Monday 18 January 2010

ဂူးဂဲလ်ကိုအမေရိကန်ကထောက်ခံ၊ချိုးဖေါက်မှုနောက်ကွယ်တွင်တရုတ်ကကြိုးကိုင်ကြောင်းသက်သေရှိ



အင်တာနက်အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို လျှို့ဝှက်စနဲနာလေ့ရှိကြောင်း အသစ်တဖန် ပေါ်ပေါက်လာသော သက်သေသာဓကများကြောင့် ကမ္ဘာ့အကြီးဆုံးနိုင်ငံတခုဖြစ်သော တရုတ်မှ မိမိ၏ စီးပွါးရေးလုပ်ငန်းကို ရုပ်သိမ်းပါတော့မည်ဟု ဂူးဂဲလ်က ခြိမ်းချောက်လိုက်ပြီးနောက် အမေရိကန်အစိုးရက လာမည့်သီတင်းပတ်တွင် တရုတ်အား ကန့်ကွက်သည့်အနေနှင့် တရားဝင် တိုင်ချက်ဖွင့်မည်ဖြစ်ကြောင်း သောကြာနေ့က ပြောကြားလိုက်ပါသည်။

အမေရိကန် စီးပွါးရေးလုပ်ငန်းကိုင်ငန်းနှင့် တရုတ်လူ့အခွင့်ရေး သမားများအားပစ်မှတ်ထား တိုက်ခိုက်မှု ကြောင့် တရုတ်အစိုးရ၏ရှင်းလင်းထုတ်ပြန်မှုကို အမေရိကန်နိုင်ငံခြားရေးဌာနမှ တောင်းဆိုမည်ဖြစ်ပြီး ဂူးဂဲလ်၏ရပ်တည်ချက်ကိုလည်း အိမ်ဖြူတော် က ထောက်ခံပါကြောင်း ကမ်းလှမ်းလိုက်သည်။

ယင်းတိုက်ခိုက်မှု၏ နောက်ကွယ်တွင် အမိန့်ပေးထိန်းကွပ်မှုစနစ်ဟူသော (server)ကွန်ပြူတာမှ လုပ်ဆောင်မှု ရှိနေကြောင်း သုတေသီတို့က ဖေါ်ထုတ်လိုက်ပြီးနောက် ပစ်မှတ်ထားခံလိုက်ရသော အမေရိကန်ကုမ္ပဏီ ၃၀ ထက်မနဲတို့ က သောကြာနေ့ တွင် အဆိုပါလုပ်ရပ်အပေါ်မကျေမချမ်းဖြစ်လာကာ တာဝန်မကင်းသော တရုတ်အစိုးရအပေါ် ၀ိုင်း၍လက်ညိုးထိုးခဲ့ကြသည်။

(Verisign iDefense labs)မှ အင်တာနက်လုံခြုံရေးကျွမ်းကျင်သူ တို့က မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ယင်းတရားမ၀င် နှိုက်ချွတ်မှု၊ခိုးယူမှု သည် တဦးတယောက်က အခြားတယောက်အတွက် ကိုယ်စားပြု ဆောင်ရွက်ခြင်း(သို့) တရုတ်ပြည်သူ့သမတနိုင်ငံ၏ ထောက်လှမ်းရေးအရာရှိတဦးဦးက တိုက်ရိုက်စေလွတ်မှု သာဖြစ်ကြောင်းထုတ်ပြောခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျန် ဟန်းတ်မင့် က အမေရိကန်အစိုးရကွန်ပြူတာတွေကို တရုတ်အခြေစိုက်မှ နေပြီး ၀င်ရောက်အနှောက်အယှက်ပေးနေတာဟာဖြင့် ကာလအတန်ကြာကတဲက ဖြစ်နေခဲ့တာဖြစ်ပါကြောင်း သောကြာနေ့ ကပြောသည်။

နိုဝင်ဘာလ ၁၅ရက်၊၂၀၁၀။(တိုက်ရိုက်မြန်မာပြန်)
Source: The Daily Finance

No comments :