Saturday, 7 November 2009
စက်မှုနိုင်ငံတော် ထူထောင်ခြင်တဲ့ သန်းရွှေ ရဲ့ သေခါနီး အိမ်မက်
အမေရိကန်တွေရောက်လာလို့ နေပြည်တော်ကနေ stay ထွက်ရှောင်နေရတဲ့ ဗိုလ်ချုပ်မှူးကြီး (ဆိုသူ) သန်းရွှေက စက်မှုနိုင်ငံထူထောင်ဖို့ ပြောကြောင်းသတင်းစာတွေထဲမှာ ဖော်ပြထားပါတယ်။
အဲဒီသတင်းစာတွေထဲက သတင်းကို ဧရာဝတီ သတင်းစာမျက်နှာက ထပ်ဆင့်ဖော်ပြပေးထားပါတယ်။
အဲဒီသတင်းနဲ့ပါတ်သက်ပြီး စာဖတ်သူတွေရဲ့ အမြင်တွေက (comments) စိတ်ဝင်စားဖို့ကောင်းပါတယ်။
အဲဒီ စာဖတ်သူအမြင် comment တွေကို စုစည်းပြီး ပြည်တွင်းပြည်ပက ရဲဘော်တွေ ဖတ်ရအောင်
ပေးပို့လိုက်ပါတယ်။
ခင်မင်လေးစားစွာဖြင့်
သားဆွေ
ရွှေပြည်တော်.. .မျှော်တိုင်းဝေး.....
written by Ko J J, November 06, 2009
အရူးစကား ကြားရသလို ပါဘဲ...စစ်တပ်က အာဏာ စသိမ်းတဲ့ ဗိုလ်နေဝင်း ခေတ်ကနေ ဒီကနေ့ ဗိုလ်သန်းရွှေ လက်
ထက်ထိ ပြောခဲ့တာတွေ များလှပြီ... တိုင်းပြည်ကတော့ မွဲသထက်မွဲ ချွတ်ခြုံ ကျနေတာ လွဲပြီး ဘာမှ တိုးတက်မှု မရှိ
ဘူး..ပြည်သူတွေရဲ့ဘဝ ဘာမှ တိုးတက်မလာပါဘူး.. မင်းမကောင်းလို့ မီး..ရေ..လေ တောင် မမှန်တော့ ပါဘူး......
funny
written by fullmoon, November 06, 2009
Let alone (proper) broadband, we don't even have enough electricity and basic supplies.
How can we make it Industrial country? It won't happen unless government build the basic infrastructure.
ဒါ သူပြောမှ လား
written by ???????, November 06, 2009
လယ်ယာ လုပ်ငန်းတောင် အမြီး အမောက် တဲ့ အောင် မစီစဉ် နိုင် နားမလည် နိုင် ပဲနဲ့ ဘယ်လို လုပ်ပြီး စက်မှု နိုင်ငံ ထူထောင်မလဲ။ ထော်လာဂျီ လောက်တောင် ဖြောင့်အောင် မထုတ်နိုင်ပဲနဲ့ ဒီလို စကားတွေ လျှောက်ပြောနေတာ လူရီ စရာ။
ဥာဏ်နဲတာ လူသိတာပေါ့ဗျာ။
မြန်မာပြည် တိုးတက် စေချင်ရင် ဒင်းတို့ ဆက် မအုပ်ချုပ် နဲ့။ အုပ်ချုပ်ရေးမှာ စစ်တပ်မပါနဲ့။ တိုင်းပြည်နဲ့ လူမျိုးအပေါ် မတရား လုပ်နေတာတွေ ရပ်ပါ။ ပြည်သူ သဘောကျတဲ့ လူတွေ အသိဥာဏ်ရှိတဲ့ လူတွေ အုပ်ချုပ်ပါစေ။ ရှင်းရှင်း လေးပါ။
ခြောက်ခြားစရာ အိမ်မက်ကနေ လန့် နိုးပြီး.....
written by KNM, November 06, 2009
ခြောက်ခြားစရာ အိမ်မက်ကနေ လန့် နိုးပြီး အော်လိုက်တာလား ကိုသန်းရွှေ။ လေလုံးတွေကြွား ဝါးခဲ့တာလည်း များပါပြီး။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သတင်း လွတ်လပ် ဖွံ့ဖြိုးအောင်၊ လူအခွင့်အရေး ဖွ့ံဖြိုး အောင်၊ လုပ်နိုင် မလုပ်နိုင်ကို ပထမဦးဆုံး စဉ်းစားပါ။ အဲဒီခြေလှမ်းကို သတ္တိရှိရှိ လှမ်းရဲမယ် ဆိုလျှင်တော့ ဖြစ်လာနိုင်ပါတယ်။
ဝမရှိပဲ ၀ိလုပ်ချင်သူ ဘိုသန်းရွှေ
written by သက်ထွန်းဦး, November 06, 2009
စက်မှုနိုင်ငံ ဆိုတာကို ဖယောင်းတိုင် ထွန်းပြီး ကျောက်ဂူထဲကနေ ထူထောင်လို့တော့ မရဖူးဗျ။ မြန်မာပြည်မှာ လျှပ်စစ်မီး ဆိုတာ ရှားပါးပစ္စည်း ဖြစ်နေပြီ ဆိုတာ သိတယ်နော်။ လျှပ်စစ်၊ စွမ်းအင်၊ ခေတ်မှီ ဆက်သွယ်ရေး စံနစ်၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်မှု စတဲ့ အခြေခံ အဆောက်အဦ တွေ မရှိပဲနဲ့ စိတ်ကူး မယဉ်စမ်းပါနဲ့။ ဒါထက် ပိုဆိုးတာက လက်ရှိမြ န်မာပြည်က ခေတ်စံနစ်ပဲ။ ခြစားနေတဲ့ သစ်ငုတ်ကို ရွှေချလို လှလာမှာ မဟုတ်ဖူး ဆိုတာကို မဆလခေတ် ၂၆ နှစ်နဲ့ န၀တ၊ နအဖခေတ် ၂၁ နှစ်က သက်သေ ထူခဲ့ပြီးပြီလေ။ ကိုယ်ကိုတိုင် စီမံခန့်ခွဲမှု ညံ့ဖျင်းတာကို ဟိုလူက ပိတ်လို့ ဒီလူက ဆို့လို့ ဆိုပြီး လက်ညှိးထိုး လျှောက်အော်နေတာ ဘိုချုပ်တွေ အစား ရှက်မိပါတယ်ဗျာ။
at 06:37
Subscribe to:
Post Comments
(
Atom
)
8 comments :
မီးမလာလို့ ပိတ်လိုက်ရတဲ့ စက်ရုံတွေ
များများလာတာ.. ဒင်းကြီးက မသိလို့လား ကန်းနေလို့လား မေးလိုက်ချင်တယ်..
စက်မှုနိုင်ငံထောင်မယ့်အစား လေပူဖေါင်းနိုင်ငံ ထူထောင်ပါလားလို့..
လုပ်ငန်းတစ်ခု ထူထောင်ဖို့ဆိုတာ ပထမ ဆုံး ရည်မှန်းချက် မျှော်မှန်းချက် plan တွေရှိရမယ်...လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ဆိုတဲ့အတိုင်းပြောင်းလဲကျင့်သုံးနိုင်ဖို့ တစ်ဖြည်းဖြည်းချင်းပြောင်းလဲလာတာ အခုဆိုရင် အဆင်ပြေလာသော တောင်သူများဟာ လက်မှု မှ စက်မှုဆိုတဲ့အတိုင်း လယ်ယာစိုက်ပျိုးရာမှာ စက်ပစ္စည်းတွေနဲ့သာ အလုပ်လုပ်လာကြတာတွေ့ရတယ်...ဗိုလ်ချုပ်မှူးကြီးပြောတဲ့ အထဲမှာ စိုက်ပျိုးရေးလုပ်ငန်းဆိုတာ ဖွံ့ဖြိုးနိုင်ငံတစ်ခုသာ အထောက်ကူပြုတယ်..ဒါကြောင့် တိုးတက်ဖွံဖြိုးတဲ့နိုင်ငံတစ်ခုဖြစ်ဖို့အတွက် စက်မှုနိုင်ငံတည်ထောင်နိုင်မှသာ ပိုပြီးတိုးတက်မယ်လို့ပြောခဲ့တယ်...ဒါကြောင့် စက်မှုနိင်ငံတော်ကို မြန်မာနိုင်ငံဟာ အနှေးနဲ့အမြန်ကူးပြောင်းရမှာပါ...လူဆိုတာ မြင့်မြင့်မှန်းနိုင်မှ တော်ကာကျမယ်...စက်မှုနိုင်ငံတော်သို့ ကူးပြောင်းနိုင်အောင်ကြိုးစားရမယ်လို့ပြောတာဟာ ရီစရာမဟုတ်ပါဘူး...ဘယ်အစိုးရ ဘယ်ခေါင်းဆောင်ပဲ တတ်တတ် ဒီလိုအခြေနေဒီလိုနိုင်ငံဖြစ်အောင် ထူထောင်သွားကြရမှာပဲ...ဒီလို အကျိုးမရှိတဲ့ သရော်စာမျိုး နိုင်ငံတော်တွက် အသုံးမ၀င် ပြည်သူတွေအတွက် အကျိုးမရှိတဲ့စာတွေရေးနေယုံနဲ့ မြန်မာနိုင်ငံကြီးက ပြောင်းလဲသွားမှာမဟုတ်ဘူး...တစ်ဖက်နဲ့တစ်ဖက် အတင်းပြောအပုတ်ချနေလို့မပြီးဘူး...ရင့်ကျက်တဲ့နိုင်ငံရေး သမားတွေဖြစ်ဖို့လိုတယ်ဆိုတာ ဒါကိုပြောတာ...ပြောနေတဲ့ပုံတွေက ကလေးကလားဆန်လွန်းလှပါတယ်...နိုင်ငံတော်ကို တိုးတက်အောင်လုပ်မယ်ဆိုတဲ့ကြုံးဝါးထားတဲ့စကားအတိုင်း လုပ်ဆောင်မယ့် နိုင်ငံရေးသမားတွေကိုယ်တိုင်က ဒီလိုအဆင့်မရှိတဲ့စကားတွေပြောနေရင်တော့ လက်ရှိစစ်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ဆိုတာ ခပ်တွန့်တွန့်ဖြစ်နေမှာပဲ...သူတို့ယုံကြည်လာအောင် နိုင်ငံရေးသမားတွေဘက်ကဘယ်လို တည်ကြည်လေးနက်လာအောင် လုပ်ရမယ်ဆိုတာမစဉ်းစားဘူး..တစ်ခါလာလည်း ကလေးကလား လှောင်ပြောင်သရော်ဖို့ပဲတတ်တယ်...ဘလော့ပိုင်ရှင်ကလည်း အရင်တစ်ခါကရေးဖူးပါတယ်..ဒီဘလော့မှာ ပြည်သူတွေအတွက်အကျိုးးရှိမယ့်စာတွေပဲရေးမယ်ဆိုပြီး ကတိပြုထားတယ်...အခုဟာတွေက ဆန့်ကျင်ဘက်တွေဖြစ်နေတယ်...အပြောနဲ့အလုပ် ညီအောင်လုပ်တတ်ရတယ်...ရင့်ကျက်တဲ့နိုင်ငံရေးသမားတွေ ဖြစ်အောင် အရင်လေ့ကျင့်ကြပါအုံး...
နွားနဲ့လျှပ်စစ်မီးထုတ်နေရတဲ့နိုင်ငံတခုရဲ့ ခေါင်းဆောင်ကြီးက ရယ်စရာပြောလို့ လူတွေကဟားကြတာပါ။ စိတ်မဆိုးပါနဲ့။
အဟားမခံနိုင် အလှောင်မခံနိုင်ရင် နဂိုကတည်းက မပြောနဲ့ပေါ့။
အစားကုန်အောင်စား စကားကုန်အောင်မပြောနဲ့တဲ့။
De bo gyoke(Chee htoot) ka tok lu yal sa yar frit ag pyar pyan pi.
ဒီ post ရဲ့ ဒုတိယ comment ကိုဆွေးနွေးချင်ပါတယ်။
စစ်အစိုးရအဆက်ဆက် အာဏာရှင်တွေ (သူတို့အဆိုအရ) plan တွေ ချပြီး လုပ်ခဲ့ကြတာ၊ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရခါစက ပြည်သူတွေ ကုန်းရုန်းလုပ်ကိုင် ရှာဖွေထားတဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာတွေသာ ကုန်ခဲ့ပြီး ဘာမှအကောင်အထည်မပေါ်ပဲ လက်တဆုပ်စာ အာဏာရှင်တွေနဲ့ သူတိုရဲ့ ဒေါက်တိုင်တချို့သာ
(ရှက်ဖွယ်ရာ သူများနိုင်ငံကသဋ္ဌေးတွေရဲ့
အောက်ဆွဲအဆင့်မျှ) ချမ်းသာနေတယ်လေ၊ ဒါတွေမြင်လို့ အများသူငါ ဟားကြတာ ကလေးဆန်တာ မဟုတ်ပါဘူး အတွေးမှန်တာသာ ဖြစ်ပါတယ်။
လယ်ယာစိုက်ပျိုးရေးမှာ ကမ္ဘာအဆင့်မှီ ဘာမှမယ်မယ်ရရ မစိုက်ပျိုးမထုပ်လုပ်နိုင်ပဲ၊ စက်ပစ္စည်းတွေနဲ့ဟန်ရေးပြ ခိုးထားတဲ့ ဓနဥစ္စာတွေကို နိုင်ငံတကာ အမြင်လှအောင် ခဝါချနေတာ မိရိုးဖလာ တောင်သူတွေမဟုတ်ပါဘူး၊ လယ်တွေကို ဓါးပြတိုက်ထားတဲ့ ဓါးပြနောက်လိုက်တွေပါ။
အဆင့်မရှိတဲ့ ဓါးပြခေါင်းဆောင်က
ကမ္ဘာအလယ်မှာ မျက်နှာတောင် ထွက်မပြရဲပဲ
အခုမှ ကယောင်ကတမ်း စက်မှုနိုင်ငံ တည်ထောင်မယ် ဆိုပြီး ကကြီခကွေး နိုင်ငံရေး ထအော်တော့
အများသူငါ လှောင်ပြောင်တာ ဘာဆန်းလဲဗျာ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမေရိကန်တွေနဲ့
မျက်နှာချင်းဆိုင်တွေ့ဆုံပြီးဆွေးနွေးသင့်ပါတယ်။ အခုလိုမျိုး stayရှောင်မနေသင့်ပါ။
နိုင်ငံခေါင်းဆောင်လုပ်နေပြီး
သရဲဘောမကြောင်သင့်ပါ။
အမေရိကန်တွေနဲ့အဆင်ပြေမယ်ဆိုရင် တ
ိုင်းပြည် အတွက်ပိုပြီးကောင်းပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်မျက်နှာချင်းဆိုင်တွေ့တော့
စီးပွားရေးပိတ်ဆို့ထားတာတွေဆွေးနွေးနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကစီးပွားရေး
ပိတ်ဆို့ထားတာမဟုတ်ပါ။ အမေရိကန်တွေပိတ်ဆို့ထားတာဖြစ်ပါတယ်။
အခုအမေရိကန်တွေရောက်လာမှရှောင်နေတာမျိုး မလုပ်သင့်ပါဘူး။
တိုင်းပြည်နဲ့ပြည်သူလူထုနစ်နာပါတယ်။
Hey 2nd comment Anonymous Bo crazy yay,
Don't talk too much. Our ppl has been given times for more than 40 yrs after our country got independence. But still the poorest country in the world. If our country is in developing situation, no ppl need to go out and work in other countries. Now almost all the young ppl (men,women) need to go other countries to work for better life.
1. Our country don't have electricity for everday lives. no welfare for the ppl except for millitary ppl.
2. Most of the ppl suffer especially when they are abroad.
3. No coutntry has been taken tax from their ppl. But our millitary gov (nobody elected, they sized power by gun, bully ppl, not allow ppl to speak, if against with them put in prison, totured and killed. they celebrate only their tatma taw celebration) takes money from everyboday as taxzation from all over the world from their ppl. We don't know where those money goes. But very sure our ppl don't have basic needs as electriciy and water. And out of it education became worse and worse. Except they give education only to army generation (like you getting benefit from it from ppl money).
4. Then think properly. Don't make so called nonsens write on the blog and blame others as your STUPID THEN SHWE AND FOLLWERS LIKE YOU ARE DOING. NOTHING GOOD FOR THE COUNTRY. Except sucking blood and money from the ppl of our country. But RETRIBUTION WILL COME. WE WILL ALL MAKE YOU ALL SUFFER as WE ALL SUFFER NOW.
5. REMEMBER all are human being. They all want equal rights and nobody likes ppl having chance above the law.
fisrt comment! Well said...
second comment! STFU....
Post a Comment