Saturday, 15 January 2011

ပြန်ပေးဆွဲခံရသည့် တောင်ကိုရီးယားသင်္ဘောတွင် မြန်မာသင်္ဘောသား ၁၁ ယောက် ပါ


SAMHO JEWELRY သင်္ဘောသားများ၏ သက်ဆိုင်ရာ မိသားစု များအား အကြောင်းကြားပေးကြပါ။

-WFWW-

တန်ချိန် ၁ သောင်းလေးပြီး ဓာတုဗေဒ ပစ္စည်းများ တင်ဆောင်လာတဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘော Samho Jewelry ဟာ ယူအေအီးနိုင်ငံက နေ သိရိင်္လာကာ သို့ ဦးတည် အသွား အိုမန် နှင့် အိန္ဒိယ နိုင်ငံအကြား မှာ စနေ နေ့ က ဆိုမားလီး ပင်လယ်ဓားပြများရဲ့ ပြန်ပေးဆွဲခြင်းခံခဲ့ ရတယ်လို့ ဆိုးလ်မြို့ရှိ တောင်ကိုရီးယား နိုင်ငံခြားရေးဌာန က အတည်ပြုပြောဆို ခဲ့ပါတယ်။ ဒီ သင်္ဘောပေါ်မှာ တောင်ကိုရီးယား သင်္ဘောသား ၈ ယောက်၊ အင်ဒိုနီးရှား ၂ ယောက် နှင့် မြန်မာ သင်္ဘောသား ၁၁ ယောက် ပါရှိတယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက သတင်းထဲမှာ ဖော်ပြပါရှိသည်။ သင်္ဘောကို ဘယ်နေရာကို ခေါ်ဆောင်သွားတယ် ဆိုတာ ကို တော့ အတိအကျ မသိရှိရသေးဘူးလို့ ယင်း သတင်းထဲမှာ ဖော်ပြထားပါသည်။

ဒီ ဆမ်ဟို သင်္ဘောကုမ္ပဏီ ပိုင် အခြား တန်ချိန် ၃ သောင်းကျော် လေးတဲ့ Samho Dream ကုန်တင်သင်္ဘော ဟာ လွန်ခဲ့တဲ့ နှစ်လက ဆိုမားလီး ပင်လယ်ဓားပြများ က ၇ လ ကြာ ပြန်ပေးဆွဲထားခြင်းက ပြန်လည် လွတ်ပေးလိုက်ခြင်း ခံခဲ့ရတယ်။ ဒီလိုလွတ်ပေးဖို့အတွက် ပင်လယ်ဓားပြများကို အရေိကန် ဒေါ်လာ ၉ သန်း ရဟတ်ယာဉ်ပေါ်က ချပေးလိုက်ခဲ့ရတယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။ အဲဒီတုန်းက သင်္ဘောပေါ်မှာ တောင်ကိုရီးယားနိုင်ငံသား သင်္ဘောသား ၅ ဦး နှင့် ဖိလစ်ပိုင်နိုင်ငံသား ၁၉ ဦးတို့ လိုက်ပါလာခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။

ဆိုမားလီးပင်လယ်ကမ်းခြေ အနီးတ၀ိုက်တွင် ပင်လယ်ဓားပြများရဲ့ ပြန်ပေးဆွဲမှုများကြောင့် နိုင်ငံတကာ စစ်သင်္ဘောများက စောင့်ကြည့် ကင်းလှည့်နေကြပေမဲ့၊ ကုန်တင်သင်္ဘောများအား ပင်လယ်ဓားပြများ က ပြန်ပေးဆွဲနေမှုကို ရပ်တန့်သွားအောင် ထိရောက်စွာ မနှိမ်နင်း နိုင်ကြသေးပါဘူး။

SAMHO JEWELRY:  Vessel's Details

Ship Type: Tanker

Year Built: 2001

Length x Breadth: 146 m X 24 m

DeadWeight: 19924 t

Speed recorded (Max / Average): 14.9 / 14.9 knots

Flag: Malta [MT]

Call Sign: 9HHF9

IMO: 9249594, MMSI: 256981000

No comments :