Saturday 5 November 2011
တရုတ်က မဟာသီယာ ကို မြန်မာ သို့ စေလွှတ်ခိုင်း - MOU ကိုလိုက်နာခိုင်း ခြင်း
 မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က တရုပ်နိင်ငံက အကူညီတောင်းတဲ့အတွက် 
မြန်မာ နိင်ငံကိုလာရောက်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အဓိကကတော့ဦးသိန်းစိန်အစိုးရက 
ရေကာတာကိုရပ်လိုက်တာကိုတရုပ်တွေ စိတ်ဆိုးတယ်။ ဒီအတွက် ဦးသန်းရွှေက နေတဆင့်ပြန်ဝင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ တရုပ်ပြည်က နေပေးလိုက်တဲ့ 
သတင်းစကား   ကတော့ နိင်ငံတကာ သဘောတူညီမှုစာချုပ် ( Memorandum of Understanding) ကို မြန်မာ အနေနဲ့ လိုက်နာဖို့  မဟာသီယာကနေ ပြောခိုင်းလိုက်တာလို့ သိရပါတယ်။ 
  ရေကာတာကို တဖက်သတ်ရပ်လိုက်တဲ့ ဦးသိန်းစိန်ကို တရုပ်က အတော့ကိုစိတ်ဆိုးနေပါတယ်။ 
တရုပ်ပြည်ကို လျောကြေး ၂ဒသမ ၂ ဘီလီယံ ကို ပြန်ပေးဖို့ သူက လာပြောတာဖြစ်ပါတယ်။ 
မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် က သန်းရွှေနဲ့ တွေ့ စဉ်မှာ အမေရိကန်နိင်ငံဟာ 
မကြာခင်ပြိုလဲတော့မယ်လို့  ပြောဆိုသွားပါတယ်။  ဒါက အထီးကျန်ဖြစ်နေတဲ့မြန်မာ စစ်အစိုးရကို သွယ်
ဝိုက်ပြီး သတိပေးသွားတာပါ။  မြန်မာ ရဲ့  တရုပ်ဖက် ကနေ ခွာ- အမေရိကန်ကို မျော်ကြည့်လာတဲ့ ပေါ်
လစီကို မကျင့်သုံးဖို့  သန်းရွှေနဲ့ တွေ့ စဉ်မှာ  တွင်တွင်ပြောနေတယ်လို့  ဆိုတယ်။
သူဟာ
လွန်ခဲ့တဲ့ အနစ်၂၀ ခန့်  ( ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျနေစဉ်) က ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာနိင်ငံကိုမအုပ်ချုပ်နိင်ကြောင်း စစ်တပ်မှသာ မြန်မာနိင်ငံကိုအုပ်ချုပ်နိင်
သူက အနောက်တိုင်းဆန်ကျင်ရေးအမြင်ရှိတယ်။ စစ်အစိုးရနဲ့ ပူးပေါင်းရေးဟာသူရဲ့  အခြေခံရပ်တည်ချက်ဖြစ်တယ်။ ဒီတရားတွေကိုပဲဒေါ်အောင်ဆန်းစုကြည်ကို ဟောသွားတယ်လို့  သိရတယ်။
သူရဲ့  ဒသနိကအမြင်တွေကတော  ( Universal Human-Rights)  လူအခွင့်အရေး စံနှုန်းတွေက  အနောက်တိုင်း သားတွေရဲ့ အယူဆ၊   လူထုကိုဖိနိပ်တဲ့အယူဆတခုဖြစ်တဲ့ အာရှတန်ဖိုး ( Asian Value) ကို 
တွင်တွင်အော်နေသူဖြစ်တယ်။  ဒီမိုကရေစီနဲ့ လူအခွင့်အရေးဆိုတာ အာရှတိုက်ရဲ့ ဘာသာရေးယဉ်ကျေးမှုတွေနဲ့ မကိုက်ညီဘူး၊ စီးပွားရေးဖွင့်ဖြိုးမှု ကသာ လူအဖွဲ့ စည်းမှာအရေးကြီးဆုံး နိင်ငံရေးလွတ်လပ်ခွင့်တွေက နိင်ငံတော်တည်ငြိမ်မှုကို နှောက်ယှက်တယ် ဆိုတဲ့အယူဆကို လက်ကိုင်ထားသူဖြစ်ပါတယ်။ 
သူမြန်မာပြည်ကိုလာတာဟာ လာခြင်းကောင်းတဲ့မိတ်ဆွေမဟုတ်ပါကြောင်း။ 
6 comments :
Anonymous said...
ဟုတ်တယ် ဒီဖာသယ်မသားလာတာ တကယ်ကိုမကောင်းတာ မလေးရှားမှာ cronyism လို့ခေါ်တဲ့အစေးကပ်တဲ့လူကောင်းစားရေး nepotism လို့ခေါ်တဲ့ဆွေမျိုးကောင်းစားရေးမျိုးစေ့ချ ပေးခဲ့သူအဖြစ်မလေးရှားဘလော့တွေမှာနေ့တိုင်း အဆဲခံနေရတဲ့ သူတယောက်သာဖြစ်ပါတယ်။ သူ့နိုင်ငံက proton ကားစုတ်တွေထုတ်တဲ့ ကုဏ်ပဏီ ကိုအကာအကွယ်ပေးဘို့ နိုင်ငံခြားက အဆင့်မှီကားတွေ တင်သွင်းခွင့်ကို approval permit (AP) နဲ့ကန့်သတ်ထားပြီးသူနဲ့အစေးကပ်တဲ့ လူတွေကိုသာ AP ပေးထားပါတယ်။ AP ဝယ်ချင်ရင် ရင်းဂစ် 6သောင်းလောက်ပေါက်ပါတယ်။ Euro 3သောင်6းထောင်ကျော် @ ရင်းဂစ် 1သိန်6းသောင်း ကျော်သာ တန်တဲ့ကားတစီး ဘယ်လို 6သိန်းနီးပါး တန်သွားသလဲဆိုတာလေ့လာကြည့်ပါ
Vehicle Type : BMW Model 735iAL/ 2003
Engine Capacity (CC) : 4,999 cc
Purchase Price :Euro 36,277.84 (Euro 36,277.84 x RM4.5562 = RM165,289.09)
Freight : RM1,500.00
Insurance : RM826.45
Customs Value RM165,289.09 + RM1,500.00 + 826.45 = RM167,615.53
Import Duty Customs Value x Import Duty Rate (changes according to Budget)
RM167,615.53 x 200% = RM335,231.06
Excise Duty Customs Value x Excise Duty Rate (chnages according to Budget)
RM167,615.53 x 100 % = RM167,615.53
Sales tax Customs Value + Import Duty + Excise Duty
RM167,615.53 + RM335,231.06 + RM167,615.53 = RM670,462.12
Total RM670,462.12 x 10% = RM67,046.21
Total amount of customs duties to be paid = good bargain, Prices 569,892.80
ဒါ့ကြောင့်ဦးသိန်းစိန်အစိုးရအနေနဲ့ ပြည်သူတွေကို အလေးထားတယ်ဆိုယင် ဒီမဟာသီဆိုတဲ့ ဖာဂေါင်းရဲ့ ချော့လုံး ချောက်လုံးတွေကိုဂရုမစိုက်ဘို့တင်ပြအပ်ပါတယ်။
Anonymous said...
မဟာသီယာ ကမင်းကို အဲဒါတွေ ပြောပြလို့ လား
Anonymous said...
မဟာသီဘာကောင်လဲ??? သူ့နိုင်သားတွေ ဘာပြောနေကြသလဲ???? http://www.malaysia-today.net/mtcolumns/letterssurat/32655-dr-mahathir-the-destroyer-of-malays-and-malaysia
Anonymous said...
ကိုမိုးသီးကသာ အပြင်ကပြောနေတာ..ကြုပ်တို့ လူထုခေါင်းဆောင်ကြီးကတော့ လာသမျှပြုံးပျော်ပြီးတွေ့ နေတာ၊ ဘင်လာဒင်တောင် အသေစောသွားလို့ မဟုတ်လို့ ကအလည်လာရင်တောင်တွေ့ ဦးမှာ ကမ္ဘာ့ အကြမ်းဖက်သမားကို လက်ဆွဲနှုတ်ဆက်နိုင်တယ်ဆိုပြီး ဆုထပ်ရဦးမှာသေခြာတယ်။။
Anonymous said...
Anyway , Myanmars are more poor than Malaysians and they are being slave at Malaysia .So, should we against & -ive comment whatever +ive turn of Myanmar ? What is the possible steps to get economy booming and attractive for foreign investment to our country .Please share your ideas .Are you worrying to loose your rice bowl ? All of sucker exile politicians will be jobless soon .We are very happy to see about united between Daw Su and U Thein Sein.Clap clap !!! Cheers Aunty Su, we think you get right ways and liberated from back stabbing from your teams & the greedy corrupted groups like as NCGUB , Burma Campign UK ...etc .We want to see you in Parliament .So, you can help to all of Myanmars who are working at overseas as slave life.Nowaday, our Myanmars are very poor work life at neighbouring countries such as Thailand, Malaysia and Singapore .We cannot blame to military goverment for this , the main reason is "we are not united "and suck small amount of funds upon our political crisis .We hate lazy exile so called politicians & opportunists.
Anonymous said...
ကျုပ်တို့မြန်မာပြည်ကြီး သကြားမင်း ဆင်းအုပ်ချုပ်လဲ ဒီလိုပဲ သွားနေဦးမှာပါပဲ ... ထစ်ကနဲရှိ ဟိုတိုင်းပြည်လက်ညှိုးထိုး ဒီတိုင်းပြည်လက်ညှိုးထိုး..၀ိုင်းဆဲကြ..သမ္မတကြီးကို ၀န်းရံကြနဲ့...ဒို့ဆင်းရဲတာ ဒင်းတို့ကြောင့်ဆိုပြီး မာန်တွေ ဖီနေလိုက်ကြတာများ ...အမလေး... ဘုန်းကြီးတွေရိုက်သတ် သေနတ်ဒင်နဲ့ထု စစ်ဖိနပ်နဲ့ ကန်ကျောက်အုပ်ချုပ်ခဲ့တဲ့ သူတွေကိုတော့ မှန်ပါ့ဘုရားထူးပြီး မော်တောင်မကြည့်ရဲခဲ့ဘူး...မဟာသွေး မဟာသတ္တိတွေ ... သခိုးပြေးမှ ထိုးကွင်းထလိုက်ကြတဲ့သူတွေ .. ရွာမှာ နတ်ကနားပွဲပေးသလားအောင့်မေ့ရတယ်..