Monday, 10 August 2009
ဒေါ်စုကို ထောင်ချရင် တပြည်လုံး ထထကြွကြွ နှင့် ၀ိုင်းကြပေရော့
-WFWW-
အမေရိကန်သမ္မတဟောင်း ဘေလ်ကလင်တန်ဟာ အမေရိကန်နိုင်ငံသား သတင်းထောက် ၂ ဦး လွတ်မြောက်ဖို့ မြောက်ကိုရီးယား ကိုသွားခဲ့တယ်။ မြောက်ကိုရီးယားအာဏာရှင်ကြီး ကင်ဂျုံအီးလ်က လက်ခံတွေ့ဆုံပြီးနောက်၊ အမေရိကန်နိုင်ငံသား သတင်းထောက် ၂ ဦး ကို ပြန်လွတ်ပေးခဲ့တယ်။
မြန်မာနိုင်ငံကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန် ကိုယ်တိုင်သွားခဲ့ပြီး၊ မတရား ထောင်ချခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကား ပြောခွင့် တောင်းခဲ့တယ်။ နအဖ စစ်ကျွန်ပြုကောင်စီက ငြင်းပယ်ခဲ့တယ်။
ဒါဟာ ယဉ်ကျေးတဲ့ ကမ္ဘာကြီးမှာ လူသားမဆန်၊ ရိုင်းစိုင်းတဲ့ လုပ်ရပ်တစ်ခုအဖြစ် နအဖ စစ်ကျွန်ပြုကောင်စီ က ကမ္ဘာ့လူသားအားလုံးကိုပြသလိုက်တာဖြစ်တယ်။
၁) ဒေါ်အောင်ဆန်းစုကြည်ကို မတရားထောင်ချနေခြင်းဟာ၊ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း ထောင်ချခြင်းမဟုတ်။ နိုင်ငံသားအားလုံးကို ထောင်ချလိုက်တာဖြစ်တယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို တံခါးပိတ်လိုက်တာဖြစ်တယ်။
၂) ဒေါ်အောင်ဆန်းစုကြည်ကို မတရားထောင်ချနေခြင်းဟာ မြန်မာနိုင်ငံသားများ စစ်ကျွန်ဘ၀မှ လွတ်မြောက်မှုကို တံခါးပိတ်လိုက်တာဖြစ်တယ်။
၃) ဒေါ်အောင်ဆန်းစုကြည်ကို မတရားထောင်ချနေခြင်းဟာ မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေးကို တံခါးပိတ်လိုက်တာဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဆက်လက် ထောင်ချမယ်ဆိုရင်၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားညီအကိုမောင်နှမများ အနေဖြင် ၈လေးလုံးစိတ်ဓာတ်၊ ၈လေးလုံးသမိုင်းရဲ့ တောင်းဆိုချက်အတိုင်း -
သွေးစည်းပြီး သွေးနီရာဆိုသည့်အတိုင်း ထထကြွကြွ နှင့် ၀ိုင်းကြပေရော့။
သမိုင်းဟာ သင်တို့နဲ့အတူရှိနေလိမ့်မယ်။
at 19:10
Subscribe to:
Post Comments
(
Atom
)
1 comment :
I don't think.....If u want to see develop our country,very simple kill DAW KYAUNG2 and then marriage to Than Shawe and Daw Su.Myanmar future will good better than enough.Actually than shawe like daw su but he very afraid his fucking wife.He has no idea to get Daw Su and don't want to lose her,don't want to see other guys will like her and treat her.SO,He put under his vision and very save place.Our nation problem is very simple. Think......
Post a Comment