညာမဆိုင် ပြည်သူ့ငွေနဲ့ထုတ်တဲ့သတင်းစာတင်မက သူများငွေနဲ့ထုတ်တဲ့ ဘာသာေ၇းစာအုပ်တွေမှာပါ ပေါက်တတ်ကရ အရေး၃ပါး၊ ဦးတည်ချက်၎ပါး ဆိုပြီး လျှောက်ထည့်တာတော့ တော်တော်တရားလွန်တယ်။
ကြုံတုံးပြောတာပါ။