Friday, 22 July 2011

ငွေမျက်နှာကြည့်တဲ့ ပညာရေးကြောင့် စစ်ကိုင်းတိုင်းက ကျောင်းသားတွေ အခက်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှ ကျောင်းသားကျောင်းသူများသည် ဒသမတန်းအောင်မြင်ပြီး သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ တက်ရောက်ကျရာတွင် စစ်ကိုင်း ကျောင်းသူကျောင်းသားများအနေဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ ...
တက္ကသိုလ်များသို့ တက်ရောက်ကြရပါက ကုန်ကျစရိတ် များပြားပါသည်။


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များသို့တက်ရောက်ပါက မိမိနေအိမ်မှ ကျောင်းတတ်နိုင်သဖြင့် ကလေး မိဘများအနေဖြင့် ကလေးများကို မန္တလေးတွင်သာ ကျောင်းထားချင်ကြပါသည်။ ထိုကြောင့် စစ်ကိုင်းကျောင်းသား ကျောင်းသူများအနေဖြင့် န၀မတန်အောင်မြင်သည်နှင့် မန္တလေးတိုင်းဒေသကီးအတွင်းရှိ ရွှေကြက်ယက်တွဲဖက် အထက၊ ရေကြည်ပေါက် အထက၊ ချောင်းခွ အထက ကျောင်းအသီးသီးသို့ ပြောင်းရွှေ့ တက်ကြပါသည်။

ပြောင်းရွှေ့စဉ်တွင် ကျောင်းအုပ်ဆကီးများအား ရံပုံငွေအဖြစ် တသိန်းတသောင်းခုနှစ်ထောင် ပေးရပါသည်။ ထိုစဉ်က ကျောင်းအပြောင်းအရွှလက်ခံပီး ကျောင်းသားကျောင်းသူများ ကျောင်းတတ်ကြပါသည်။

ကျောင်းတတ်နေစဉ် ၁၅.၇.၂၀၁၁ နေ့တွင် ကျောင်းအစည်းအဝေးခေါ်ယူပြီး ကျောင်းတွင်တက်ချင်ပါလျှင် တက်နိုင်ပါ သည် မဟုတ်ပါက မိခင်ကျောင်းသိုပြောင်းနိုင်ပါသည်ဟု မန္တလေးပညာရေးရုံမှ အစည်းအဝေခေါ်ယူပြီး လက်မှတ် ထိုးခိုင်းပါသည်။ ကျောင်းသားများအတွက် မနှစ်နာစေရန်လိုပြောပြီး နောက်နေ့တွင် ကျောင်းမှာလက်မနခံနိုင်ပါသဖြင်မိခင်ကျောင်းသိုပြောင်းပါဟု ပညာရေးမှူးအမိန်းဖြင့် ကလေးများအား မဖြစ်မနေပြောင်းခိုင်းပါသည

မန္တလေး ပညာရေးရုံးအနေဖြင့် ရွှေကြက်ယက်ကျောင်းမှ ကလေးများအား မိခင်ကျောင်းသို့ ပြန်ခိုင်းသော်လည်း တခြား ကျောင်းများအား ပိုက်ဆံ ၄ သိန်းယူပီး ကျောင်းမတတ်ရဘဲ ခွင့်ပြုထားပါသည်။ ကျောင်းမတတ်ရသော ကျောင်းသား ကျောင်းသူများမှာ စစ်ကိုင်းမြိုမှ ခေါ်သင်းသင်းခိုင်း စာသင်ဝိုင်းနှင့် GEC စာသင်ဝိုင်းတို့ ဖြစ်ပါသည်။ ကလေးအားလုံး အတွက် မျှတစွာဆုံးဖြတ်ပေးကြပါရန်။ ကလေးများအတွက် မတရားသောလုပ်ရပ် ဖြစ်နေပါသောကြောင်အားလုံးကို အသိပေးရခြင်း ဖြစ်ပါသည်
စစ်ကိုင်းမြို့ ကျောင်းသားမိဘ တဦး

No comments :